1 y - Translate

ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်းသွင်းဂိုးအများဆုံး စံချိန်ထပ်တင်တဲ့ရာသီ

ယခုတစ်ပတ်ကြားရက် ပရီးမီးယားလိဂ်ပွဲများထဲမှ မန်ယူနိုက်တက်(၄-၂)ရှက်ဖီးယူနိုက်တက်ပွဲတွင် ပွဲချိန်(၄၂)မိနစ်၌ မန်ယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းရားသွင်းယူခဲ့သောဂိုးမှာ ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲ၏ (၁၀၈၅)ဂိုးမြောက်ဂိုးဖြစ်သည်။ယင်းဂိုးအရေအတွက်မှာ တစ်ရာသီလျှင် (၃၈)ပွဲစီကစားရသော ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် တစ်ရာသီအတွင်းသွင်းဂိုးစံချိန်ဖြစ်သော (၁၀၈၄)ဂိုးကို ကျော်လွန်သွားစေခဲ့သည်။ပြီးခဲ့သည့် ဧပြီ(၂၅)ရက်နေ့ ပရီးမီးယားလိဂ်ပွဲစဉ်များအပြီးတွင် ယခုရာသီသွင်းဂိုးစုစုပေါင်း(၁၀၉၆)ဂိုးအထိ ရှိလာခဲ့ပြီး ယမန်နှစ်ရာသီက စံချိန်တင်ထားသည့် (၁၀၈၄)ဂိုးကို (၁၀)ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။လက်ရှိတွင် ယခုရာသီပွဲပေါင်း(၃၃၆)ပွဲကစားထားပြီး နောက်ထပ်(၄၄)ပွဲကစားရန် ကျန်ရှိနေသေးရာ ရာသီကုန်တွင် စံချိန်တင်ဂိုးအရေအတွက် မည်မျှဖြစ်သွားမည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

image
1 y - Youtube

1 y - Translate

Hairstyle ?
Hairstyle 💇‍♀️

Hexen Nami is feeling Lovely
1 y

image
image
image
image
image
1 y - Translate

?
😂

1 y - Translate

Cute ?
Cute 🥰

1 y - Translate

?
Plants

1 y - Translate

Home Decoration
Home Decoration 🏠

1 y - Translate

🏆🏆🏆🏆 Champions League
🏆🏆🏆🏆 Club World Cup
🏆🏆🏆 UEFA Super Cup
🏆🏆🏆 La Liga
🏆🏆 Spanish Super Cup
🏆 Copa del Rey
🏆 World Cup
🏆 Nations League
🏆 Carabao Cup

ဒီနေ့ဟာ ပြင်သစ် နဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဗာရန်းရဲ့ 31 နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ် 🎂🥳

image
1 y - Translate

တောင်ကိုရီးယားမှာမိဘတွေကိုယ်တိုင်က ဘာလို့ပလတ်စတစ်ဆာဂျရီလုပ်ဖို့ တိုက်တွန်းသလဲ

ကမ္ဘာ့နိုင်ငံတွေထဲမှာ တောင်ကိုရီးယားဟာ ပလတ်စတစ်ဆာဂျရီနိုင်ငံလို့ဆိုရပါလိမ့်မယ်။ တောင်ကိုရီးယားမှာ မိဘတွေက သားသမီးကိုမုန့်ဖိုးပေးရင်တောင် ခွဲစိတ်ပြုပြင်ဖို့အတွက်မုန့်ဖိုးပေးကြတာမျိုးရှိပါတယ်။ အထင်ရှားဆုံးကတော့ ကလေးတွေကောလိပ်မတက်ခင် မိဘတွေက မျက်ရစ်ခွဲစိတ်ခိုင်းခြင်းပါပဲ။ မျက်ရစ်ခွဲစိတ်ခြင်းကို လက်ဆောင်တစ်ခုအနေနဲ့ မိဘတွေက ပေးလေ့ရှိကြတာဖြစ်ပါတယ်။ ဒီလိုဘာကြောင့်လုပ်ကြလဲဆိုတာကို ဆိုးလ်မြို့ ဂမ်နမ်ရပ်ကွက်မှာရှိတဲ့ ပလတ်စတစ်ဆာဂျရီဆရာဝန်ကပြောပြခဲ့တာပါ။

“ကလေးတွေ တက္ကသိုလ်ဝင်တန်းအောင်သွားလို့ ကောလိပ်ဆက်တက်မယ်ဆိုရင် မိဘတွေက ဆုချတဲ့အနေနဲ့ မျက်ရစ်ခွဲစိတ်ဖို့ ပိုက်ဆံပေးကြလေ့ရှိပါတယ်။ ကိုရီးယားလူမျိုးအများစုက မျက်ရစ်မရှိပါဘူး။ တကယ်လို့ မပြုံးမရယ်ဘူးဆိုရင် ကြည့်ရတာရုပ်ဆိုး နဂိုကမျက်ရစ်မရှိ မျက်လုံးမှေးမှေးနဲ့ ကိုရီးယားမလေးတွေဟာ မျက်ဝန်းလေးပြူးလာရင်တော့ ပိုလှပလာတယ်လို့ ခံယူကြပါတယ်” လို့ပြောပါတယ်။

အာရှတိုက်သားတွေက တစ်ယောက်နဲ့တစ်ယောက်စတင်မိတ်ဆက်ရာမှာ ကိုယ့်ရဲ့အသွင်အပြင်ဟာ အရေးကြီးတယ်လို့ ခံယူထားကြတာကလည်း ရှေးအစဉ်အဆက်ကတည်းကပါပဲ။ နောက်ပြီးမျက်နှာပြင်မှာ မျက်လုံးက အရေးအကြီးဆုံးအစိတ်အပိုင်းလို့ သတ်မှတ်ထားကြပါသေးတယ်။

“ကိုရီးယားတွေက မျက်လုံးလှပခြင်းကိုအရေးထားတာမို့ မျက်ရစ်ခွဲစိတ်လိုက်ရင် မျက်ဝန်းအိမ်ပိုကျယ်လာပြီး ပိုလှလာတယ်လို့ယူဆကြပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်က ကိုရီးယားနိုင်ငံမှာက ယှဉ်ပြိုင်မှုတွေအရမ်းများတယ်။ အလုပ်တစ်ခုရှာဖွေရင် ရုပ်ရည်လှသူတွေက ပိုအခွင့်အရေးများတယ်။

အလှဆိုတာ လက်နက်တစ်ခုလိုပါပဲ။ အရည်အချင်းသာနေရင်တောင် လှပသူတွေက ဦးစားပေးခံရတယ်။ ဒါကြောင့်လည်း သူတို့တွေအတွက်တော့ ခွဲစိတ်ပြုပြင်ခြင်းဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုအနေနဲ့ ဖြစ်တည်နေတာဖြစ်ပါတယ်” လို့ လက်တွေ့လုပ်ငန်းလုပ်ဆောင်နေတဲ့ပလတ်စတစ်ဆာဂျရီဆရာဝန်က ပြောခဲ့တာဖြစ်ပါတယ်။

သာမန်လူတွေတောင် တစ်ခုမဟုတ်တစ်ခုခွဲစိတ်ပြုပြင်နေကြချိန်မှာ အနုပညာရှင်တွေ မျက်နှာတစ်ခုလုံးခွဲစိတ်ပြုပြင်တာကတော့ သူတို့အတွက်အဆန်းမဟုတ်တော့ပါဘူး။ လှပခြင်းသည်သာ အခရာဖြစ်နေပြီးအားလုံးလိုလိုခွဲစိတ်နေကြတာမို့ ဒီရေစီးကြောင်းကြီးဘယ်လိုပြောင်းလဲသွားမလဲ တခြားသောအာရှနိုင်ငံတွေကိုပါ ဘယ်လောက်ထိမြန်မြန်ဆန်ဆန်ပျံ့နှံ့လာမလဲဆိုတာ သတိထားစောင့်ကြည့်ရမှာပါ။ ခုတောင် ဒီက အနုပညာရှင်တော်တော်များများ ခွဲစိတ်ပြုပြင်မှုတွေကို အေးအေးဆေးဆေးလုပ်နေကြပြီလေနော်။

ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာ ရုပ်ရည်မလှလည်း တကယ်တော်ရင်တတ်ရင် အလုပ်ခန့်တာပဲမို့ တော်သေးတယ်လို့ဆိုရမှာပါနော်။

image