1 y - Translate

ဦးလေး ဒီကျောင်းဆောင် နှစ်ဘယ်လောက်လောက် ရှိပြီလဲ ???
''အနှစ် ၂၀၀ ကျော်၃၀၀ လောက် ရှိပြီထင်တယ် ငါတို့
အဘိုးအဘွား ရဲ့ အဘိူးတွေ လက်ထက်မတိုင်ခင်ကထဲက ရှိခဲ့တာ ဘယ်သူမှ အတိအကျမသိဘူး ''
(ပြောပြတဲ့သူက အသက် ၆၀ ကျော် ရှမ်းအဘိုးကြီး)

ခုတော့ ဒီကျောင်းဆောင်က အပေါ်ထည် သစ်သား ကျောင်းကိုဖျက်ပြီး အောက်ခြေဘေး ပတ်လည်ကနေ ကွန်ကရစ်နဲ့ ငုံပြီး အပေါ်ထည်ကို RC နဲ့ ပြန်ဆောက်မလိူ့တဲ့ လမ်းဗိုလ်ကြည့်ပေးပါဦး တွက်ပေးပါဦးဆိုလို့သွားကြည့်တာ ခုပုံမှာ မြင်ရတဲ့ အတိုင်းရှေးလက်ရာ (ဘာပညာလည်းတော့ မသိ ) ဖောင်းကြွ လို ပန်းချီကားတွေ နှမျောဘို့ကောင်းတယ်ဗျာ။

ထုတ် ယောက် ဒိုင်း မြှား သံတစ်ချက်မှမပါ အကုန်ဖောက်စွပ်တွေချည်း မဖျက်ပဲ ခုတိုင်းကို မပျက်အောင် ထိန်းသိမ်းသင့်တယ်လို့ ယူဆမိပါတယ်။

ရွာသားတွေက ဖျက်မယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲလေ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် ဝမ်ဖြစ်ကျေးရွာဘုန်းကြီးကျောငိးမှာပါ ခင်ဗျာ။

image
1 y - Translate

ဦးလေး ဒီကျောင်းဆောင် နှစ်ဘယ်လောက်လောက် ရှိပြီလဲ ???
''အနှစ် ၂၀၀ ကျော်၃၀၀ လောက် ရှိပြီထင်တယ် ငါတို့
အဘိုးအဘွား ရဲ့ အဘိူးတွေ လက်ထက်မတိုင်ခင်ကထဲက ရှိခဲ့တာ ဘယ်သူမှ အတိအကျမသိဘူး ''
(ပြောပြတဲ့သူက အသက် ၆၀ ကျော် ရှမ်းအဘိုးကြီး)

ခုတော့ ဒီကျောင်းဆောင်က အပေါ်ထည် သစ်သား ကျောင်းကိုဖျက်ပြီး အောက်ခြေဘေး ပတ်လည်ကနေ ကွန်ကရစ်နဲ့ ငုံပြီး အပေါ်ထည်ကို RC နဲ့ ပြန်ဆောက်မလိူ့တဲ့ လမ်းဗိုလ်ကြည့်ပေးပါဦး တွက်ပေးပါဦးဆိုလို့သွားကြည့်တာ ခုပုံမှာ မြင်ရတဲ့ အတိုင်းရှေးလက်ရာ (ဘာပညာလည်းတော့ မသိ ) ဖောင်းကြွ လို ပန်းချီကားတွေ နှမျောဘို့ကောင်းတယ်ဗျာ။

ထုတ် ယောက် ဒိုင်း မြှား သံတစ်ချက်မှမပါ အကုန်ဖောက်စွပ်တွေချည်း မဖျက်ပဲ ခုတိုင်းကို မပျက်အောင် ထိန်းသိမ်းသင့်တယ်လို့ ယူဆမိပါတယ်။

ရွာသားတွေက ဖျက်မယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲလေ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် ဝမ်ဖြစ်ကျေးရွာဘုန်းကြီးကျောငိးမှာပါ ခင်ဗျာ။

image
image
image
1 y - Translate

ပရီးမီးယားလိဂ်မှာ ပွဲ(၅၀)%ကို Clean Sheet ရယူနိုင်ခဲ့တဲ့ စပိန်ဂိုးသမား ရိုင်ယာ

အာဆင်နယ်အသင်း၏ စပိန်ဂိုးသမား ဒါးဗစ် ရိုင်ယာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သူပါဝင်ကစားသောပွဲများ၏ ထက်ဝက်အရေအတွက်ကို ဂိုးမပေးခဲ့ရဘဲ Clean Sheet များ ရယူနိုင်ခဲ့သည်။ ပြီးခဲသည့် လန်ဒန်ဒါဘီအဖြစ် ချယ်လ်ဆီးနဲ့ ကစားခဲ့သည့် ပွဲစဉ်တွင် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ရိုင်ယာ၏ (၂၈)ပွဲမြောက် ပရီးမီးယားလိဂ်ပွဲဖြစ်ပြီး ယင်းပွဲ၌ (၁၄)ပွဲမြောက်ပရီးမီးယားလိဂ် Clean Sheet ကို ရယူနိုင်ခဲ့သည်။ရိုင်ယာအနေဖြင့် အာဆင်နယ်အသင်းအတွက် သူပါဝင်ကစားသော ပရီးမီးယားလိဂ်ပွဲ(၅၀)% ကို ဂိုးမပေးခဲ့ရဘဲ Clean Sheet များ ရယူနိုင်ခဲ့သလို၊ လက်ရှိရာသီ ပရီးမီးယားလိဂ် Clean Sheet အများဆုံးဂိုးသမားအဖြစ်လည်း ထိပ်ဆုံးတွင်ဦးဆောင်ကာ ရာသီကုန်တွင် ရွှေလက်အိတ်ဆုရရှိရန် ရေပန်းစားနေသည်။ပြီးခဲ့သည့်ရာသီက ရွှေလက်အိတ်ဆုရယူခဲ့သည့် မန်ယူနိုက်တက်ဂိုးသမား ဒီဟေးယားမှာ Clean Sheet (၁၇)ပွဲအထိရယူနိုင်ခဲ့သည်။ရွှေလက်အိတ်ဆုရယူခဲ့သည့်ဂိုးသမားများထဲတွင် Clean Sheet စံချိန်တင်ရယူခဲ့သူမှာ ၂၀၀၄-၀၅ ရာသီက ဆွတ်ခူးခဲ့သည့် ချယ်လ်ဆီးဂိုးသမား ပီတာချက်ဖြစ်ပြီး Clean Sheet(၂၄)ပွဲအထိ ရယူနိုင်ခဲ့သည်။

image
1 y - Translate

လူ့အသံ ကို ဖမ်းယူပြီး
ပြန်လည် နားထောင် လို့ ရတဲ့
စက် ကို တီထွင်မယ် လို့
အက်ဒီဆင် က ပြောတဲ့အခါ
ဒီကောင် ရူးသွားပြီ ဆိုပြီး ဆေးရုံ တင်ဖို့
လုပ်ကြသတဲ့ ...
လေတိုက် လည်း မငြိမ်း ပဲ
လင်းမြဲ လင်း နေတဲ့ လျှပ်စစ်မီးသီး ဆိုတာကို
လုပ်မယ် ဆိုတုန်းကလည်း
ရေနံဆီ မီးခွက်နဲ့ နေ နေကြ လူတွေက
မိန့်မိန့် ကြီး နဲ့ ပြုံး ခဲ့ ကြတာပါ ...
ဟင်နရီဖိုဒ့် ဆိုတဲ့ကောင်လေး ဟာ
မြင်း ဆွဲတဲ့ လှည်း တွေ မှာ
မြင်း မလို ပဲ စက် ကို ထည့်မယ်
သစ်သား ဘီးတွေအစား ရာဘာ သုံးမယ်
ဒီအတွက် တမြို့ နဲ့ တမြို့ကို
အမြဲတမ်း လမ်း မ တွေ ဖောက် ရမယ် လို့
ဆို တော့ သာမန်လူတွေ မဆိုထား နဲ့
အဲဒီတုန်း က အစိုးရ လူကြီးမင်း တွေကတောင်
ဒါဟာ မဖြစ်နိုင်ဘူး ဆိုပြီး စိတ်မဝင်စားခဲ့ပါ...
ပိတ်ကား ကြီး တွေ မှာ ပေါ်တဲ့
ရုပ်ရှင်ပြစက် တွေ ခေတ်စား နေတဲ့အချိန်မှာ
လူ တယောက်က ( ဂျာမနီ က )
အခု မိတ်ဆွေတို့ ကြည့်နေတဲ့
TV ဖန်သားပြင် ကို တီထွင်မယ် ဆို လေတော့
အရင်းနှီး ဆုံး မိတ်ဆွေ က တောင်
အောက်ပါအတိုင်း ရက်ရက်စက်စက် ဆိုတယ် ..
" မင်းရဲ့ လေးထောင့် သေတ္တာ လေးကို
ဘယ်သူက စိတ်ဝင်တစား ကြည့် နေမှာလဲ " တဲ့
----------
လူတွေ ဆိုတာ လူတွေပဲ ဖြစ်ပါတယ် ...
ဖော်ပြထားတဲ့ အဖြစ်မျိုးတွေမှာ လူ တွေကို
အပြစ် တင် မဲ့ စိတ် သင့်မှာ ဖြစ်ပေါ်
ခဲ့ရင် ချက်ချင်းပဲ ဖျောက် လိုက်ပါ ...
ကျနော်တို့ဟာ
ကျနော်တို့ နားလည် လက်ခံနိုင်တဲ့
ဘောင်အတွင်း က နေပြီး
ရုန်းမထွက် နိုင် ကြ ပါဘူး ...
ကျနော် တို့က
ကျနော်တို့ နားလည် နိုင်တာနဲ့ပဲ
နှိုင်းယှဉ် ပြီး ဒါဟာ ဟုတ်တယ်
ဒါဟာ တော့ မဖြစ်နိုင်ဘူး လို့ပဲ
တတ်နိုင် ကြတာ မဟုတ်ပါလား ...
----------
အိုင်းစတိုင်း က
e= mc 2 ဟာ
သာမန် bomb ထက်
အဆ သိန်းသန်းချီပြီး ပြင်းထန် မယ် လို့
ဆိုတဲ့အခါ အစပထမ မှာ တော့
ပညာရှင်တွေကပါ မယုံကြည် နိုင်
ဖြစ်ခဲ့ကြရတာပါ...
နေ ( the sun ) ရဲ့ သက်တမ်းဟာ
နှစ်ပေါင်း ၄.၅ ဘီလီယံ ကျော် ပါပြီ တဲ့ ...
နှစ် သန်းပေါင်း ၄၅၀၀ ကျော် ပြီလို့
ပြောတာပါ ...
ဒီလို ရှည်လျားလှတဲ့ ကာလ ကြီး
တလျောက် အတွက် သူ့ရဲ့ လောင်စာ
ဟာ ဘာဖြစ်လို့ လုံလောက် နေတာပါလဲ...
အရွယ်အစား ကြီး လို့ များလား
ထင် မယ်ဆိုရင် သင်ဟာ နူကလီးယား
ဓါတ်ပြု ခြင်း ဆိုတာကို နည်းနည်းလေး ဖြစ်ဖြစ်
သဘောပေါက်မှ နားလည် နိုင်မှာပါ...
----------
နောက်ဆုံးတော့
ကောင်းကင်ကို သင် မော့ကြည့်လိုက်ပါ ...
အဆုံးအစ မရှိ ဘူး မဟုတ်ပါလား ...
ကျနော်တို့ဟာ
နိုးထရင်း ဖျတ်လတ်ရင်း မျက်ဝါးထင်ထင်
ရှင်သန် နေရင်း နဲ့ကို အိပ်မက်ကမ္ဘာ ထဲမှာ
နေ ထိုင် ရသလို ဖြစ် နေ တာ ...
----------
Credit

image
1 y - Translate

Taken - ချစ်သူရှိဖို့လည်း မကြိုးစားပါနဲ့။
Single - တစ်ကိုယ်တည်းနေဖို့လည်း မကြိုးစားပါနဲ့။
Enjoy Life ဖြစ်ဖို့သာ ကြိုးစားပါ။
Enjoy Life ဖြစ်နေရင် ရပါပြီ။

ဆိုလိုချင်တာကတော့
ကိုယ်ဟာ ဘယ်လိုအခြေအနေမှာပဲရှိရှိ
ဘဝမှာ နေပျော်နေဖို့သာ လိုအပ်တယ် ဆိုတာပါပဲ။

ရည်းစားမရှိတဲ့ Single တစ်ဦးက
ရည်းစားရဖို့ ကြိုးစားနေစရာ မလိုပါဘူး။
တစ်ကိုယ်တည်းဘဝကို
အကောင်းဆုံး၊ အလှပဆုံး၊ အအောင်မြင်ဆုံး
ဖြတ်သန်းနိုင်ပါတယ်။
ချစ်ရတဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့
အထီးမကျန် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါတယ်။
ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့
လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်ပါတယ်။

တစ်ကိုယ်တည်းနေတဲ့ Single တစ်ဦးဟာလည်း
Single ဘဝမှာ ပျော်နေတယ်ဆိုတိုင်း
ကိုယ့်ဆီရောက်လာတဲ့ အချစ်ရေးတိုင်းကို
ငြင်းပယ်နေစရာ မလိုပါဘူး။
ဒီလူကို ကိုယ်က ချစ်နိုင်တယ်ဆိုရင်
သူက ကိုယ့်အပေါ် ကောင်းနေတယ်ဆိုရင်
စမ်းတွဲကြည့်တာမျိုး ဖြစ်ခွင့်ရှိပါတယ်။
ကိုယ်က လုံးဝကို ချစ်သူမထားချင်တာဆိုရင်လည်း
ကြိုက်သလောက် ငြင်းပယ်ခွင့် ရှိပါတယ်။

ရည်းစားရှိပြီးသား Taken တစ်ဦးကတော့
ကိုယ့်ရည်းစားကြောင့် ပျော်ရွှင်ရဖို့ လိုပါတယ်။
တစ်ယောက်တည်းလည်း
အဆင်ပြေရမယ်၊ ပျော်ရွှင်ရမယ်၊ အောင်မြင်ရမယ်။
နှစ်ယောက်ဆိုရင်
ပိုအဆင်ပြေရမယ်၊ ပိုပျော်ရွှင်ရမယ်၊ ပိုအောင်မြင်ရမယ်။

ဒါပေမယ့်
ကိုယ့်အပေါ် မကောင်းတော့တဲ့ ရည်းစား
ကိုယ့်အပေါ် မချစ်တော့တဲ့ ရည်းစားကို
ကိုယ်က တွယ်ကပ်နေရင်း
ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေနဲ့ ကောင်းသော energy တွေကို
ဖြုန်းတီးနေလို့လည်း မရပါဘူး။
စွန့်လွှတ်သင့်တဲ့သူကို စွန့်လွှတ်ရပါမယ်။

အများကြီး မတွေးပါနဲ့။
လက်ရှိ ကိုယ့်ရဲ့ status ကို
ကိုယ်ကျေနပ်နေလား
ကိုယ်ပျော်ရွှင်ရသလား
ဒါပဲစဉ်းစားပေးပါ။

ကျေနပ်နေရတယ်၊ ပျော်ရွှင်နေရတယ် ဆိုရင်
Enjoy Life ဖြစ်တာပါပဲ။

Single ဖြစ်စေ၊ Taken ဖြစ်စေ၊
ကိုယ့်ဘဝကို ကိုယ်သာ ပိုင်ပါစေနော်။

image
1 y - Translate

Exhuma ထဲက ဂုတ်ဝဲနဲ့မြွေက ဘယ်သူလဲ ဘယ်ကလဲ မေးနေကြတာတွေ့လို့😅

image
1 y - Translate

Hot Weather
၂၀၂၄ ဧပြီလ ၂၇ရက်နေ့ ၂၈ရက်နေ့တွေမှာ မြန်မာနိုင်ငံ
အပူလှိုင်းသက်ရောက်နိုင်ပါတယ်
accuweather
issued time
24/04/2024 12:50am(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚

Credit

image

စည်းနဲ့ဝါးဆိုတာ အဲ့လိုကိုက်နေရမယ်?

1 y - Translate

၂၀၀၇ ခုနှစ်ဆိုတာ ဘောလုံးလောကရဲ့အကူးအပြောင်းကာလလို့ ပြောရမလားပဲ။ မြက်ခင်းစိမ်းတွေပေါ်မှာ ဩဇာသက်ရောက်မှု အတော်လေး ကြီးမားခဲ့တဲ့ ဂန္တဝင် ကတုံးကြီး ဇီးဒန်းက အနားယူသွားခဲ့ပြီ။ ရော်နယ်ဒို (ဒိုကြီး) တို့၊ ရော်နယ်ဒင်ညိုတို့က
လည်း အသက် ၃၀ ထဲဝင်လာကြပြီဖြစ်သလို၊ ဘရာဇီးလ်သားတွေရဲ့ထုံးစံအတိုင်း အောင်မြင်လာတဲ့နောက်ပိုင်းမှာ ဘောလုံးကို ကောင်းကောင်းမကန်ကြတော့ဘူး။
လူးဝစ်ဖီဂိုတို့၊ ရီဗယ်ဒိုတို့ဆိုတာလည်း အသက် ၃၅ ကျော်လာကြလို့ ခြေစွမ်းတွေက ထိုးကျနေပြီ။ ဆိုလိုတာက ဘောလုံးလောကအတွက် သွေးသစ်လောင်းပေးမဲ့ ပါရမီရှင်လူငယ်ခြေတက် ကစားသမားတွေ လိုအပ်နေချိန်ပေါ့။
အဲ့တုန်းက ခရစ်စတီယာနို ရော်နယ်ဒို၊ ဆံရှည်မက်ဆီတို့ဆိုတာလည်း တော-က်မဲ့မီးခဲ အရှိန်တရဲရဲ အဆင့်မှာပဲ ရှိနေသေးတယ်။ ဒီလိုနဲ့ စင်မြင့်ထက်ကိုရောက်လာတဲ့သူက ကာကာ။
ဘောလုံးသမားတစ်ယောက်ရဲ့ဥပဓိရုပ်မျိုး လုံးဝမရှိပဲ ပျိုမဒီတွေ အသဲစွဲ မင်းသားတစ်ယောက်ရဲ့ရုပ်ရည်မျိုးနဲ့ ဘရာဇီးလ်ကစားသမားတစ်ယောက်က အေစီမီလန်ကိုရောက်လာတော့ ပုရိသတွေတင်မကပဲ ဘဲလေးတွေရော၊ ဘဲကြီးတွေပါ စတင်သတိထားမိခဲ့ကြတယ်။ အဲ့တုန်းက ဘရာဇီးလ်ဘောလုံးမင်းသားက အသက် ၂၅ လောက်ရှိနေပြီ။
ဒါကြောင့် သူ့မှာ အရည်အသွေးတစ်ခုရှိတယ်ဆိုတာကို ပရိသတ်တွေက သိထားကြတယ်၊ ဒါပေမဲ့ ဘယ်လောက် အတိုင်းအတာထိ ခြေစွမ်းပြနိုင်လဲဆိုတာကို မခန့်မှန်းနိုင်ကြသေးဘူး။ ကာကာအတွက် အရည်အချင်းစစ် စာမေးပွဲ လိုအပ်နေတယ်။
အဲ့စာမေးပွဲက ၂၀၀၆ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့အတူ ကာကာဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ရောက်လာပါလေရော။ အဲ့ဒီအချိန်က ရွှေထီးဆောင်း သရဲနီတို့နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ကြတယ်။
ပွဲစပြီး သိပ်မကြာခင် ၅ မိနစ်လောက်မှာပဲ ယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ ရော်နယ်ဒိုက အဖွင့်ဂိုးကို ကောက်သွင်းလိုက်တယ်။ ဒါပေမဲ့ ၂၂ မိနစ်မှာ ကာကာက မီလန်အတွက် ချေပဂိုးပြန်သွင်းပေးခဲ့တယ်။ ဒီဂိုးက သိပ်တော့ မထူးဆန်းပါဘူး။
ထူးဆန်းတဲ့ဂိုးက ပွဲချိန် ၃၇ မိနစ်မှာ ဖြစ်ပျက်သွားတာ။ ယူနိုက်တက်ဘက် ဂိုးစည်းနားမှာ ဘောလုံးရသွားတဲ့အချိန် ကာကာက ဘောလုံးကိုခေါင်းတိုက်ပြီး ဖလက်ချာကို ကျော်ပြေးတယ်။ ဘောလုံးက ခုန်ဆွခုန်ဆွနဲ့ ဖြစ်နေတုန်း Heinze က ဝင်ဖြ-တ်လုဖို့ ကြိုးစားတယ်။
အဲ့တာလည်း မရဘူး၊ ဘရာဇီးစတိုင်လ်နဲ့ ဘောလုံးကို တော့ယူပြီး ညာဘက်ကို ထပ်လှည့်ထွက်တယ်၊ အနောက်ကနေ အီဗရာဝင်လာတော့ ဘောလုံးကို ခေါင်းနဲ့ကုန်းတိုက်ပြီး ဖြ-တ်ကျော်သွားပါလေရော။ ပြီးတာနဲ့ ဂိုးသမား ဗန်ဒါဆာကြီးနဲ့ နှစ်ယောက်တည်း တွေ့တဲ့အချိန် အေးအေးဆေးဆေးပဲ ကန်သွင်းယူလိုက်တယ်။
အီဗရာနဲ့ Heinze တို့ကတော့ ကာကာရဲ့ပြုစားမှုမှာ အချင်းချင်း ဝင်တိုက်မိပြီး လဲကျသွားလို့ ဒီတိုင်းရပ်ကြည့်နေရုံကလွဲပြီး တခြားဘာမှမလုပ်နိုင်ခဲ့.....။
ဒီနေ့မှာတော့ ကာကာရဲ့အဆိုပါ သမိုင်းဝင်သွင်းဂိုးက ၁၇ နှစ်တိတိ ပြည့်သွားခဲ့ပါပြီ။
Credit to football corner

image
1 y - Translate

အေးပါဟယ်

image