2 yrs - Translate

Hairstyle ?
Hairstyle 💇‍♀️

Hexen Nami is feeling Lovely
2 yrs

image
image
image
image
image
2 yrs - Translate

?
😂

2 yrs - Translate

Cute ?
Cute 🥰

2 yrs - Translate

?
Plants

2 yrs - Translate

Home Decoration
Home Decoration 🏠

2 yrs - Translate

🏆🏆🏆🏆 Champions League
🏆🏆🏆🏆 Club World Cup
🏆🏆🏆 UEFA Super Cup
🏆🏆🏆 La Liga
🏆🏆 Spanish Super Cup
🏆 Copa del Rey
🏆 World Cup
🏆 Nations League
🏆 Carabao Cup

ဒီနေ့ဟာ ပြင်သစ် နဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဗာရန်းရဲ့ 31 နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ် 🎂🥳

image
2 yrs - Translate

တောင်ကိုရီးယားမှာမိဘတွေကိုယ်တိုင်က ဘာလို့ပလတ်စတစ်ဆာဂျရီလုပ်ဖို့ တိုက်တွန်းသလဲ

ကမ္ဘာ့နိုင်ငံတွေထဲမှာ တောင်ကိုရီးယားဟာ ပလတ်စတစ်ဆာဂျရီနိုင်ငံလို့ဆိုရပါလိမ့်မယ်။ တောင်ကိုရီးယားမှာ မိဘတွေက သားသမီးကိုမုန့်ဖိုးပေးရင်တောင် ခွဲစိတ်ပြုပြင်ဖို့အတွက်မုန့်ဖိုးပေးကြတာမျိုးရှိပါတယ်။ အထင်ရှားဆုံးကတော့ ကလေးတွေကောလိပ်မတက်ခင် မိဘတွေက မျက်ရစ်ခွဲစိတ်ခိုင်းခြင်းပါပဲ။ မျက်ရစ်ခွဲစိတ်ခြင်းကို လက်ဆောင်တစ်ခုအနေနဲ့ မိဘတွေက ပေးလေ့ရှိကြတာဖြစ်ပါတယ်။ ဒီလိုဘာကြောင့်လုပ်ကြလဲဆိုတာကို ဆိုးလ်မြို့ ဂမ်နမ်ရပ်ကွက်မှာရှိတဲ့ ပလတ်စတစ်ဆာဂျရီဆရာဝန်ကပြောပြခဲ့တာပါ။

“ကလေးတွေ တက္ကသိုလ်ဝင်တန်းအောင်သွားလို့ ကောလိပ်ဆက်တက်မယ်ဆိုရင် မိဘတွေက ဆုချတဲ့အနေနဲ့ မျက်ရစ်ခွဲစိတ်ဖို့ ပိုက်ဆံပေးကြလေ့ရှိပါတယ်။ ကိုရီးယားလူမျိုးအများစုက မျက်ရစ်မရှိပါဘူး။ တကယ်လို့ မပြုံးမရယ်ဘူးဆိုရင် ကြည့်ရတာရုပ်ဆိုး နဂိုကမျက်ရစ်မရှိ မျက်လုံးမှေးမှေးနဲ့ ကိုရီးယားမလေးတွေဟာ မျက်ဝန်းလေးပြူးလာရင်တော့ ပိုလှပလာတယ်လို့ ခံယူကြပါတယ်” လို့ပြောပါတယ်။

အာရှတိုက်သားတွေက တစ်ယောက်နဲ့တစ်ယောက်စတင်မိတ်ဆက်ရာမှာ ကိုယ့်ရဲ့အသွင်အပြင်ဟာ အရေးကြီးတယ်လို့ ခံယူထားကြတာကလည်း ရှေးအစဉ်အဆက်ကတည်းကပါပဲ။ နောက်ပြီးမျက်နှာပြင်မှာ မျက်လုံးက အရေးအကြီးဆုံးအစိတ်အပိုင်းလို့ သတ်မှတ်ထားကြပါသေးတယ်။

“ကိုရီးယားတွေက မျက်လုံးလှပခြင်းကိုအရေးထားတာမို့ မျက်ရစ်ခွဲစိတ်လိုက်ရင် မျက်ဝန်းအိမ်ပိုကျယ်လာပြီး ပိုလှလာတယ်လို့ယူဆကြပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်က ကိုရီးယားနိုင်ငံမှာက ယှဉ်ပြိုင်မှုတွေအရမ်းများတယ်။ အလုပ်တစ်ခုရှာဖွေရင် ရုပ်ရည်လှသူတွေက ပိုအခွင့်အရေးများတယ်။

အလှဆိုတာ လက်နက်တစ်ခုလိုပါပဲ။ အရည်အချင်းသာနေရင်တောင် လှပသူတွေက ဦးစားပေးခံရတယ်။ ဒါကြောင့်လည်း သူတို့တွေအတွက်တော့ ခွဲစိတ်ပြုပြင်ခြင်းဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုအနေနဲ့ ဖြစ်တည်နေတာဖြစ်ပါတယ်” လို့ လက်တွေ့လုပ်ငန်းလုပ်ဆောင်နေတဲ့ပလတ်စတစ်ဆာဂျရီဆရာဝန်က ပြောခဲ့တာဖြစ်ပါတယ်။

သာမန်လူတွေတောင် တစ်ခုမဟုတ်တစ်ခုခွဲစိတ်ပြုပြင်နေကြချိန်မှာ အနုပညာရှင်တွေ မျက်နှာတစ်ခုလုံးခွဲစိတ်ပြုပြင်တာကတော့ သူတို့အတွက်အဆန်းမဟုတ်တော့ပါဘူး။ လှပခြင်းသည်သာ အခရာဖြစ်နေပြီးအားလုံးလိုလိုခွဲစိတ်နေကြတာမို့ ဒီရေစီးကြောင်းကြီးဘယ်လိုပြောင်းလဲသွားမလဲ တခြားသောအာရှနိုင်ငံတွေကိုပါ ဘယ်လောက်ထိမြန်မြန်ဆန်ဆန်ပျံ့နှံ့လာမလဲဆိုတာ သတိထားစောင့်ကြည့်ရမှာပါ။ ခုတောင် ဒီက အနုပညာရှင်တော်တော်များများ ခွဲစိတ်ပြုပြင်မှုတွေကို အေးအေးဆေးဆေးလုပ်နေကြပြီလေနော်။

ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာ ရုပ်ရည်မလှလည်း တကယ်တော်ရင်တတ်ရင် အလုပ်ခန့်တာပဲမို့ တော်သေးတယ်လို့ဆိုရမှာပါနော်။

image
2 yrs - Translate

Milford Sound, New Zealand 💙

image
2 yrs - Translate

Tik Tok ကို US ကနေတရားဝင် Ban ဖို့ Biden လက်မှတ်ထိုးလိုက်ပြီ

Tik Tok ကိုအနောက်နိုင်ငံတွေက တရားတွေစွဲ၊ ခုံရုံးကြားနားမှုတွေလုပ်နေတာ အားလုံးသိကြမှာပါ။ ခုနောက်ပိုင်း ခပ်စိတ်စိတ်ဖြစ်လာတဲ့ ဒီအဖြစ်အပျက်တွေနောက်မှာတော့ အမေရိကန် လွှတ်တော်က အမတ်တွေက Tik Tok ကို US ကနေ တရားဝင် Ban ဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းကတည်းက အဆိုတင်သွင်းခဲ့ပါတယ်။ ခုတော့ သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အဆိုတင်သွင်းတာကို အတည်ပြုလိုက်တဲ့အတွက် ၁ နှစ်အတွင်း Tik Tok ကို တရုတ်မဟုတ်တဲ့ ကုမ္ပဏီတစ်ခုကို ရောင်းချပြီး Divest မလုပ်ရင် US ကနေ Ban တော့မယ်ဆိုတာဟာ ဥပဒေဖြစ်သွားပါပြီ။

ဒီလိုလုပ်လိုက်မယ်ဆိုရင် US က Content Creator တွေဟာ YouTube Short နဲ့ Instagram Reels တွေဖက်ကို ကူးသွားမယ်လို့ US က Digital Marketing သမားတွေကခန့်မှန်းထားကြပြီး တစ်ချို့လည်း ဒီ ဥပဒေဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပထမဆုံးအချက်ဖြစ်တဲ့ လွှတ်လပ်စွာ ထုတ်ဖော်ရေးသားပိုင်ခွင့်ကို အစိုးရက ချိုးဖောက်နေတယ်လို့ဆိုပြီး တရားရင်ဆိုင်ဖို့ Tik Tok ကိုတွန်းအားပေးနေပါတယ်။

"ရယ်စရာကောင်းတာက Tik Tok က Data တွေခိုးမခိုးဆိုတာ မသေချာပေမယ့်၊ Facebook, Google တို့ကတော့ အစိုးရတွေအတွက် Data တွေခိုးပေးနေတာ အသိသာကြီးပါ" ဆိုပြီး အသုံးပြုသူတွေက မှတ်ချက်ပေးနေေပါတယ်။

image