ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Google Pixel 8 မှာ Gemini Nano AI ပါလာမည်
============================
Google က Gemini AI မော်ဒယ်တွေကို ကြေညာထားပြီး အဲဒီအထဲမှာ Gemini Nano AI လည်း ပါပါတယ်။ Gemini Nano AI ဟာ On-device မှာ Run တဲ့အတွက် Offline အလုပ်လုပ်ပါတယ်။
Google က Pixel 8 နဲ့ Pixel 8 Pro ကို ထုတ်လုပ်ရောင်းချထားပြီး တူညီတဲ့ Chipset ထည့်သွင်းထားပါတယ်။ Google က Pixel 8 Pro မှာပဲ Gemini Nano AI ကို ထည့်သွင်းပေးမယ်လို့ အစောပိုင်းက သတင်းထွက်ခဲ့ပေမယ့် အခုတော့ Pixel 8 မှာလည်း ထည့်သွင်းပေးမယ်လို့ သိရပါတယ်။ ဇွန်လမှာ ထွက်မယ့် Pixel Feature Drop ရဲ့ Developer Preview မှာ အဲဒီ စွမ်းရည်ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
Gemini Nano မှာ စွမ်းရည် အသစ် ၂ ခု ပါလာမှာ ဖြစ်ပါတယ်။ Gboard မှာ Smart Reply ကို ထောက်ပံ့ပေးမှာ ဖြစ်ပြီး Recorder က အသံတွေကို အကျဉ်းချုပ် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Google က Gemini Nano ကို Pixel 8 ပိုင်ရှင်တွေက အသုံးပြုချင်နေကြတယ်လို့ ပြောပါတယ်။ စမတ်ဖုန်းတွေရဲ့ AI နည်းပညာတွေဟာ အပြိုင်အဆိုင် ဖြစ်လာကြပါပြီ။
Ref : theverge
Credit to digitaltimes
သာမန်ကွန်ပျုတာတွေ သုံးရတာ ပျင်းလာရင် ဒီ စူပါကွန်ပျူတာဝယ် မူရင်းစျေး ဒေါ်လာ ၁ သန်းကို ဒေါ်လာ ၂ သောင်းလောက်နဲ့ လေလံစျေးကွက်ပေါ်ရောက်လာတဲ့ Cheyenne Supercomputer ပါ
လေလံစွဲရမယ်ဆိုတော့ကာ စျေးကတော့တက်လာဖို့ပဲရှိလောက်တယ်
ကိုယ်သုံးမဲ့ Task တွေနိုင်ပါ့မလား စိတ်ပူနေရင် Spec ကိုကြည့်
Intel E5-2697v4 CPUs ကို အခု ၈၀၀၀ ကျော်ဆိုတော့ 1400,00 croes လောက်ပါမယ်ဗျာ
RAM က 300,000 GB လောက်ဆိုတော့ Multitasking ပိုင်းတော့ နိုင်လောက်မှာပါ
ပြသနာအနေနဲ့ Cooling Problem လေးရှိတယ်တော့ ပြောထားလေရဲ့ သုံးထားတဲ့ သက်တမ်းကတော့ ၇ နှစ်ပါတဲ့
Credit To Tech World
4 May 24
ယနေ့ ငွေဈေး၊ ရွှေဈေး
USD Buy - MMK 3,900
USD Sell - MMK 3,960
EUR Buy - MMK 4,210
EUR Sell - MMK 4,301
SGD Buy - MMK 2,820
SGD Sell - MMK 2,870
THB Buy - MMK 105.26
THB Sell - MMK 107.53
MYR Buy - MMK 877
MYR Sell - MMK 887
CNY Buy - MMK 530
CNY Sell - MMK 540
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 4,460,000
၁၆ ပဲရည် ၁ကျပ်သား - MMK 4,750,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
ရှုံးပွဲမရှိ စံချိန်နဲ့အတူ မြန်မာပြည်ချန် ပီယံဘွဲ့ကို ရယူချင်ပါတယ် (ရှံးပွဲမရှိ ကျော်စွာဝင်းနှင့် စကားလက်ဆုံ)
--------------------- ++++++ --------------------
မေး။ ။ ကျော်စွာဝင်းက လက်ဝှေ့မျိုးရိုး ရှိလား? လက်ဦး ဆရာတွေနဲ့ လက်ရှိ ကလပ်က ဆရာတွေကို မိတ်ဆက်ပေးပါအုံး။
(ညီလေး အဖေက လက်ဝှေ့သမားဟောင်း ဦးမိုးလေးပါ အစ်ကို။ လက်ဦး ဆရာ အနေနဲ့ကတော့ အဖေနဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာ အောင်အောင်ထွန်းရယ်က အဓိက ပေါ့နော်။ ခုချိန်ထိ အဖေကပဲကြီးကြပ်ပေးနေပြီး M2K ကလပ်မှာ လေ့ကျင့်နေပါတယ် ။
ကိုမြနန်းတော်တို့လို အခြား အစ်ကိုတွေကလည်း လိုအပ်တာတွေကို ပြောပြပေးပါတယ်၊ ကိုဖိုးခွားဆိုရင် ပွဲစင်နားထိ အနီးကပ် လာပြောပြ ညွှန်ကြားပေးတယ် အစ်ကို)
....
မေး။ ။ Pro ပွဲတွေ အပါအဝင် လက်ရှိအချိန်ထိ ထိုးသမျှ ၉၄ ပွဲ လုံး ရှုံးပွဲမရှိ ဆိုတဲ့ မှတ်တမ်းက တကယ့်ကို လေးစားစရာပါပဲ။
အစ်ကို့ အမြင် ကျော်ကြီးက ရှုံးပွဲမရှိ မှတ်တမ်းကို တော်တော်လေး တန်ဖိုးထားတာ တွေ့ရတယ်။ ထို့အတူ မြန်မာပြည် ချန်ပီယံ ဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက်လည်း ရှိနေတာ တွေ့ရတယ်။
တကယ်လို့ပေါ့.. ရှုံးပွဲမရှိ မှတ်တမ်း နဲ့ မြန်မာပြည် ချန်ပီယံ ဆိုတဲ့ ၂ ခု ထဲက ၁ ခုကိုပဲ ရွေးရမယ် ဆိုရင် ကျော်ကြီးအနေနဲ့ ဘာကို ရွေးချင်မလဲ ?
(ညီလေး အနေနဲ့ကတော့ လောဘကြီးတယ် ပြောပြောပေါ့၊ သုဝဏ္ဏသာမ ဇာတ်တော်ထဲကလို သားရွှေအိုး ထမ်းလာတာမျိုးလေးပဲ ဖြစ်ချင်တယ် အစ်ကို။
ရှုံးပွဲမရှိ စံချိန်ကိုလည်း ဆက်လက် ထိန်းထားပြီး ချန်ပီယံလည်း ဖြစ်ချင်တာပါ။
နှစ်ခုထဲက တစ်ခုကိုပဲ ရွေးမယ် ဆိုရင်တော့ အတော်လေး ခက်ခဲပြီး နှစ်ခုလုံးကို ဖြစ်ချင်တာပါ အစ်ကို။ )
.....
မေး။ ။ ထိုးခဲ့သမျှ ပွဲတွေထဲမှာ ကျော်ကြီးရဲ့ အမှတ်အရဆုံးနဲ့ အားအရဆုံး ပွဲလေး တစ်ပွဲလောက်ကို ပြောပြပါအုံး..
(အမှတ်တရ ပွဲတွေ ကတော့ အများကြီးပဲ အစ်ကို၊ တနှစ်နဲ့ တနှစ် မတူတဲ့ပွဲတွေပါ၊ အခုနှစ် ထဲမှာ ဆိုရင်တော့ ကိုဝင်းလှိုင်နဲ့ ပွဲပေါ့၊ ပထမ အချီမှာ ကျွန်တော် လဲကျသွားခဲ့ပေမယ့် ပရိတ်သတ်တွေ အတွက် အကောင်းဆုံးပွဲဖြစ်ခဲ့တာ ကြောင့်ပါ )
..
မေး။ ။ လက်ရှိ ရိုးရာ လက်ဝှေ့ကို နိုင်ငံတကာနဲ့ အညီ အမှတ်ပေးစနစ်ကို တပြေးညီ ပြောင်းလဲ သတ်မှတ်ဖို့ တောင်းဆို နေကြတွေ ရှိသလို တချို့ကလည်း ရိုးရာ ရှေးရိုးအတိုင်း အလဲထိုး စနစ်ကိုပဲ ဆက်လက် ထားရှိ စေချင်တယ်။
ကျော်ကြီး အနေနဲ့ ရော မြန်မာ့ရိုးရာ လက်ဝှေ့မှာ အလဲထိုးနဲ့ အမှတ်ပေး စနစ်မှာ ဘယ်စနစ်က ခေတ်နဲ့အညီ ပိုဖြစ်သင့်တယ် ထင်လဲ ?
(ရိုးရာ အနေနဲ့ဆိုရင်တော့ ကရင်ပြည်နယ်ဘက်မှာ အောင်လံ လုပွဲလိုမျိုးဆိုရင်တော့ အမှတ်ပေးစနစ်က အဆင်မပြေဘူး အစ်ကို..
ရန်ကုန် ၊ မန္တလေး လို အခြား မြို့တွေ မှာတော့ ခေတ်နဲ့ အညီ အမှတ်ပေး စနစ်တွေ လုပ်လာနေကြပါပြီ။
ညီလေး အနေနဲ့ကတော့ ရိုးရာ အမှတ်ပေး ပွဲတွေ လုပ်လာရင် ကိုယ်ပဲ ဖြစ်ဖြစ် ပြိုင်ဘက်ပဲဖြစ်ဖြစ် လူသက်သာ တာပေါ့။
လူသက်သာရင် ကစားသမား သက်တမ်းလည်း ပိုရှည်ကြာပြီး နောက်ဆက်တွဲ ဒဏ်ရာတွေလည်း ကင်းတာပေါ့ )
...
မေး။ ။ ကြိုးဝိုင်းပေါ်မှာ ပြိုင်ဘက်က ဖောင်းဖြစ်ရင်တောင်မှ စိတ်ဆိုးဟန် မပြပဲ ကိုယ်က မတော်တဆ ဖောင်းလုပ်မိရင်လည်း သေချာ တောင်းပန်တတ်တဲ့ အမူအယာတွေ၊ ပွဲပြီးရင် ပြိုင်ဘက်နဲ့ ပရိတ်သတ်တွေကို အထူး လေးစားမှု ပြသတဲ့ ကျော်ကြီးကို ပရိတ်သတ်တွေက သတိထားမိကြတယ်။၊
ကျော်စွာဝင်း ဆိုရင် လူယဥ်ကျေးလေးလို့ အများက သတ်မှတ်ထားကြပါတယ်။ ဒီအပေါ် ကျော်ကြီး ဘာများ ပြောချင်သေးလဲ ?
(ညီလေးအနေနဲ့ သတ်မှတ်ထားတာတော့ ကြိုးဝိုင်းပေါ်မှာ ပြိုင်ဘက်တွေ ဆိုပေမယ့်လည်း ညီအစ်ကိုတွေလိုပဲ ပြိုင်ဘက်တွေကို သတ်မှတ်ထားတယ် အစ်ကို။
ဒါကြောင့်လည်း စိတ်ရင်းထဲက နေပြီး ပြိုင်ဘက် ညီအစ်ကိုတွေအပေါ် လေးစားတယ်၊ အမှားမရှိအောင်လည်း နေတယ်။
တကယ်တမ်း ပြောရရင် ၃ မိနစ် ၅ ချီ ပြည့်ပြီးသွားရင် ကြိုးဝိုင်းပေါ်က ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာတွေက ဘာမှ မဟုတ်တော့ဘူးလေ၊
ဒါကြောင့် ပွဲချိန်မှာရော ပွဲပြီးသွားချိန်မှာပါ ပြိုင်ဘက် ညီအစ်ကိုတွေကို respect ရှိရှိပဲ ကစားတာပါ အစ်ကို။)
...
မေး ။ နောက်ပြီး ပရိတ်သတ်တွေ မေးနေကြပြီ .. ONE မှာကျော်ကြီးကို ဘယ်အချိန်လောက် ဆိုရင် တွေ့ရ မလဲ ဆိုတာလေးလဲ ဖြေပေးပါအုံး ။
(ONE မှတော့ ကျွန်တော့် ဝိတ်က ၇၄/၇၅ ကီလို တန်းဆိုရင် သိပ်အဆင်မပြေဘူး အစ်ကို၊ ၇၀ ကီလို တန်းလောက်ထိ ဝိတ်ချဖို့ လိုနေတာကြောင့် ညီလေးက ဝိတ်ချဖို့ အချိန်ယူနေတာပါ။
ကိုဖြိုးဝေကတော့ ၆ လ ပိုင်း ၇ လ ပိုင်းလောက်မှာ ၇၀ ကီလိုအထိ ချပေးဖို့ အချိန်ပေးပြီး စောင့်ပေးနေပါတယ်၊ ပွဲလည်း အသင့်စီစဥ်ပေးထားပြီး ပါပြီ။
ဒါကြောင့် ၇ လ ပိုင်းလောက်ကျရင်တော့ ညီလေးကို ONE စင်မြင့်ထက်မှာ တွေ့ရတော့မှာပါ။)
........
မေး။ ပရိတ်သတ်တွေနဲ့ မီဒီယာတွေကို ဘာများ ပြောချင်သေးလဲ ။
( အားပေးနေတဲ့ ပရိတ်သတ်တွေ နဲ့ မီဒီယာတွေကို တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
မြန်မာပြည် ချန်ပီယံဖြစ်အောင်လည်း ကြိုးစားသွားပါမယ်။
ONE ကိုလည်း ဒီလတွေအတွင်း အကောင်းဆုံး ပြင်ဆင်ပြီး သွားရောက် ယှဥ်ပြိုင် ကြိုးစားသွားပါမယ်။
ညီလေးကို ONE မှာ အားပေးကြပါအုံး ခင်ဗျား.. )
..
စိုးနေ့သစ်