Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Tizen OS ကိုတော့ Galaxy Gear တွေနဲ့ ရင်းနှီးတဲ့သူတွေသိကြမှာပါ Galaxy Gear 2 နဲ့ Gear S ဆိုရင် ခေတ်ရှေ့ပြေးတဲ့ Smartwatch တွေလို့တောင်ဆိုရမှာ တစ်ခုက ကင်မရာပါတဲ့ နာရီ ၊ တစ်ခုကတော့ Curved Display နဲ့နာရီ ပါ
Samsung က အရင်က Tizen OS ဆိုတာကို သူ့ရဲ့ စမတ်နာရီတွေပေါ်မှာသုံးခဲ့ဖူးတယ် ဒါပေမဲ့ နောက်ပိုင်း Galaxy Watch 4 ထွက်အပြီးမှာ Samsung နဲ့ Google တို့ ပနံသင့်ခဲ့ပြီး WatchOS ကို Galaxy Watch တွေပေါ်တင်လိုက်ပါလေရော
အခုတော့ TizenOS သုံးထားတဲ့ စမတ်နာရီတွေရဲ့ Software Support ကို လာမည့် 2025 မှာ အဆုံးသတ်တော့ပါမယ်တဲ့ ဘယ်လိုတွေဖြစ်လာမလဲဆိုရင် Galaxy Store ကို ဝင်လို့မရတာ ၊ Software အသစ်တွေကို Download လုပ်လို့မရတာတွေဖြစ်လာမှာပါ
ဒီနေရာမှာ တစ်ခုသဘောကျတာက အဆုံးသတ်လှတယ်ပြောရမှာပေါ့ဗျာ Tizen OS သုံးထားတဲ့ Galaxy Watch တွေရဲ့ Trade-in reward ကို Samsung က အများကြီးတိုးပေးလိုက်တာပဲ
Galaxy Watch 3
Galaxy Watch
Galaxy Watch Active နဲ့ Active 2 တွေကို Trade in စျေးနှုန်း $100 အထိ ပေးလိုက်တာပါ အရင်က $5 ပဲပေးတာပါတဲ့
တကယ်သာဆိုရင် ဒီနာရီတွေကလဲ Software Support သာမရတော့တာ တကယ်အသုံးခံတဲ့နာရီတွေဖြစ်နေတော့ TizenOS Galaxy Smartwatch သုံးနေသူတွေအတွက် Software Support မရတော့တဲ့အခါ တခြားနာရီတွေပြောင်းမသွားပဲ WatchOS Galaxy Watch အသစ်တွေကို ပြောင်းနိုင်အောင် လုပ်ပေးတဲ့ပုံပါပဲ
ရီးရဲလ်မှာ ဆက်ရှိနေဖို့ သေချာသွားတဲ့ လူကာ မိုဒရစ်
-------------------
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ကတော့ နောက်ရာသီမှာလည်း အသင်းမှာ ဆက်ရှိဖို့ သေချာသွားခဲ့ပြီဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ရိုမာနိုက အတည်ပြုပေးခဲ့ပါတယ်။ စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက် အသင်းရဲ့ဥက္ကဋ္ဌ ပီရက်ဇ်နဲ့ တွေ့ဆုံဖို့ရယ်၊ လက်မှတ်ထိုးပြီး တရားဝင်ကြေညာဖို့ရယ်ပဲ ကျန်တယ်လို့ ဆိုပါတယ်။
မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ဆက်နေခွင့်အတွက် လုပ်ခလစာအကျိုးခံစားခွင့်ကို ထည့်မတွက်ခဲ့ဘဲ ငွေကြေးအရကြီးမားတဲ့ ကမ်းလှမ်းမှု ၂ ခုကိုတောင် ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်အထိရရှိထားပြီး လက်ရှိအချိန်မှာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရိုအေးရှားအသင်းခေါင်းဆောင်ဟာ မက်ဒရစ်မှာပဲ အနားယူဖို့ စိတ်ကူးရှိနေတာလည်း ဖြစ်ပါတယ်။
"မိဘကျေးဇူး ဆပ်နည်း ( ၆ ) ချက်''
1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း
2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း
3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း
4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း
5 တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း
6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း
တို့ပဲဖြစ်ပါတယ်.......
1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း.......
မိဘအတွက်
စားဦးစားဖျား ဖယ်ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေက
မိဘတွေ အလွန်ပဲ ၀မ်းသာပါတယ် တဲ့.....
ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။
2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း........
မိဘများ
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင်
မိဘတွေက အလွန်ပဲ ဝမ်းသာပါတယ် တဲ့.......
ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......
ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။
3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း........
အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်၀င်ရောက်ပြီး
မိဘတွေမပင်ပန်းအောင် ပြုလုပ်ပေးခြင်း
မိဘကို နင်း နှိပ် ပေးခြင်း
ပြုစုပေးခြင်း စတဲ့
ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........
4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း........
မိဘတွေ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးများက
မိဘတွေ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........
5 တရားနာ,ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း......
မိဘတွေ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......
မိဘတွေ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........
မြတ်ဗုဒ္ဓ၏
အမြတ်ဆုံးကျေးဇူးအကျေဆပ်နည်းပါ.....
ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....
မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......
6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း.........
နောက်ဆုံးကတော့......
မိဘများသက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး
ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ
အမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။
အရေပြားဖောက်ထွင်း အလှဆင်ပြီးနောက် ဂရုစိုက်ရမည့်အချက်များ
နားဖေါက်ခြင်း (သို့) မျက်နှာမှာ ဖေါက်ထွင်းပြီး အလှဆင်ခြင်းတွေ ပိုမိုခေတ်စားလာကြပါတယ်။
ဒါပေမယ့် သူတို့ဟာ လှပသလောက် အရေပြား ဖေါက်ထွင်းမှု အပြီးမှာတော့ ဂရုစိုက်ဖို့အထူး လိုအပ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ နာကျင်မှု သက်သာစေဖို့ နဲ့ ဂရုစိုက်ရမယ့် လမ်းညွှန်မှုတွေကို ဖေါ်ပြမှာ ဖြစ်တာမို့ ကိုယ်လုပ်နေတာ ဘာတွေမှားယွင်းနေလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။
ကာကွယ်ပါ။
ကာကွယ်တဲ့ နည်းလမ်းတစ်ခုအဖြစ် အရေပြားဖေါက်မယ့်သူကို သေနတ်အစား အပ်ကိုအသုံးပြုဖို့ စေခိုင်းပါ။ သေနတ်ဟာ ဖိအားနဲ့ နားဖေါက်တာဖြစ်တာမို့ တစ်ရှူးတွေကို မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ပြီးတော့ ပလပ်စတစ် အပိုင်းတွေ ပါတဲ့ သေနတ်တစ်ခုကို ပိုးသတ်ဖို့လည်း ခက်ခဲပါတယ်။ သို့ဖြစ်၍ အပ်နဲ့ဆိုရင်တော့ ပိုးသတ်လို့လည်းရ၊ တိကျမှုကိုလည်း ပိုမို ထိန်းချုပ်နိုင်ပါတယ်။ သူဟာ ခွဲစိတ်ဓါးလိုမျိုးပဲ တိကျတဲ့ ခွဲကြောင်းရာဖြစ်ပေါ်စေပြီး တစ်ရှူးထိခိုက်မှုကိုလည်း နည်းပါးစေပါတယ်။ သေနတ်ဟာ နာကျင်မှုပိုနည်းစေတယ်ဆိုတာဟာလည်း ယုံတမ်းစကားတစ်ခုသာ ဖြစ်ပါတယ်။ အပ်နဲ့ မှန်ကန်စွာ ဖေါက်နိုင်မယ်ဆိုရင်လည်း နာကျင်မှုနည်းပါးပါတယ်။
သန့်ရှင်းစွာထားပါ။
အရေပြားဖေါက်ခြင်းကို ဂရုစိုက်ဖို့အတွက် ဆပ်ပြာ၊ရေ၊ ဆားရည် saline အရည်တွေနဲ့ သန့်ရှုင်းရေးလုပ်သင့်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ အရက်ပြန်ကို မသုံးသင့်ပါဘူး။ ရေဓါတ်အလွန်ခမ်းခြောက်ရင် ကွဲပြီး သွေးထွက်လာနိုင်ကာ ဖေါက်ထားတဲ့နေရာဟာ အပေါက်ကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအကြောင်းရင်းတွေအတွက် အဆီကို အခြေခံထားတဲ့ ဆပ်ပြာကို အသုံးပြုသင့်ပါတယ်။ သူတို့ဟာ အနာကို သန့်ရှင်းပေးပြီး အနာကျက်နေတဲ့ တစ်ရှူးကို အဆီဖြည့်ပေးပါတယ်။ နားကပ်တွေကို စိုစွတ်နေတဲ့ အချိန်မှာသာ လှည့်ပေးနိုင်ပါတယ်။
စိတ်ရှည်ပါ။
အရိုးနုကို ဖေါက်ခြင်းဟာ အသားကိုဖေါက်ခြင်းထက် ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အရိုးနုဟာ အနာကျက်နေစဉ်အတွင်းမှာ ပိုထိခိုက်လွယ်ပါတယ်။ လုံးဝပြန်ကောင်းသွားစေဖို့ အချိန်နဲ့ ဂရုစိုက်မှု လိုအပ်ပါတယ်။
အနာကျက်ဖို့ ဘယ်အရာတွေ လိုအပ်လဲဆိုတာနဲ့ ဘယ်လောက်ကြာအောင် စောင့်ရမလဲဆိုတာတွေကို သိထားသင့်ပါတယ်။ နားဖေါက်ခြင်းဟာ အနာကျက်စေဖို့ ပုံမှန်အားဖြင့် နှစ်လကနေ သုံးလထိ ကြာမြင့်တတ်ပြီး အရိုးနုဖေါက်ခြင်းကတော့ ဆယ်လအထိ ကြာမြင့်နိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုတွေ၊ အရည်ထွက်ခြင်းတွေ၊ နီမြန်းမှုတွေ ရပ်သွားတဲ့အချိန်မှာတော့ အနာကျက်သွားပြီ ဖြစ်ပါတယ်။
သင်တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားဖို့ လိုအပ်ပါတယ်။ အနာလုံးဝကျက်စေဖို့အတွက်ဟာ လူနာရဲ့စိတ်ပေါ်လည်း မူတည်ပါတယ်။ သင့်ကိုယ်ခန္ဓာက ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေကို စွန့်ထုတ်ပေးမှာဖြစ်တာမို့ စိတ်ကို တည်ကြည်အောင်ထားသင့်ပြီး ဂရုစိုက်သင့်ပါတယ်။ တခါတလေမှာတော့ ရိုးရှင်းတဲ့အရာတွေဟာ အကောင်းဆုံးဖြစ်ပါတယ်။ သန့်ရှင်းလို့အတွက် ဆပ်ပြာနဲ့ ရေကို အသုံးပြုသင့်ပြီး အရောင်ကျဖို့ ရေခဲကို အသုံးပြုသင့်ပါတယ်။ သေချာစွာ ဂရိုစိုက်မယ်ဆိုရင်တော့ အရေပြား (သို့) အရိုးနုဖေါက်ခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ ဖေါက်ထားတဲ့နေရာက သင့်ကို စိတ်အနှောင့်အယှက်ပေးနေတယ်ဆိုရင် မကြောက်သွားပါနဲ့။ ပြင်းထန်တဲ့ ရောင်ရမ်းမှု၊ နီမြန်းမှု၊ အပူဖြာထွက်မှု၊ အရည်ထွက်မှုတွေ တွေ့ခဲ့ရင်လည်း မကြောက်သင့်ပါဘူး။ အတော်များများဟာ ရောဂါပိုးဝင်တာမဟုတ်ပဲ အရေပြား ယားယံခြင်းဟာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အခြေအနေ ပိုဆိုးလာရင် အရေးပေါ် ကုသမှု ခံယူသင့်ပါတယ်။
Credit:ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.