NyiNyi Htut changed his profile cover
1 y

image
NyiNyi Htut shared a post  
1 y

1 y

“ကုန်းဘောင်မင်းဆက် (၁၁)ဆက်”
•••••••••••••••••••••••••••
မြန်မာသမိုင်းတွင် တိုင်းပြည်တစ်လုံးတစ်စည်းတည်း ရှိစေရန် လေးကြိမ်မျှ စည်းရုံးခဲ့ရသည်။
၁။ အနော်ရထာမင်း၊
၂။ ဘုရင့်နောင်၊
၃။ ဦးအောင်ဇေယျ၊
၄။ ဗိုလ်ချူပ်အောင်ဆန်းတို့၏ လက်ထက်တွင် ထိုသို့သော လွတ်လပ်စွာ စည်းရုံးမှုများ အောင်မြင်ခဲ့သည်။
မြန်မာနိုင်ငံတော်ကြီးကို တတိယအကြိမ် စည်းရုံးခဲ့သော ဦးအောင်ဇေယျမှသည် သီပေါမင်းအထိ မင်း (၁၁)ပါးတို့၏ ကုန်းဘောင်မင်းဆက်မှာ သက္ကရာဇ် ၁၁၁၄-ခုမှ၊ ၁၂၄၇-ခုနှစ်အထိ နှစ်ပေါင်း ၁၃၃-နှစ် ရှည်ခဲ့၏။
ဤမင်းဆက်ကို မုဆိုးဘို၊ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ခ၊ ရွှေဘိုဟု နာမည်အမျိုးမျိုး မှည့်ခေါ်သော ကုန်းဘောင်မြို့မှ အလောင်ဘုရားကြီး ဦးအောင်ဇေယျ စတင်တည်ထောင်ခဲ့သဖြင့် ကုန်းဘောင်မင်းဆက်ဟု ခေါ်တွင်သည်။
ထိုကုန်းဘောင်မင်းတို့တွင်—
၁။ အလောင်ဘုရားဦးအောင်ဇေယျ။
၂။ နောင်တော်ကြီး။
၃။ ဆင်ဖြူရှင်။
၄။ စဉ့်ကူးမင်း။
၅။ ဖောင်းကားစား မောင်မောင်။
၆။ ဘိုးတော်ဘုရား။
၇။ ဘကြီးတော်ဘုရား။
၈။ သာယာဝတီမင်း။
၉။ ပုဂံမင်း။
၁၀။ မင်းတုန်းနှင့်
၁၁။ သီးပေါမင်းတို့ ဖြစ်ကြသည်။
… … … … …
“ကုန်းဘောင်မင်းဆက် တေးထပ်”
----------------------------------------
(၁) ဦးအောင်ဇေ အမှူးမြောက်၊
ထူးတစ်ယောက် တင်မူ။
(၂) ဦးလောက်,ပ ဘုရင်တစ်ဆူ၊
(၃)ဆင်ဖြူရှင် တခန်း။
(၄) စဉ့်ကူးမင်း ကောင်းစားမီ၊
(၅) ဖောင်းကားညီ လုတဲ့ရွှေနန်း။
(၆) ဦးဝိုင်း,ပ ပထမခေါင်ပျော်၊
(၇) မြနောင်တော် ရေဖျန်း။
အမရဆောင်ပေါ် ဗွေကြငှန်းမှာလ၊
ရွှေစာတမ်း ဖွဲ့ပြန်။
(၈) ကုန်ဘောင်ပျော် နေလိုဝင်း၊
(၉) ရွှေဘိုမင်း သားမြတ်ပုဂံ။
ချမ်းအေးဖို့ ပန်းမွှေးပန်၊
မန္တလေးစံ တောင်လက်ရုံးရယ်နှင့်၊
(၁၀) မင်းတုန်းမင်း (၁၁) သီပေါအရှင်၊
ထီးနှင့် ပလ္လင်။
ဆယ့်တဆက် အုပ်စိုးတင်၊
မုဆိုးဘုရင် စခန်းမို့လေး။ ။

ကုန်းဘောင်ရှာပုံတော်မှ ကောက်နုတ်ချက်

image
NyiNyi Htut shared a post  
1 y

1 y

1920 ဝန်းကျင်က ရန်ကုန်မြို့တွင်းတနေရာ

image
1 y - Translate

what a nice day!

image
AUNGKYI changed his profile picture
1 y

image
1 y - Translate

17.6.2024 နေ့မှာ အကောင့်စဖွင့်ဖြစ်ပါတယ်။ တွေ့ရင် လာအပ်ပေးကြပါဦး။

Aung Kyaw Soe changed his profile cover
1 y

image
Aung Kyaw Soe changed his profile picture
1 y

image
1 y - Translate

လူတိုင်းက အမှားနဲ့ မကင်းကြတဲ့သူတွေချည်းပါပဲ။
သို့သော်
အချို့သော အမှားများးသည် အိမ်ထောင်ဖက်နှစ်ဦးကြား ဆက်ဆံရေးကို ပြတ်တောက်သွားစေတဲ့အထိ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဇနီးမောင်နှံ များအနေနဲ့ ကိုယ့်ရဲ့ မင်္ဂလာ ခရီးလမ်း ကို သက်ဆုံးတိုင် တည်မြဲသွားစေချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အချက်များကို ရှောင်ကြဉ်သင့်တာပဲဖြစ်ပါတယ်။

တစ်ကြိမ်တစ်ခါသည် ပြဿနာမရှိပေမယ့် တူညီသော အမှားကို ထပ်တလဲလဲ ပြုလုပ်တဲ့အခါ အိမ်ထောင်ဖက်နှစ်ဦးကြား မင်္ဂလာ ခရီးလမ်း မှာ အဖုအထစ်သဖွယ် ဖြစ်သွားပြီး နောက်ဆုံးမှာတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလို ဖြစ်သွားနိုင်ပါတယ်။

အတိတ်က ပြဿနာများကို ပြန်လည်တူးဆွနေခြင်း

တစ်ခါတစ်ရံမှာ လက်ရှိအချိန်တွင် ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားနေပေမယ့် အတိတ်က ပြဿနာတွေကိုပဲ သွားရောက်အစဖော်မိတာတွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုနဲ့ ပြဿနာရဲ့ ဦးတည်ချက်က ပြောင်းသွားပြီး တစ်ယောက်နဲ့တစ်ယောက်ကြား အမြင်မကြည်တဲ့ ပြဿနာတွေပဲ ဖြစ်ပေါ်လာမှာပါ။ ဒါ့ကြောင့် အတိတ်က ပြဿနာတွေကို ပြန်လည်တူးဆွမနေဘဲ ပြီးပြီးတဲ့ကိစ္စတွေကို မေ့ပစ်လိုက်ပါ။

တစ်ယောက်အပေါ် တစ်ယောက် စိတ်ဝင်စားမှုမရှိခြင်းwww.king1mm.com

တစ်ယောက်က ဘာလုပ်နေသလဲ။ ကျန်တစ်ယောက်ကရော ဘာလုပ်နေသလဲဆိုတာတွေကို စိတ်ဝင်စားမှုမရှိတော့ဘဲ တစ်ယောက်နဲ့ တစ်ယောက်ကြား သွေးအေးသွားတဲ့အခါမှာလည်း ထိုဆက်ဆံရေးသည် ရေရှည်တည်တံ့နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ယောက်ကို တစ်ယောက် ကြင်ကြင်နာနာ ဆက်ဆံတတ်ဖို့လည်း လိုအပ်သလို စိတ်ဝင်စားမှုရှိကြောင်းလည်း ပြသဖို့လိုအပ်ပါတယ်။

အိမ်ထောင်ဖက်နှစ်ဦးကြားထဲသို့ အခြားသော သူများရဲ့ ဝင်စွက်ဖက်မှုကို ခွင့်ပြုထားခြင်း

အိမ်ထောင်ဖက်နှစ်ဦးကြားထဲက ပြဿနာထဲသို့ ယောက္ခမများ၊ ယောင်းမ၊ ခဲအို၊ မရီး၊ ယောက်ဖ၊ အခင်ဆုံးဘော်ဒါများ၊ ဆရာသမားများ အစရှိတဲ့ အပြင်လူများသည် ဝင်ရောက်စွက်ဖက်တတ်ကြပါတယ်။ သူတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဒီအတိုင်းထားလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ကြား အခြေအနေ ပိုမိုတင်းမာလာပြီး ပြဿနာကိုလည်း ထိထိရောက်ရောက်ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင်တို့နှစ်ဦးကြားက ပြဿနာကို သင်တို့ပဲ ကိုယ်တိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။ တတိယလူ အဝင်မခံပါစေနဲ့။

သင့်ရဲ့ အိမ်ထောင်ဖက်က သင့်ရဲ့စိတ်ခံစားချက်အားလုံးကို သိနေရမယ်လို့ ထင်မှတ်ခြင်း

သူကရော ငါ့အတွက် ဘာတွေ ဖြည့်ဆည်းပေးသင့်တယ်။ ငါ့ရဲ့စိတ်ထဲမှာတော့ ဘယ်လိုတွေ ခံစားနေရလို့ နှစ်သိမ့်ပေးသင့်တယ် စတဲ့အတွေးမျိုးတွေ ရှိရင် အခုကတည်းက ဖျောက်ပစ်လိုက်ပါ။ သင့်ရဲ့ အိမ်ထောင်ဖက်သည် အကြားအမြင်ရနေတာမဟုတ်ပါဘူး။ သင့်ရဲ့စိတ်အခြေအနေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟပြောဆိုကာ တိုင်ပင်သင့်ပါတယ်။

အနိုင်ရလိုချင်စိတ် ပြင်းပြခြင်း

တစ်ယောက်နှင့်တစ်ယောက်သည် မာနကို ရှေ့တန်းတင်နေမယ်ဆိုရင်တော့ ထိုဆက်ဆံရေးသည် ရေရှည်တည်မြဲမှာမဟုတ်ပါဘူး။ အိမ်ထောင်ဖက်နှစ်ဦးကြား မင်္ဂလာ ခရီးလမ်း ကို ထာဝစဉ် တည်တံ့လိုပါက အနိုင်ယူချင်စိတ်ကိုလည်း ချိုးနှိမ်ထားရပါမယ်။ တစ်ယောက်ကို တစ်ယောက် အလျော့ပေးကာ အပေးအယူမျှမျှနှင့် ချစ်ချစ်ခင်ခင်ရှိမှသာလျှင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မှာပါ။

ကလေးယူဖို့ အဆင်သင့်မဖြစ်သေးဘဲနဲ့ ကလေးယူခြင်း

အချို့သော စုံတွဲတွေသည် ကလေးယူခြင်းက သူတို့နှစ်ယောက်ကြားမှာရှိနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။ တကယ်တော့ ထိုအယူအဆသည် မှားယွင်းနေတာဖြစ်ပါတယ်။ ကလေးကို အဆိပ်အတောက်ဆန်တဲ့ အိမ်ထောင်ရေးတစ်ခုကနေ ကြီးထွားမလာစေချင်ဘူးဆိုရင် နှစ်ယောက်ကြားထဲက ပြဿနာကို အရင်ဖြေရှင်းလိုက်ပါ။ ပြီးမှ ကလေးယူသင့် မယူသင့်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် အထိအတွေ့ မရှိခြင်း

လင်ရယ် မယားရယ်လို့ ဖြစ်လာတဲ့အခါမှာလည်း တစ်ယောက်နဲ့ တစ်ယောက်ကြား အထိအတွေ့ရှိခြင်းနှင့် လိင်မှုကိစ္စများသည်လည်း ပါဝင်လာမှာဖြစ်ပါတယ်။ အခြားသောအရေးကြီးကိစ္စများတွင်လည်း အပေးအယူမျှမျှ လုပ်ဆောင်တတ်ဖို့ လိုအပ်သလို လိင်မှုကိစ္စနှင့်ပတ်သက်လာလျှင်လည်း နှစ်ဦးသား ပွင့်ပွင့်လင်းလင်းရှိဖို့လိုအပ်ပါတယ်။

တစ်ယောက်ကို တစ်ယောက် တိုင်ပင်ခြင်းမရှိဘဲ တစ်ဖက်သတ်ဆုံးဖြတ်ချက်များ ချမှတ်ခြင်း

ဒီအချက်သည်လည်း သေသေချာချာ သိထားသင့်တဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ငါက အိမ်ထောင်ဦးစီးပဲ ငါ ဆုံးဖြတ်ရင် လိုက်နာရမယ်ဆိုတဲ့စိတ်မျိုး မထားရှိဘဲ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း တိုင်ပင်ကာ အကြံဉာဏ်များ ရယူသင့်ပါတယ်။ ဒါမှလည်း တစ်ဖက်လူကလည်း သူသည် လူရာသွင်းကာ တန်ဖိုးထားခံရပါလားဆိုတဲ့ စိတ်ခံစားချက်၊ စိတ်လုံခြုံမှုကို ရရှိမှာပဲဖြစ်ပါတယ်။

ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်က ကိုယ့်ဘေးနားမှာ တစ်သက်လုံးရှိနေမယ်၊ ကိုယ့်ကို တစ်သက်လုံးအနွံတာခံကာ

ချစ်နေမယ်လို့ တရားသေ ယူမှတ်ထားခြင်း

အချို့သောသူတွေမှာ ဒီလိုမျိုး စိတ်နေစိတ်ထားရှိကြတာကို ဘွင်းဘွင်းကြီး သိသိသာသာ တွေ့မြင်နေရတတ်ပါတယ်။ တစ်ဖက်လူက ငါ ဘာလုပ်လုပ် ငါ့ကို တစ်သက်လုံးချစ်နေမှာပဲ၊ ငါ့ကို သည်းခံနေဦးမှာပဲ။ ငါက သူ့ကို မကြင်နာပြလည်း၊ မချစ်ခင်ပြလည်း သူက ငါ့ကို ချစ်နေမှာပဲဆိုပြီး တရားသေ မယူဆသင့်ပါဘူး။ တစ်ဖက်လူမှာလည်း သည်းခံနိုင်တဲ့အတိုင်းအတာတစ်ခုဆိုတာ ရှိတဲ့အတွက်ကြောင့် သင့်ရဲ့ ဆိုးသွမ်းမှု၊ အနိုင်ကျင့်မှုတွေကို သည်းမခံနိုင်တော့တဲ့အခါ သင့်ကို တစ်နေ့ကျ စွန့်ခွာသွားပါလိမ့်မယ်။ ဒါ့ကြောင့် အနားနားမှာ ရှိနေချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ကြင်နာပါ။ ချစ်ခင်ပါ။ ကိုယ့်ရဲ့အချစ်တွေကိုလည်း မြင်သာအောင် ဖော်ပြတတ်ပါစေ။ ဒါမှ တချိန်ချိန်မှာ နောင်တနဲ့ မကြုံတွေ့ရမှာဖြစ်ပါတယ်။

ကွီးတို့လည်း ကိုယ့်ရဲ့ အိမ်ထောင်ရေးမှာ အဖုအထစ်ဖြစ်စေမယ့် အမှားများကို သိရှိထားတယ်ဆိုရင် အခြားသူတွေသိအောင်လည်း ဝေမျှပေးနိုင်ပါတယ်။

#relationship #goal #ooredoo #atom #king1mm

image
1 y - Translate

ခြေထောက်ကနေ အနံ့အသက်ဆိုးတွေ ထွက်နေမယ်ဆိုရင်တော့ ချစ်သူလေးတွေ စိတ်ညစ်သွားပြီး လူကြီးမင်းတို့ရဲ့ အနားမှာကြာကြာ‌ေနသွားမှာမဟုတ်ပါဘူး။ ခြေထောက် အနံ့ဆိုးတွေ ကို ဖျောက် ဖျက်ပစ်ချင်တယ်ဆိုရင်လည်း အလွယ်လေးပါပဲ။

အခုဖော်ပြမယ့် အချက်များထဲက လိုက်နာသင့်တဲ့ အချက်များကို လိုက်နာရမှာဖြစ်ပြီး ရှောင်ကြဥ်သင့်တဲ့အချက်များကိုလည်း ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။

လိုက်နာရမယ့် အချက်များ

(၁) တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ်ခန့် ခြေထောက်ဆေးပါ။

(၂) ခြေသည်းများကို ခပ်တိုတိုသာ ထားပါ။ ရှည်နေပါက ညှပ်ပစ်ပါ။ ခြေသည်းများကို သန့်သန့်ရှင်းရှင်းထားပါ။

(၃) ခြေထောက်လိမ်း ပေါင်ဒါများ အသုံးပြုပါ။

(၄) လေဝင်လေထွက်ကောင်းသော ခြေစွပ်များသာ ဝတ်ဆင်ပါ။

(၅) ရှူးဖိနပ်များကို နောက်တစ်ကြိမ် ထပ်မံ မဝတ်ဆင်ခံမှာ အရင်ဦးဆုံး အခြောက်ခံပါ။

ရှောင်ကြဥ်ရမယ့် အချက်များ
ခြေထောက် ဖျောက်

(၁) ရှူးဖိနပ် တစ်မျိုးတည်း (သို့) ခြေအိတ် တစ်စုံတည်းကို နှစ်ရက်ဆက်တိုက် မဝတ်ပါနဲ့။

(၂) ကြပ်ထုပ်လွန်းသော ဖိနပ်များ ဝတ်ဆင်ခြင်းမှ ရှောင်ကြဥ်ပါ။

(၃) စိုစွတ်သော Public ကြမ်းပြင်များပေါ်တွင် ဖိနပ်မပါဘဲ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းမှ ရှောင်ကြဥ်ပါ။

ဘာ့ကြောင့် အခုလိုမျိုး ခြေထောက်ကနေ အနံ့အသက်ဆိုးတွေ တားဆီးမရအောင် ထွက်နေရသလဲ
ခြေထောက် ဖျောက်

ကွီးတို့ ခန္ဓာကိုယ်၊ အထူးသဖြင့် ခြေထောက်က ချွေးထွက်တဲ့နှုန်းသည် အခြေအနေအမျိုးမျိုးပေါ် လိုက်ပြီး ပမာဏ အနည်း အများ ပြောင်းလဲသွားတတ်ပါတယ်။

ရာသီဥတု ပူအိုက်တဲ့အခါ
လေ့ကျင့်ခန်းများများ ပြုလုပ်ရတဲ့အခါ
တစ်နေကုန် မတ်တပ်ရပ်ရတဲ့အခါ
ခန္ဓာကိုယ်က ပုံမှန်အလေးချိန်ထက် ဝိတ်တက်လာတာ
ဟော်မုန်း အပြောင်းအလဲဖြစ်တဲ့အခါ
သောက်သုံးနေရတဲ့ ဆေးဝါးများ အစရှိတဲ့ အချက်များပေါ် မူတည်ပြီး ချွေးထွက်နှုန်းက ပြောင်းလဲသွားတတ်ပါတယ်။
ခြေထောက်က ချွေးအများကြီး ထွက်တဲ့အခါ ချွေးနဲ့အတူ ဘက်တီးရီးယားများ စုပုံလာပြီး မှိုရောဂါ စွဲကပ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ခြေထောက်ကနေ အနံ့အသက်ဆိုးတွေက တထောင်းထောင်း ထွက်နေရခြင်းဖြစ်ပါတယ်။

ကွီးတို့ရဲ့ ခြေထောက် က အနံ့ဆိုးတွေကို သဘာဝအတိုင်း ဖျောက် ဖျက်ချင်ပါသလား
ခြေထောက် ဖျောက်

ပထမတစ်နည်းကတော့ အယ်လ်ကိုဟော အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ဂွမ်းစပေါ်သို့ အယ်လ်ကိုဟော အနည်းငယ် လောင်းထည့်ပါ။ ထို့နောက် ခြေချောင်းများကြားထဲကို ထိုအယ်လ်ကိုဟော လောင်းထားသော ဂွမ်းစဖြင့် လိုက်လံ ပွတ်တိုက်ပေးလိုက်ပါ။

ဒုတိယတစ်နည်းကတော့ ဆားရေ (သို့) မုန့်ဖုတ်ဆိုဒါရေ အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ရေထဲသို့ ဆားအနည်းငယ် (သို့) မုန့်ဖုတ်ဆိုဒါ အနည်းငယ် ထည့်ပါ။ ထို့နောက် ခြေထောက်ကို ထိုရေထဲတွင် မိနစ်အနည်းငယ်ကြာအောင် စိမ်ထားလိုက်ပါ။

ဆား (သို့) မုန့်ဖုတ်ဆိုဒါတို့ကို အသုံးမပြုချင်ဘူးဆိုရင်တော့ ရှာလကာရည်ကိုလည်း အစားထိုး အသုံးပြုနိုင်ပါတယ်။

အထက်ဖော်ပြပါ နည်းလမ်းများထဲက တစ်ခုခုကို ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ခြေထောက်က အနံ့အသက်ဆိုးတွေက အချိန်တိုအတွင်းမှာ ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

#ခြေနံ့ #အနံ့ဆိုး #like #likewashing #likemyanmar #mpt #atom #sim #dance #b2b
#စကားပြန်

image