Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမျိုးသားများဟာ ခံစားနေရတဲ့ ကျန်းမာရေးဆိုင်ရာအခြေအနေများကို ပွင့်လင်းစွာဆွေးနွေးလေ့မရှိပါဖူး။ ရောဂါပြင်းထန်လာမှသာ ကုသမှုခံယူဖို့ စဉ်းစားလေ့ရှိပြီး ကျန်းမာရေးကို ပိုမိုထိခိုက်မှု ဖြစ်ပွားတတ်ပါတယ်။ အမျိုးသားအများစု ရင်ဆိုင်ရနိုင်တဲ့ ကျန်းမာရေး အခြေအနေ များကို ဖော်ပြပေးလိုက်ပါတယ်။
ဆီးကျိတ်ဆိုင်ရာ ရောဂါများ
- ဆီးကျိတ်ရောင်ခြင်း၊ ကြီးခြင်း၊ ဆီးကျိတ်ကင်ဆာ တို့ဟာ အသက်အရွယ်ရလာတဲ့ အမျိုးသားအများစု မှာဖြစ်ပေါ်နိုင်ပါတယ်။ ဆီးသွားတာနဲ့ နှစ်စဉ်ပုံမှန် ကျန်းမာရေး စစ်ဆေးခြင်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ရောဂါပြင်းထန်မှုမရှိခင် ကြိုတင် ကာကွယ်ကုသနိုင်ပါတယ်။
အရိုးအဆစ် ဆိုင်ရာ ရောဂါများ
- အသက်အရွယ် ကြီးမြင့်လာတဲ့ အမျိုးသားတွေမှာ ဖြစ်ပေါ်တတ်တဲ့ ခါးနာတာ၊ အရိုးအဆစ်များ ချိနဲ့လာတာ စတဲ့ ဝေဒနာများခံစားရနိုင်ပါတယ်။ အရိုးအဆစ်နဲ့ ကြွက်သားများကို ထောက်ပံ့ပေးတဲ့ ကယ်လ်ဆီယံနှင့် ပရိုတိန်း ဓာတ်များပါဝင်တဲ့ အစားအသောက်များကို စားသုံးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းဟာလည်း ခန္ဓာကိုယ် အရိုးအဆစ်များရဲ့ ကျန်းမာသန်စွမ်းခြင်းအတွက် အလွန်အရေးပါပါတယ်။ king1mm.com
မျိုးပွားမှုဆိုင်ရာ ရောဂါနှင့် အခြေအနေများ
- အမျိုးသားတိုင်း လိင်ပိုင်းဆိုင်ရာ ပြဿနာ အနည်းနှင့် အများကြုံတွေ့ရပါတယ်။ အဖြစ်များတဲ့ အခြေအနေတွေထဲမှာ ထောင်မတ်မှုအားနည်းခြင်း၊ ပြီးမြောက်မှုမြန်ခြင်း တို့ကိုတွေ့ရလေ့ရှိပါတယ်။ အိပ်ချိန်၊ အစားအသောက် နှင့် လေ့ကျင့်ခန်းကို ဂရုစိုက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းအောင် နေထိုင်နိုင်ပါတယ်။ အခြားကူးစက်ရောဂါများနှင့် ဟော်မုန်းဆိုင်ရာအခြေအနေများ ခံစားရပါက ကျွမ်းကျင်တဲ့ဆရာဝန် နှင့် ပြသပြီး စစ်ဆေးမှု ကို အမြန်ဆုံးခံယူကုသသင့်ပါတယ်။
ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အခြေအနေများ
- အသက်အရွယ်ရတာတာနှင့်အမျှ ဦးနှောက်၏ လုပ်ငန်းများ နှေးကွေးပျက်စီးလာနိုင်ပါတယ်။ တစ်ယောက်ချင်းစီ အလိုက် ပျက်စီးတဲ့နုန်းကွာခြားမှုများရှိတဲ့ အတွက် ဖြစ်ပေါ်တဲ့ အခြေအနေများ မတူညီနိုင်ပါဖူး။ စိုးရိမ်စိတ်ကို လျှော့ချပြီး စိတ်တည်ငြိမ်အေးချမ်းစေတဲ့ တရားထိုင်ခြင်းကဲ့သို့ စိတ်လေ့ကျင့်ခန်းများကို ပြုလုပ်သင့်ပါတယ်။
စိတ်ကျန်းမာရေး
- အမျိုးသားများဟာ စိတ်ကျန်းမာရေးနှင့် ပက်သက်ပြီး ပွင့်လင်းစွာ ကုသမှု ခံယူလေ့မရှိပါဖူး။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပြီး ဖြစ်ပေါ်နေတဲ့ ပြဿနာများအပေါ်မှာ မလိုလားအပ်တဲ့ ဖိအားများ ခံစားခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ နေထိုင်စားသောက်မှုပုံစံကိုလည်း စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ညီညွှတ်တဲ့ ပုံစံ နေထိုင်သင့်ပါတယ်။
#king1 #kingmyanmar #burmese #comedyinthecity #phuwintang
#သင့်မြတ် #ကျန်းမာရေး #လိပ်ခေါင်း #အမျိုးသား #အမျိုးသမီး #အဆစ်အမြစ်
MKyawKyaw
Delete Comment
Are you sure that you want to delete this comment ?