ဘယ်ခေတ်မှာမဆို
အချစ်ကြောင့် သေမလိုဖြစ်ခဲ့တဲ့
လူငယ်တွေ ရှိတယ်
ကံဆိုးတဲ့ လူငယ်အများစုကတော့
တကယ်မသေခဲ့ကြဘူး
#အောင်ခင်မြင့်

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘယ်ခေတ်မှာမဆို
အချစ်ကြောင့် သေမလိုဖြစ်ခဲ့တဲ့
လူငယ်တွေ ရှိတယ်
ကံဆိုးတဲ့ လူငယ်အများစုကတော့
တကယ်မသေခဲ့ကြဘူး
#အောင်ခင်မြင့်
ရန်ကုန်မြို့
မြောက်ဥကာလာပမြို့နယ်
မဟာကျိန်သစ္စာရှင်ဘုရားကြီး🙏
အခွင့်အခါပေးရင်လာရောက်ဖူးမျှော်ကြပါဦးနော်🙏
မဟာကျိန်သစ္စာရှင်ဘုရားကြီး သည် ရန်ကုန်မြို့တွင်ရှိသည့် ထင်ရှားသည့် ဘုရားတစ်ဆူ ဖြစ်သည်
မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်း၊ ဋ ရပ်ကွက်တွင် တည်ရှိသည်။ ရုပ်ပွားတော်မြတ်ကြီး၏ ကိန်းဝပ်တော်မူရာ ပလ္လင်သည် ၂၇ ပေ ၆ လက်မ မြင့်ပြီး ပလ္လင်အပါ အဝင်ရုပ်ပွားတော်မြတ်ကြီးသည် အထပ်ငါးထပ်ဖြင့် တည်ဆောက်ထားသည်။ စုစုပေါင်းအမြင့်ပေသည် ၁၂၉ ပေ ၆ လက်မ ရှိသည်
🚌YBSရောက်တဲ့ကားနံပါတ်များ
ဆင်းရမယ့်မှတ်တိုင် သုနန္ဒာမှတ်တိုင်ပါ
115/116/36/32/42/35
ရှေ့ဆက်တိုးရင်လည်း
နာကျင်ရမယ့်အတူတူ
ဒီလောက်နဲ့ ရပ်လိုက်ကြရအောင်လေ ...
ဘယ်လောက် အဝေးကိုပဲ
ပြေးကြည့် ပြေးကြည့် ဘယ်တော့မှ မနီးမယ့်
အနာဂတ်တွေကို ကြိုသိနေရပြီပဲ ။
ကိုယ့်ဖက်က ချည်ထားတဲ့ ကြိုးလေးမို့
ဒီနေ့ထိ မြဲနေခဲ့တယ်ဆိုတာမှန်း
သိလာရလေလေ ပိုနာကျင်ရလေလေပါပဲ
နေနိုင်ဖို့ ကြိုးစားကြည့်သေးတယ်
ဒါပေမယ့်
မင်းကို မချစ်ပဲ မနေနိုင်ခဲ့ဘူး
နေတတ်ဖို့ ကြိုးစားကြည့်သေးတယ်
ဒါပေမယ့်
မင်းလောက် မနေတတ်ခဲ့ဘူး ။
ကိုယ်မှ စာ စမပို့ရင်
ကိုယ်မှ ဖုန်း စမဆက်ရင်
အေးစက်နေတဲ့ ဆက်ဆံရေးကိုလေ
ဒီထက်ပိုပြီး နွေးထွေးအောင်
ကိုယ် မလုပ်တတ်တော့ဘူး ထင်ပါတယ် ။
ကိုယ့်ဖက်က ချည်ခဲ့တဲ့ကြိုးလေးမို့
ကိုယ့်ဖက်ကပဲ ပြန်ရုတ်သိမ်းတယ်လို့ပဲ
မှတ်ပါ ။
အဆုံးသ တ်တွေထိ
ရပ်စောင့်နေကြတာထက်စာရင်
ဒီထက်ပိုမနာကျင်ခင်
ရပ်လိုက်ကြတာ ကောင်းပါတယ် ။
//crd
ဘဝထဲကနေ ပယ်ချလိုက်တဲ့
list ကိုပြန်ကြည့်မိတော့
အချစ်ဆုံးဖြစ်ခဲ့တဲ့ လူတစ်ချို့ ရှိနေတယ်။
ကျွန်မက ပုံမှန်ဆိုသည်းခံတတ်တဲ့ လူထဲမှာပါတယ်
သည်းခံနိုင်တဲ့ limitကို မပြည့်မချင်း ဒီလူဟာ ဘဝထဲမှာ လွတ်လွတ်လပ်လပ်နေနိုင်တယ်။
ကျော်သွားတဲ့ အချိန်ရောက်ပြီ ဆိုရင်တော့ ဘယ်လိုဖြစ်တည်မှုမျိုးနဲ့ တည်ရှိနေတဲ့ သူဖြစ်ပါစေ ဘဝထဲက ကျွန်မကိုယ်တိုင်ဆွဲထုတ်ပစ်ရဲတဲ့ သတ္တိမျိုးလည်းရှိတယ်။
"သူကတော့ ငါ့ဘဝရဲ့မရှိမဖြစ်မို့ သူဘာပဲလုပ်ပါစေ ငါခွင့်လွှတ်မယ်" ဆိုတဲ့အသည်းနှလုံး ကျွန်မမှာမရှိဘူး။
ဘယ်လို လူမျိုးဖြစ်ပါစေ
သည်းခံနိုင်မှု ခွင့်လွှတ်နိုင်မှု limitတွင်းမှာပဲ
အကြိမ်ကြိမ်မှားခွင့်ရှိမယ် ပြင်ဆင်ခွင့်ရှိမယ်။
တစ်ချို့က ကျွန်မရဲ့
ခွင့်လွှတ်နိုင်ခြင်းအတိုင်းအတာကိုကျော်သွားခဲ့ကြတယ်။
စိတ်မကောင်းတာ တစ်ခုကတော့ ကျွန်မတို့ရင်ထဲမှာ တကူးတကထည့်ထားတတ်တဲ့ လူတစ်ချို့ကပဲ ကျွန်မတို့ကို အကြိမ်ကြိမ် နာကျင်စေခဲ့ကြတယ်ဆိုတာပါပဲ ....
#ကူးယူသည်။