1 y - Translate

Gems
Natural Peridot 💚
Natural Topaz 🤍

အစိမ်းကအသဲပုံလေးတွေ အရွယ်ညီညီ အသန့်အလှလေး
အဖြူလေးက မိုးစက်Cutting လေး ဖြူဖွေး ပွင့်စင်သန့်

သဘာဝကာလာလေးတွေပါရှင့်
Effect လုံးဝမသုံးပါနော်

#ruby

Mrg Apartments changed his profile picture
1 y

image

image

image
1 y - Translate

အချစ်ခံနေရပြီလို့
ထင်နေတုန်းမှာပဲ
တဖက်လူကရုတ်တရက်
ပြောင်းလဲသွားတော့
ကိုယ့်မှာ ရှက်ရှက်နဲ့ပြုံးမိသေးတယ် ။

#crd

image
1 y - Translate

ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ ။

#ကြည်ဇော်အေး

image
1 y - Translate

တချို့က ပြောကြတယ်
မေ့သင့်တဲ့သူကို မေ့ပြီး ချစ်သင့်တဲ့သူကို ချစ်ပါတဲ့။

ဒါပင့်မယ့် ကျတော်အတွက်တော့ အရမ်းခက်ခဲတယ်ဗျ
ဆုံးဖြတ်ချက်တွေ မခိုင်မာတော့ဘူး။

ရှေ့တိုးရမလား နောက်ဆုတ်ရမလား
ဒီတိုင်းလေးဘဲ ရပ်နေရမလား။

ဘာကိုမှ ရေရေရာမသိတော့ဘူး
တစ်နေကုန် ရင်ထဲစို့နင့်နေတာဘဲသိတယ်။

ပင်ပန်းလိုက်တာဗျာ.....။🥺

ဆန်း#?

image
1 y - Translate

မန်ဒီကို စာချုပ်သစ်ချုပ်မည်ဟု အန်ဆလော့တီ အတည်ပြု
-----------------------
ပြင်သစ် ဘယ်နောက်ခံလူ မန်ဒီကို စာချုပ်သစ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ ရီးရဲလ်နည်းပြ အန်ဆလော့တီက အတည်ပြုသွားခဲ့ပါတယ်။ မန်ဒီဟာ ရီးရဲလ်အသင်းကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ရောက်နေခဲ့သူဖြစ်ပြီး ဒဏ်ရာ ကြောင့် မကြာခဏ အနားယူခဲ့ရပါတယ်။

ဒါပေမဲ့ ကြံ့ခိုင်မှုအပြည့်ရှိတဲ့ အချိန်တိုင်းမှာ အသင်းရဲ့ အဓိက ကစား သမားအဖြစ် ကစားပေးခဲ့သူဖြစ်တာကြောင့် အခုလိုမျိုး စာချုပ်သစ် ချုပ်ဖို့ကို ရီးရဲလ်ဘက်က ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ မန်ဒီရဲ့လက်ရှိစာချုပ်က ၂၀၂၅ နွေမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အရ မန်ဒီအနေနဲ့ စပိန်မှာ ၂၀၂၇ အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ နည်းပြ အန်ဆလော့တီကတော့ အသင်းနဲ့အတူ မန်ဒီ ဆက်ရှိနေမှာဖြစ်လို့ ဝမ်းသာမိသလို မန်ဒီဟာ အသင်း အတွက် အရေးပါတဲ့ ကစားသမားလည်း ဖြစ်တယ်လို့ ပြောထားပါတယ်။

မန်ဒီဟာ ဘယ်နောက်ခံလူနေရာမှာ အကောင်းဆုံးကစားသမားဖြစ်သလို တိုက်စစ်ကို လိုက်ပါနိုင်မှုလည်း ကောင်း မွန်တယ်လို့ နည်းပြအန်ဆလော့တီက ချီးကျူးထားခဲ့ဖူးပါတယ်။ အသက် ၂၉ နှစ်အရွယ် မန်ဒီဟာ အခုရာသီမှာ ရီးရဲလ်အသင်းအတွက် လာလီဂါပွဲစဉ် ၄ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၆ ပွဲအထိ ပါဝင် ကစားပေးထား တာဖြစ်ပါတယ်။

image
1 y - Translate

စျေးက😁 ရောင်းမကောင်းရတဲ့အထဲ😁

ကိုအောင်နက်က😁 လာပိုးနေတော့😁 စိတ်ညစ်တယ်😂😂

image
1 y - Translate

လူပြောများနေတဲ့ မြေရှားသတ္တုအကြောင်း...(မြေရှားသတ္တုဆိုတာဘာလဲ...?)

ဒီတစ်ခေါက်တော့ လူပြောများနေတဲ့ မြေရှားသတ္တုအကြောင်း ရှာဖွေတ င်ပြ လိုက်ပါတယ်။
မြေရှားသတ္တု (သို့မဟုတ်) မြေရှားဒြပ်စင် ဆိုတာ သဘာဝဒြပ်စင်မဟုတ်ဘဲ လူလုပ်ဒြပ်စင်တစ်မျိုးသာ ဖြစ်ပါတယ်လို့ဆိုရင် စာရှု့သူတို့ အံ့အားသင့်သွားမှာပါ။
တနည်းအားဖြင့် Natural Product မဟုတ်ဘဲ Synthesis Product လို့ ပြောတာပါ။
သူ့ကို REE(Rare EarthElements ) လို့ခေါ်ပြီး REE ထဲမှာ သတ္တုဒြပ်စင်တွေ (၁၇) မျိုးအထိ ရောနှောပါဝင်နေပါတယ်တဲ့။ သူတို့ဟာ ဒြပ်ပေါင်းအနေနဲ့ တည်ရှိနေတာဖြစ်ပြီး ဓါတုဖွဲ့စည်းပုံအရ တစ်ခုနဲ့တစ်ခု ခွဲခြားထုတ်ယူဖို့ ခက်ပါတယ်။
REE တွေကို ခွဲထုတ်ဖို့ခက်ခဲလို့ ရှားပါးမြေသား (Rare Earth)လို့ ခေါ်ကြတာ ဖြစ်ပါတယ်။
သူက တခြားတွင်းထွက်ဒြပ်စင်တွေလို အစုလိုက်အပုံလိုက် ရှိနေတာမျိုးလည်း မဟုတ်ပြန်ပါဘူး။
ဒါပေမဲ့ ကမ္ဘာမြေမျက်နှာပြင်ရဲ့ အပေါ်ယံအလွှာ (Outer shell) တနည်း (Earth Crust) မှာတော့ မြေသား၊ ကျောက်သားတွေနဲ့ ရောနှောပြီးအများအပြား ပါဝင်နေပါတယ်တဲ့။
မြေရှားသတ္တုကို စတင်တွေ့ရှိတာကတော့ ၁၇၈၀ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံရဲ့ Ytterby အရပ်မှာ Lieutenant Carl Axel Arrhenius ဆိုသူက တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိတဲ့အရပ်ကိုစွဲလို့ Ytterbite လို့ အမည် ပေးခဲ့ကြပါတယ်။
၁၈၀၀ ခုနှစ်လောက်မှာ ဂါနိုလီနိုက် (Gadolinite) လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။
နောက်ထပ် အနှစ် (၃၀) လောက်အကြာမှာတော့ သတ္တုရိုင်း (Ores) နှစ်မျိုးဖြစ်တဲ့ (Ceria) ဆီရီယာနဲ့ (Yttria) ယက်ထရီယာတို့မှာ ဒီ မြေရှားဒြပ်စင် (REE) တွေ ရောနှောပါဝင်နေတာကို တွေ့ရှိခဲ့ကြပြန်ပါတယ်။
ဒီနေ့ခေတ်မှာတော့ REE တွေကို အပေါ့စား (Light REE)၊ အလတ်စား (Medium REE) နဲ့ အလေးစား (Heavy REE) ဆိုပြီး (၃) မျိုး ခွဲခြားကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဟယ်လမင်းခရိုင်က ခန်နာရှင်းကျေးရွာမှာ မီးတောင်ကထွက်တဲ့ ချော်ရည်ကျောက်တွေမှာ မြေရှားသတ္တုတွေ ပါဝင်တယ်လို့ တချိန်က အာဖဂန်ကို ကျူးကျော်ခဲ့တဲ့ ဆိုဗီယက်တို့က ပြောကြားခဲ့ဖူးပါတယ်။
ဒီသတင်းကြောင့် ယူအက်စ်က USGS (United State Geological Servey) အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ သွားရောက်စမ်းသပ်ခဲ့ကြပါတယ်။
သူတို့ဟာ စ-စ်တ ပ်အစောင့်အ ရှောက်နဲ့ သွားရောက်ခဲ့ရတာဖြစ်ပြီး တွေ့ရှိချက်အရ မြေရှားသတ္တုတွေထွက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
USGS အဖွဲ့ဟာ ဒီ မီးတောင်ချော်ရည်ကျောက်ထဲက အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံဖိုးလောက်အထိထုတ်ယူ နိုင်မှာဖြစ်ပြီး (၁၀)နှစ်လောက် ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
တရုပ်ကတော့ ကမ္ဘာမှာ မြေရှားသတ္တုအများဆုံး ထုတ်လုပ်သူအဖြစ် နာမည်ခံထားပါတယ်။ အများဆုံးသုံးစွဲသူလည်း ဖြစ်ပါတယ်တဲ့။
အီလက်ထရောနစ်နဲ့ ပါတ်သက်တဲ့ ပစ္စည်းတွေမှာ မြေရှားသတ္တုကို အသုံး ပြု ထုတ်လုပ်တာဖြစ်ပြီး ပြည်တွင်းထုတ်ကုန်အနေနဲ့ရော ပြည်ပပို့ကုန်အနေနဲ့ပါ သူကသုံးပါတယ်။
ဂျပန်နဲ့ အမေရိကန်ကတော့ ဒုတိယနဲ့ တတိယအများဆုံး ထုတ်လုပ်သုံးစွဲသူတွေ ဖြစ်ကြပါတယ်။
တရုပ်အကြောင်းပြောရရင်တော့ တရုပ်ဟာ သူ့ရဲ့ တန်ဖိုးမြင့် ထုတ်ကုန်ပစ္စည်းဈေးကွက်ကို ကာကွယ်ဖို့ REE ကို ကုန်ကြမ်းအဖြစ်ရောင်းချတာ မလုပ်ပါဘူး။
ဒါကြောင့်လည်း REE ကို အိတ်စပို့ကဏ္ဍကို တင်းကြပ်စွာ ကန့်သတ်ထားပါတယ်။ (Import ကတော့ လာထားပေါ့နော်။) တရုပ်ရဲ့ လုပ်ဆောင်ချက်ကြောင့် REE ဈေးကွက်မှာ ဈေးနှုန်းဟာ ခေါင်ခိုက်နေတာ ဖြစ်ပါတယ်။
တဖက်ကကြည့်ရင်လည်း ကမ္ဘာကြီးမှာ REE လိုအပ်ချက်က မြင့်မားလို့နေပါတယ်။
စ စ် ရေး၊ ကာကွယ်ရေး၊ လေကြောင်းလုပ်ငန်း၊ အီလက်ထရောနစ်လုပ်ငန်းတွေမှာ မြေရှားသတ္တုဟာ မပါမဖြစ် အရေးပါလှပါတယ်။
REE နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေဟာ ကျနော်တို့နေ့စဉ်ဘဝမှာ တော် တော်များများ နေရာယူထားကြပါတယ်။
ကွန်ပျူတာမှတ်ဉာဏ် (Computer Memory)တွေ၊ DVD တွေ၊ ဓါတ်ခဲတွေ၊ ဆဲလ်ဖုန်းတွေ၊ မီးလုံးမီးချောင်း (LED) တွေ၊ မမ်မိုရီစတစ်တွေကအစ REE တွေ ပါဝင်နေပါတယ်။
တရုပ်ဆိုရင် စိုက်ပျိုးရေးမှာ သီးနှံတွေ ကြီးထွားပြီး အထွက်နှုန်းကောင်းအောင် မြေဩဇာအနေနဲ့ သုံးသလို၊ မွေးမြူရေးမှာလည်း ဥကြီးကြီးဥဖို့၊ အသားတိုးဖို့ အစာတွေထဲမှာတောင် ထည့်သွင်းအသုံး ပြု နေကြပါပြီတဲ့။
နိဂုံးချုပ် ပြောရရင်တော့....
မြေရှားသတ္တုဟာ ထုတ်လုပ်ဖို့ ခက်ခဲသလို၊ ဈေးကောင်းလို့ အလုအယက် ထုတ်ယူနေကြတာတွေ ကြားနေ၊မြင်နေရပါတယ်။ ဒါပေမဲ့ အသုံးပြုတဲ့နည်းလမ်း မှန်ကန်ဖို့ လိုပါတယ်။
နည်းလမ်းမမှန်ကန်ရင်တော့ ဘေးထွက် စွန့်ပစ်ပစ္စည်းတွေကြောင့် လူသားနဲ့ သဘာဝပါတ်ဝန်းကျင်ကို ဆိုး ရွား စွာ ထိခို က်စေနို င်ပါတယ်လို့ တင်ပြရင်း အဆုံးသတ်ပါရစေ။

image