ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်ဖက်လူရဲ့ ဘဝထဲကို လက်ဆောင်လေးအဖြစ်ပဲ
ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်
ကိုယ်နဲ့ရှိရရင် ပြုံးရယ်ရပြီး
ကိုယ့်ကြောင့်ပဲ အေးမြမှုကို ရရှိစေချင်ပါတယ်
ပိုင်ရှင်ရဲ့ အကြည်ဓာတ်ကလေးအဖြစ်ပဲ
ကာလရှည် တည်ရှိသွားချင်ပါတယ် ။
#crd 🌻🤍
ဂျိုကိုဗစ် ရှန်ဟိုင်းမာစတာ စတုတ္ထအဆင့်တက်
-------------------
ရှန်ဟိုင်းမာစတာ တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၄ ကြိမ်ရရှိထားတဲ့ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ အခုနှစ် ပြိုင်ပွဲမှာလည်း စတုတ္ထအဆင့်ကို တက်သွားခဲ့ပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ တတိယ အဆင့်ပွဲမှာ ဂျိုကိုဗစ်ဟာ အီတလီနိုင်ငံသား ကိုဘိုလီနဲ့ ဆုံတွေ့ခဲ့ရတာဖြစ်ပြီး ကမ္ဘာ့အဆင့်-၂ ဂျိုကိုဗစ်အတွက် အခုပွဲစဉ်က သက်သောင့်သက်သာရှိခဲ့တာပါ။
ဆီဒင်အဆင့်-၂၈ ရထားတဲ့ ကိုဘိုလီက အကောင်းဆုံးကြိုးစားခဲ့ ပေမယ့် ဂျိုကိုဗစ်ရဲ့ အတွေ့အကြုံနဲ့လက်စွမ်း ကိုတော့ မယှဉ်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရပါတယ်။ ပွဲကစားချိန် (၁)နာရီနဲ့ ၃ မိနစ်သာ ကြာမြင့်ခဲ့ပြီးနောက် ဂျိုကိုဗစ်က (၆း၁၊၆း၂)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး စတုတ္ထအဆင့်ကို တက်ရောက် သွားခဲ့တာဖြစ်ပါတယ်။ ဆီဒင်အဆင့်-၄ ရထားတဲ့ ဂျိုကိုဗစ်ဟာ စတုတ္ထအဆင့်မှာ ရုရှားနိုင်ငံသား ဆာဖျူလင်နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဆာဖျူလင်ကတော့ တတိယအဆင့်မှာ ဆီဒင်အဆင့်-၁၃ ရထားတဲ့ အမေရိကန်နိုင်ငံသား တီယာဖိုကို အကြိတ် အနယ်ကစားပြီး အနိုင်ယူကျော်ဖြတ်လာခဲ့တာဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဆာဖျူလင်နဲ့ အခုပွဲစဉ်မတိုင်ခင် နှစ်ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး နှစ်ကြိမ်စလုံးမှာ အနိုင်ရထားခဲ့တာဖြစ်လို့ အခုပွဲစဉ်မှာလည်း အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်မယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။