ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗမာကြက်အသဲမြစ်ဆီပြန်
ကြက်သဲမြစ်ကိုဆားနနွမ်းအရသာသွင်းထား
ငြုပ်ပုဂျင်းကြက်သွန်ဖြူထောင်းမယ်နော်.
ကြက်သွန်နီပါးပါးလှီးကြော်. ကြော်ပီးသားကို
ထောင်းထားမယ်နော်. ငြုပ်သီးဆီသတ်မယ်
ကြက်သားထည့်လုံးပါ. ရေနဲနဲထည့်မယ်. ဆူလာရင်ကြက်သွန်ကြော်ထောင်းထားတာထည့်မယ်. အိုးချခါနီး၁ဆလာအုပ်လိုက်တယ်နော်.
အရမ်းကိုမွှေ း ပီးအရသာကောင်းမွန်တဲ့့ ကြက်သဲမြစ်မဆလာဟင်းလေး ရပါပီ.
သူဌေးကြီး အီလွန်မက်စ်ကတော့ ရှယ်တွေ လုပ်ပြပါဦးမယ်၊ အားသွင်းစရာမလို၊ အင်တာနက် မလိုတဲ့ ပိုင်ဖုန်း ထုတ်ပါဦးမယ်တဲ့၊
အင်တာနက် မရှိလို့၊ ဝိုင်ဖိုင်မရလို့ ဖုန်းမသုံးနိုင်လို့ စိတ်ပျက်နေသူများအတွက် သတင်းကောင်းပါ။ တယ်စလာ ကားတီထွင်ဖန်တီးသူ၊ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး စာရင်းဝင် အီလွန်မက်စ် က ၂၀၂၄ မကုန်ခင်မှာ Tesla Pi အမည်ရှိ ဖုန်းကို စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။
ဒီဖုန်းက ၁။ ဘက်တရီ အားသွင်းဖို့မလို။ ဆိုလာ စနစ်နဲ့ သူ့ဟာသူ အားသွင်းမှာဖြစ်ပြီး နေပူအောက်မှာ သွားထားစရာလည်းမလိုပါ။ (နေရောင်ရနေတဲ့နေရာဆို ရပြီဆိုတဲ့သဘောပေါ့။)
၂။ ဖုန်းသုံးဖို့ အင်တာနက်မလို။ ဒီဖုန်းက တကမ္ဘာလုံးကို လွှမ်းခြုံထားတဲ့ အီလွန်မက်စ် စတားလင့်ခ် နဲ့ ဆက်သွယ်ထားတာမို့ ဘယ်နေရာသွားသွား အင်တာနက်မလို၊ ဝိုင်ဖိုင်မလိုပါ။ (တောကြီးမျက်မဲထဲလည်း သုံးလို့ရတဲ့သဘောပေါ့။)
၃။ ကမ္ဘာ၊ လ နဲ့ အင်္ဂါဂြိုလကိုလည်း ဆက်သွယ်လို့ရပါတယ်တဲ့။ ဒီ ပိုင်ဖုန်းရဲ့စျေးကတော့ ဒေါ်လာ ၂၅၀ လို့ ခန့်မှန်းရေးထားတာ တွေ့တယ်။ ပန်းသီးဖုန်း အိုင်ဖုန်း ၁၆ ပရိုမက်စ်နဲ့စာရင် စျေးက အတော်ချိုပါတယ်။ ဒီဖုန်းထွက်လာရင်ရော ဘယ်သူတွေ အလုအယက်ဝယ်ကြအုန်းမှာလဲ၊ စောင့်ကြည့်ရအုန်းမှာပေါ့လေ။
ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် နိုင်ငံခြားငွေစျေးများ ပြန်တက်ပြီ
(အောက်တိုဘာလ ၁၉ ရက်)
ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ
အမေရိကန်ဒေါ်လာ 4450 – 4550
စင်ကာပူဒေါ်လာ 3370 – 3470
ဥရောပယူရို 4720 – 4850
ဂျပန်ယန်း 28.94 – 29.70
တောင်ကိုရီးယားဝမ် 3.25 – 3.35
အိန္ဒိယရူပီး 51.08 – 52.48
မလေးရှားရင်းဂစ် 1010 – 1040
တရုတ်ယွမ် 615 – 635
ထိုင်းဘတ် 130.89 – 135.13
ပြင်ပ ရွှေဈေးကွက်မှာတော့
၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,300,000
ဝယ်စျေး 6,200,000
၁၅ ပဲရည်
ရောင်းစျေး 5,900,000
ဝယ်စျေး 5,800,000
ရွှေကုန်သည်အသင်း (ရန်ကုန်) သတ်မှတ်စျေးကတော့
၁၆ ပဲရည် မီးလင်း - 5,425,000
၁၅ ပဲရည် - 5,085,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2721 ဒေါ်လာ ဖြစ်သည်။
နောက်ခံလူအာနိုးလ်၏ အနာဂတ်ကိစ္စ မဖြေကြားနိုင်ကြောင်း လီဗာပူးနည်းပြ ပြော
နောက်ခံလူ အာနိုးလ်ရဲ့ အနာဂတ်ကိစ္စ မဖြေကြားနိုင်ကြောင်း လီဗာပူးနည်းပြ အာနဲစလော့ က ပြောသွားပါတယ်။
လီဗာပူးအသင်းမှာ နောက်ခံလူ အာနိုးလ် အပါအဝင် ဗန်ဒိုက်နဲ့ ဆာလာ တို့ဟာလည်း အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းမှာ ဆက်ရှိဖို့ မသေချာတဲ့ အခြေအနေ ရောက်ရှိလာခဲ့တာပါ။
နည်းပြ အာနဲစလော့ကတော့ အာနိုးလ်ရဲ့ အနာဂတ်ကိစ္စအပေါ် ဖြေကြားဖို့ ငြင်းဆန်ခဲ့ပြီး အင်္ဂလန်အတွက် ဖရီးကစ်ကနေ လှပတဲ့ ဂိုးသွင်းခဲ့ကြောင်း၊ အပြောင်းအရွှေ့သတင်းတွေ ထွက်နေတာက သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း နည်းပြ စလော့က ပြောပါတယ်။
အာနိုးလ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ စတင်ကြိုးပမ်းမယ်လို့ သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။
DVB