50 ပတ် - ဘာသာပြန်ပါ။

Trendy Peekaboo Hair Ideas 😍💖

image
50 ပတ် - ဘာသာပြန်ပါ။

Trendy Peekaboo Hair Ideas 😍💖

image
50 ပတ် - ဘာသာပြန်ပါ။

Trendy Peekaboo Hair Ideas 😍💖

image
50 ပတ် - ဘာသာပြန်ပါ။

Trendy Peekaboo Hair Ideas 😍💖

imageimage
+5

50 ပတ် - ဘာသာပြန်ပါ။

ညနေဖက်တွေမှာ ပန်းပွင့်‌လေးတွေပေါ်နားနေကြတဲ့ ပျားတွေဟာ အိုမင်းနေကြပြီဖြစ်တဲ့ ပျားတွေဆိုတာ သင်သိပါသလား။
အိုမင်းပြီး နာမကျန်းဖြစ်နေကြတဲ့ ပျားတွေဟာ သူတိူ့ရဲ့ နောက်ဆုံးအချိန်မှာ ပျားအုံဆီကို ပြန်မသွားကြတော့ပါဘူး။
သူတို့ရဲ့ နောက်ဆုံးညကို ပန်းပွင့်တွေပေါ်မှာပဲ ကုန်ဆုံးစေကြပါတယ်။ အကယ်၍ နောက်နေ့ နေထွက်တဲ့အထိ သူတို့ရှင်သန်နေကြသေးတယ်ဆိုရင်တော့ ရှိသမျှအားအင်တွေကို စုစည်းပြီး သူတို့ရဲ့ ပျားအုံကြီးဆီကို ပန်းဝတ်မှုန်တွေနဲ့ ပန်းဝတ်ရည်တွေ သယ်ပို့ပေးကြပြန်ပါတယ်။
သူတို့ရဲ့ နောက်ဆုံးအချိန်ကို သူတို့ အလိုလိုသိကြပါတယ်။ သူတို့‌သေဆုံးချိန်ကို ပျားအုံထဲမှာနေရင်း စောင့်မနေချင်ကြပါဘူး။ သူတို့အတွက်ကြောင့် တခြားပျားတွေ ဝန်ထုတ်ဝန်ပိုးဖြစ်မှာကို သူတို့မလိုလားကြတဲ့ သဘောပါပဲ။
ဒါကြောင့် ညနေပိုင်းဖြစ်ဖြစ် ညပိုင်းမှာပဲဖြစ်ဖြစ် ပန်းပွင့်လေးတွေပေါ်မှာ နားနေကြတဲ့ ပျားအိုလေးတစ်‌ကောင်ကို သင်ထပ်ပြီးတွေ့တယ်ဆိုရင်ဖြင့် နောက်ဆုံးအချိန်အထိ သူ့တာဝန်သူကျေခဲ့တဲ့ ပျားလေးကို သူ့ဝန်ဆောင်မှုအတွက် ကျေးဇူးတင်လိုက်ပါ။
Did you know, those little bees you see in the evening sitting on flowers are old bees.
Old & sick bees don't return to the hive at the end of their day.
They spend the night on flowers, and if they have the chance to see another sunrise, they resume their activity by bringing pollen or nectar to the colony.
They do this sensing that the end is near.
No bee waits to die in the hive so as not to burden the others.
So, next time you see an old little bee sat upon a flower as the night closes in...
...thank the little bee for her life long service.

image
50 ပတ် - ဘာသာပြန်ပါ။

မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းများလောင်းလှူ

မကွေးတိုင်းအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ အောက်တိုဘာ ၁၉ ရက်နံနက် ၇ နာရီက စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ လောင်းလှူခဲ့ကြသည်။

မကွေးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံ ဃာတော်များ၊ သီလရှင် ဆရာကြီး/ဆရာလေး (၁၂၁)ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ကို မကွေး တိုင်းဝန်ကြီးချုပ်ဦးတင့်လွင်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များက လောင်းလှူပူဇော်ခဲ့ကြသည်။

မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်းဖြစ်သည့် အောက်တိုဘာ ၁၇ရက်(သီတင်းကျွတ်လပြည့်နေ့)ကလည်း စေတီတော်မြတ်ကြီးအား ဆီ မီး(၉၀၀၀)ထွန်းညှိပူဇော်ခြင်းအပြင် ပန်း (၉၀၀၀)၊ နံ့သာ(၉၀၀၀)ဆက်ကပ်ပူဇော်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တို ဘာ ၁၂ ရက်မှ ၃၁ ရက်အထိ ရက်(၂၀)တိုင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။

image

50 ပတ် - ဘာသာပြန်ပါ။

လက်ဝှေ့အားကစား တိုးတက်လာစေရန်အဆင့်မြင့် နည်းစနစ်သင်တန်း (၂)ပတ်ကြာ သင်ကြားပို့ချမည်

မြန်မာနိုင်ငံတွင် မျိုးဆက်သစ် လက်ဝှေ့ကစားသမားများပေါ်ထွက်လာရန်နှင့် လက်ဝှေ့အားကစား အဆင့်မြင့်တိုးတက်လာစေရန်ရည်ရွယ်၍ Boxing Advanced Training Classကို (၂)ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ထံမှ သိရသည်။

အဆိုပါ အဆင့်မြင့်နည်းစနစ်သင်တန်းကို ၂၀၂၃ ခုနှစ် အာဆီယံ ကြေးတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင်ကစားသမား ကိုလင်းထွဋ်ပိုင်နှင့် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် နည်းပြ ဆရာများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းကို အောက်တိုဘာ(၂၆)ရက်မှ နိုဝင်ဘာလ (၈) ရက်အထိ ရန်ကုန်မြို့၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် လေ့ကျင့်ရေးရုံ (သုဝဏ္ဏ)တွင် အပတ်စဥ် စနေ၊ တနင်္ဂနွေနေ့များ၌ နံနက်(၇)နာရီမှ (၉)နာရီအထိ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်သည်။

Advanced Level Training Class ဖြစ်သောကြောင့် သင်တန်းတက်ရောက်လိုသူများသည် Boxing အခြေခံပညာများကို အတိုင်းအတာတခုထိ လေ့လာသိရှိနားလည်ပီးသူများဖြစ်ရန် လိုအပ်ပြီးသင်တန်းသားဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသင်ကြားသွားမည်ဖြစ်သည်။

ယင်း သင်တန်းကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

image
50 ပတ် - ဘာသာပြန်ပါ။

မန္တလေးမြို့တွင် လုယ-က်မှု(၁၆)ကြိမ်ကျူးလွန်ခဲ့သူ (၃)ဦးကိုဖမ်းမိ

မန္တလေးမြို့ရှိ ရပ်ကွက်များအတွင်းသွားလာနေသူများကို လုယ-က်မှု(၁၆)ကြိမ်ကျူးလွန်ခဲ့သည့် အမျိုးသား(၃)ဦးကို အောက်တိုဘာ ၁၉ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ မန္တလေးမြို့ရှိ ရပ်ကွက်များအတွင်းသွားလာနေသူများထံမှ ရွှေဆွဲကြိုးများလုယ-က်နေသူများကိုဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ လုယ-က်မှုအကြိမ် ကြိမ်ကျူးလွန်သူများဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ကျူးကျော်တဲနေသူများဖြစ်သော ဇော်လင်းအောင်(ခ)မဲကြီး (၃၆)နှစ်၊ ထွန်းတောက်လင်း(ခ)ဖက်တီး(၂၁)နှစ်၊ သိန်းဝင်းအောင်(ခ)စွေစောင်း(၁၉)နှစ်တို့အား အောက်တိုဘာ ၁၉ ရက်က အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ၎င်းတို့သည် ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဇွန်လအတွင်းက ရွှေထည်ပစ္စည်းလုယ-က်မှု(၇)ကြိမ်၊ ဇူလိုင်လအတွင်းက ရွှေထည်ပစ္စည်းလုယ-က်မှု (၃)ကြိမ်၊ သြဂုတ်လအတွင်းက ရွှေထည်ပစ္စည်းလုယက်မှု(၃)ကြိမ်၊ စက်တင်ဘာလအတွင်းက ရွှေထည်ပစ္စည်းလုယ-က်မှု (၃)ကြိမ်(စုစုပေါင်း ရွှေထည်ပစ္စည်းလုယ-က်မှု ၁၆ ကြိမ်)ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ၎င်းတို့လု ယ-က်မှုကျူးလွန်ပြီး ထုခွဲရောင်းချထားသည့် ရွှေထည်ပစ္စည်းများကို သက်ဆိုင်ရာနေရာအသီးသီးတွင် ရှာဖွေသိမ်းဆည်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဖမ်းဆီးရမိခဲ့သူ(၃)ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုများဖွင့်လှစ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။