Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စိတ်ထားကောင်းကောင်းထားတတ်ရင်
အချစ်ရေးမှာလည်း ကံကောင်းတတ်တယ်တဲ့။
ဘယ်သူ့ကိုပဲ ချစ်ချစ် ၊
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ပဲ ချစ်ပေးလိုက်ပါ။
တစ်ယောက်ထဲနဲ့ပဲ လုံလောက်ပြီး
တစ်ယောက်ထဲကိုသာ သစ္စာရှိရှိမြတ်နိုးပေးလိုက်ပါ။
စိတ်ရင်းမှန်မှန်ထားတတ်တဲ့စိတ်ကြောင့်၊
ဘယ်သူ့အပေါ်မှ cheating မလုပ်တတ်တဲ့စိတ်ကြောင့်
မင်းအပေါ် အရမ်းကောင်းပေးနိုင်တဲ့
right personနဲ့ တွေ့လာမှာပါ။
စိတ်ထားကောင်းကောင်းထားတာလေးကြောင့်
ကံလည်း ကောင်းလာမှာပါ ။
"စိတ်ထားကောင်းကောင်းထားပေးရင်း
ချစ်ပေးနေတာပဲ ။
အဲ့ဒါကို ဘာလို့ ကိုယ့်အပေါ်မှာ မကောင်းတဲ့သူတွေနဲ့ပဲ
အမြဲတွေ့နေရတာလဲ " ဆိုပြီး မေးနိုင်စရာရှိပါတယ်။
မင်းနဲ့မထိုက်တန်လို့ပေါ့။
မင်းနဲ့အကောင်းဆုံးထိုက်တန်မဲ့သူနဲ့ တွေ့လာမှာမို့
မင်းအပေါ်မကောင်းတဲ့သူတွေနဲ့
ဝေးရတာ။
အဲ့ဒါလေးကိုတော့ ယုံကြည်ထားပေး။
စိတ်ရင်းမှန်မှန်နဲ့သာ ချစ်ပေးတတ်တဲ့စိတ်လေးကိုသာ
မွေးမြူထားနိုင်အောင်လုပ်။
မင်းရဲ့ မေတ္တာကို ခံယူနိုင်စွမ်းရှိတဲ့သူနဲ့ အနှေးနဲ့အမြန်
ဆုံတွေ့လာအုံးမှာ အသေချာပါပဲ။
®ခဲတံ®
Respect တို့ ၊ မေတ္တာတရားတို့ ၊ ကိုယ်ချင်းစာတရားတို့
ဆိုတာ ပါးစပ်နဲ့ လျှောက်ပြောပြရတာ မဟုတ်ဘူး ။
" လုပ်ပြရတာ "
Respect အကြောင်း ပြောချင်ရင် ကိုယ်တိုင် Respect
ရှိပြရတယ် ။
မေတ္တာတရား အကြောင်းပြောချင်ရင် ကိုယ်တိုင်
မေတ္တာထားပြရတယ် ။
ကိုယ်ချင်းစာတရားအကြောင်း ပြောချင်ရင် ကိုယ်တိုင် ကိုယ်ချင်းစာပြရတယ် ။
အဆင့်အတန်းအကြောင်း ပြောချင်ရင် ကိုယ်တိုင်
အဆင့်အတန်း ရှိပြရတယ် ။
ချစ်တဲ့ အကြောင်းပြောချင်ရင် ကိုယ်တိုင် ချစ်ပြရတယ် ။
ပြောပြရတဲ့ ခေတ်မဟုတ်ဘူး ။ လုပ်ပြရတဲ့ ခေတ် ။
" အကျင့်အကြောင်းတွေ ပြောနေ ၊ ရေးနေပြီး
ကိုယ်တိုင်မကျင့်နိုင်ရင် အလကားပါပဲ ။ "
#peace #sintnyi
ယုံယုံကြည်ကြည်နဲ့ တစ်ယောက်တည်းကိုပဲ အဆုံးထိ ချစ်သွား ချင်တယ် နားလည်မှုတွေ၊ သစ္စာတရားတွေနဲ့ နွေးထွေးတဲ့ ဆက်ဆံ ရေး တစ်ခုကို တည်ဆောက်သွားချင်တယ် တစ်ယောက်ကို တစ် ယောက်အပြန်အလှန် ဖေးမရင်း ပျော်စရာတွေ ဖန်တီးကြမယ် နောက်ဆုံးအချိန်ထိ အတူတူရှိသွားချင်တယ် မင်းသာ ကိုယ်လို ဆန္ဒရှိခဲ့ရင်ပေါ့ အချစ်ရယ်...
🍂❤️
#ᗩᒪoᑎᗴ
ဘာကိုမှမယုံချင်တော့တာ
ရာသီဥတုကအစ ပန်းတွေပွင့်တာအဆုံး
တစ်စုံတစ်ယောက်ဆီကရရှိမဲ့ ချစ်ခြင်းမေတ္တာတွေ
တစ်နေ့နေ့ဆိုတာတွေကို မယုံချင်တော့ဘူး
ကိုယ့်ကိုကိုယ်လည်းမယုံကြည်ဘူး
အချိန်အကြာကြီးအထိ
ပိုင်ဆိုင်ခဲ့ဖူးတာလည်း မရှိပါဘူး ။
#ခက်နှောင် 🌻🤍