42 w - Translate

TATTOO INSPO ☠️☠️☠️

HARRY POTTER EDITION (PART -1)🔥🔥🔥

image
42 w - Translate

TATTOO INSPO ☠️☠️☠️

HARRY POTTER EDITION (PART -1)🔥🔥🔥

image
42 w - Translate

TATTOO INSPO ☠️☠️☠️

HARRY POTTER EDITION (PART -1)🔥🔥🔥

image
42 w - Translate

TATTOO INSPO ☠️☠️☠️

HARRY POTTER EDITION (PART -1)🔥🔥🔥

image
42 w - Translate

TATTOO INSPO ☠️☠️☠️

HARRY POTTER EDITION (PART -1)🔥🔥🔥

image
image
image
image
42 w - Translate

Me once a month: Me everyday:

image
42 w - Translate

Halloween 🎃 Nail 💅🏽

image
Frankie shared a post  
42 w

42 w

ခွဲခွာရခြင်း အခိုက်အတန့်များ

သေခြင်းတရားကို တစ်နေ့မှာ မလွဲမသွေ ရင်ဆိုင်ကြရမယ်ဆိုတာ ကျွန်တော်တို့အားလုံးသိထားနှင့်ကြပြီးသား ဖြစ်ကြမှာပါ။ဆုံတွေ့တဲ့ အခိုက်အတန့်မတူကြပဲ ဘဝထဲက ထွက်ခွာသွားကြတဲ့သူတွေ၊ သေခြင်းတရားနဲ့ ခွဲခွာရခြင်းမဟုတ်ပဲ ရုတ်တရက်ခွဲခွာသွားကြသူတွေကို ဘဝမှာအများကြီးကြုံခဲ့ရမှာပါ။

မရှိတော့တဲ့ မိဘတွေ၊ဆုံးပါးသွားတဲ့သူတွေကိုသာ ခွဲခွာသွားကြသူတွေလို့ သတ်မှတ်ထားကြပေမယ့် ခွဲခွာကြရတဲ့ မတူညီကြတဲ့ အခြေခံအကြောင်းအရင်းကိုကျပြန်တော့ စိတ်ထဲမှာ အမှတ်မထင်မတွေးထားမိကြတာမျိုးရယ်ပါ။(တကယ်တော့အကြောင်းပြချက်အမျိုးမျိုးနဲ့ ခွဲခွာသွားကြသူတွေချည်းပါပဲ။)

ငယ်ငယ်က သူငယ်ချင်းတွေ၊ လက်ရှိမိတ်ဆွေသူငယ်ချင်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေ၊ဆွေမျိုးသင်္ဂဟတွေ၊ချစ်သူရည်းစားဟောင်းတွေ ဒီလိုလူတွေကလဲ မိမိရဲ့ ဘဝထဲကိုဝင်လာပြီး သေခြင်းတရားမှ မဟုတ်ပဲ ရှင်လျှက်နဲ့ ရုတ်တရက် ဘယ်တော့မှ မတွေ့ကြရတော့မယ့်အခြေအနေနဲ့ (ဝေးသထက်ဝေးကာ ဝေးဝေးမှာနေလိုက်ကြတာ) ဖြစ်သွားတတ်ကြပါတယ်။

ဗုဒ္ဓဘာသာ အရဆိုရင်လဲ ကျွန်တော်တို့ဟာ ဒီသံသရာမှာ ခဏတာ လူလာဖြစ်ပြီး ခေတ္တခဏ ဒီအမိ၊ဒီအဖ၊ဒီလင်ဒီမယား၊ဆွေမျိုးညီအကိုမောင်နှမသားချင်းတွေရယ်လို့ ဖြစ်လာကြတာမဟုတ်ပါလား။ငယ်ငယ်ကသူငယ်ချင်းတွေ၊ကျောင်း၊အလုပ်တွေမှာ တွေ့ဆုံကြသူတွေနဲ့လဲ ခဏတာဆုံတွေ့နေကြတာပါပဲ။

ဒါကြောင့် မနက်ဖြန်ဆိုတာဘာမှန်းမသိကြတဲ့အတွက် အသက်ရှိနေစဉ်အချိန်နဲ့ ဝေးမသွားရသေးမယ့် အတူတူရှိနေစဉ်အချိန်တွေမှာ မိမိတို့ စိတ်နှလုံးသားကို ကောင်းမွန်စွာထားတတ်ဖို့နဲ့ အငြိုးအတေး အာဃာတနည်းပါးစွာနဲ့ အနားမှာရှိနေမယ့်သူတွေနဲ့အတူ ဘဝခရီးလမ်းကို ချောမွေ့စွာ လျှောက်လှမ်းနိုင်ကြဖို့ ရည်ရွယ်ဆန္ဒပြုရင်း ...

(၉.၁၀.၂၀၂၄)

#myspaceadmin
#frankiestories

image
42 w - Translate

BRICS ထိပ်သီးအစည်းအဝေးတက်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုရှားနိုင်ငံသို့ရောက်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်ရန်အတွက် ရုရှားနိုင်ငံ ဗော်လ်ဂါဒေသ ကာဇန်မြို့သို့ ရောက်ရှိလာကြောင်း တာတာစတန်နိုင်ငံတော်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်းထုတ်ပြန်ချက်အရ ဂူတာရက်စ်အား ကာဇန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တာတာစတန် သမ္မတ နိုင်ငံတော်ကောင်စီဥက္ကဌ Farid Mukhametshin မှကြိုဆိုခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ်တာဝန်ယူမှုဖြင့် ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကာဇန်မြို့ ၌ ကျင်းပမည်ဖြစ်သည်။ BRICS အဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့က ၂၀၀၆ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ ပူးပေါင်းပါဝင်ခဲ့သည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်မူ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စုတို့သည်လည်း BRICS အဖွဲ့ဝင်များဖြစ်လာခဲ့ကြသည်။ Kazan ထိပ်သီးအစည်းအဝေးသည် အသင်း၏ အဖွဲ့ဝင်အသစ်များ ပထမဆုံးတက်ရောက်ကြမည့် အစည်းအဝေးဖြစ်ပြီး၊ နိုင်ငံပေါင်း ၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။

image
42 w - Translate

(၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို ဒု-ဗိုလ်ချုပ်ကြီးရာပြည့်တက်ရောက်ဖွင့်လှစ်

မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသော (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲအား ယနေ့ အောက်တိုဘာ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပရာ နစက အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ်တက်ရောက်၍ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲတွင် အထူးဧည့်သည်တော်အဖြစ် အပြည်ပြည်ဆိုင်ရာအဖွဲ့(INTERPOL)ဥက္ကဋ္ဌ Mr. Ahmed Naser Al-Raisi နှင့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှရဲချုပ်များ၊ အဆင့်မြင့်ရဲအရာရှိကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဆွေးနွေးဘက်နိုင်ငံနှင့်အဖွဲ့အစည်းများဖြစ်သည့် ရုရှား၊ ဩစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှကိုယ်စားလှယ်များနှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

ညီလာခံပထမနေ့တွင် ပထမအကြိမ် စုံညီအ စည်းအဝေး၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များဆွေးနွေးမှုဖိုရမ်၊ ကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်များနှင့်ဆွေးနွေးဖက်နိုင်ငံ/အဖွဲ့အစည်းများကြား ဆွေးနွေးမှုဖိုရမ်တို့ကိုပြုလုပ်၍ ကော် မရှင်(အေ)၊ ကော်မရှင်(ဘီ)နှင့် ကော်မရှင်(စီ) အစည်းအဝေးများကို ကျင်းပခဲ့သည်။

ကော်မရှင်(အေ)နှင့် ကော်မရှင်(ဘီ) အစည်းအ ဝေးများတွင် မူးယစ်ဆေးဝါးမှောင်ခိုမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရိစ္ဆာန်ဆိုင်ရာပြစ်မှု၊ ပင်လယ်ရေကြောင်းဆိုင်ရာလိ-မ်လည်မှု၊ စီးပွားရေးဆိုင်ရာမှုခင်း၊ ဘဏ်မှုခင်းများ၊ ခရက်ဒစ်ကတ်လိ-မ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ခရီးသွားစာရွက်စာတမ်း အတုပြုလုပ်မှုနှင့် နိုင်ငံဖြတ်ကျော်လိ-မ်လည်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကော်မရှင်(စီ)အစည်းအဝေး၌ အီလက် ထရောနစ် Database စနစ်(e-ADS)အသုံးပြုရေး၊ မှုခင်းဆိုင်ရာကိစ္စများတွင် အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့များကြား အပြန်အလှန်လေ့ကျင့်သင်တန်းပေးရေးနှင့် အာဆီယံရဲအဖွဲ့ မှုခင်းသိပ္ပံကွန်ရက်တည်ထောင်ရေးတို့ကိုဆွေးနွေး၍ ကောင်မရှင်များအလိုက် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ပူးတွဲကြေညာချက်(မူကြမ်း)ပြုစုမည်ဖြစ်သည်။

အဆိုပါ (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီ လာခံအား အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

image