2 yrs - Translate

ရွှေငါးပိဿာကျော် ပစ်ခတ်လုယက်သူ သုံးဦးကို ဖမ်းမိ
------------------------
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မြရွှေယုံ ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ရှေ့မှာ ကျပ်သိန်း ၂၅၀၀၀ ကျော် တန်ဖိုးရှိ ရွှေထည် ငါးပိဿာကျော်ကို သေနတ်နဲ့ပစ်ခတ်လုယက်သူ အမျိုးသား သုံးယောက်ကို ဖမ်းမိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အခင်းဖြစ်စဉ်ကတော့ အောက်တိုဘာ ၂၁ ရက်၊ ညနေပိုင်းက ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနဲ့ ဆင်ရေတွင်း လမ်းထောင့်ရှိ မြရွှေယုံ ရွှေဆိုင်က ရွှေထည်မျိုးစုံ ၅ ပိဿာကျော်နဲ့ ကျပ်သိန်း ၅၀ တို့ကို သံသေတ္တာ ၃ လုံးနဲ့ သိမ်းဆည်းပြီး ယာဉ်မောင်းတစ်ယောက်တည်း မောင်းနှင်တဲ့ ကိုယ်ပိုင် ယာဉ်နဲ့ သယ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ရွှေဆိုင်ပိုင်ရှင်နေအိမ်ရှေ့အရောက်မှာ မော်တော် ယာဉ်တစ်စီးနဲ့ အမျိုးသားလေးယောက် ရောက်လာ ပြီး သေနတ်တစ်ချက်ပစ်ခတ်ပြီးနောက် ယာဉ်မောင်းကို ဝိုင်းဝန်ရိုက်နှက်ကာ ရွှေထည်နဲ့ငွေတွေ ထည့်ထားတဲ့ သေတ္တာ ၃ လုံးကို လုယက်ယူဆောင်ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လုံခြုံရေးအဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ အောက်တိုဘာ ၂၃ ရက်၊ မွန်းလွဲပိုင်းမှာ တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်၊ ပါရမီလမ်းနဲ့ သုမင်္ဂလာလမ်းဆုံမှာ စမ်းချောင်းမြို့နယ်နေ မသက်ထားခိုင်(ခေါ်)ရည်မွန်အေးကို မသင်္ကာလို့ စစ်ဆေးခဲ့ရာက လုယက်မှုက ပါသွားတဲ့ ပလက်တီနမ်ရွှေဖြူဆွဲကြိုး ၈ ကုံး နဲ့ ကျပ် ၁၀ သိန်းတို့ကို တွေ့ရှိပြီး သူရဲ့ ခင်ပွန်းဖြစ်သူ ထက်အောင်ခိုင်က ရောင်းချခိုင်းလိုက်ကြောင်း သိရတဲ့အတွက် ထက်အောင်ခိုင်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ထက်အောင်ခိုင်ရဲ့ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၉ တောင့်၊ ကျည်ခွံ၊ ငွေစက္ကူ ၁၈ သိန်းကျပ်၊ လုယက်မှုမှာ ရရှိတဲ့ ရွှေထည် မျိုးစုံတို့ကို ဆက်လက်သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဆက်လက်စစ်ဆေးချက်အရ လုယက်မှုကျူးလွန်ရာမှာ ပါဝင်သူတွေဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နေ ကျော်ကြီး(ခေါ်)ကျော်ဇင်ဟိန်းနဲ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နေ စောပိုင်ဇော်ဦး(ခေါ်)ပိုင်ကြီးတို့ကို အသီးသီး ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့သုံးယောက်ကို ဥပဒေနဲ့အညီ ထိရောက်တဲ့ ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝေကြီးကိုလည်း အမြန်ဆုံး ဖမ်းမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

image
2 yrs - Translate

မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်မှု စစ်တမ်းကောက်မည်
----------------------
ပြည်သူလူထုအတွင်း မကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေ လေ့လာခြင်း သုတေသနစစ်တမ်းကို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်(၁၃)ခုမှာ ကောက်ယူသွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

မြန်မာ နိုင်ငံမှာ ပြည်သူလူထုအတွင်း မကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေတွေကို လေ့လာခြင်း သုတေသန စစ်တမ်းကို ၂၀၀၃ ခုနှစ်၊ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တို့မှာ ဆောင်ရွက်ခဲ့ပြီး အဲဒီစစ်တမ်းဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပြုအမူတွေနဲ့ ဇီဝကမ္မဗေဒဆိုင်ရာ အန္တရာယ်အခြေအနေတွေကိုပါ ခြုံငုံကောက်ယူနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ စစ်တမ်းဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ မကူးစက်နိုင်သော ရောဂါတွေကြောင့် နှစ်စဉ် လူဦးရေ ၄၁ သန်းခန့် သေဆုံးနေကြပြီး ကမ္ဘာတစ်ဝန်းသေဆုံးမှုအားလုံးရဲ့ ၇၄ ရာခိုင်နှုန်းရှိနေတာကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ မကူးစက်နိုင်တဲ့ရောဂါတွေကြောင့် ဆေးရုံတက်ရောက်မှုတွေ တဖြည်းဖြည်းမြင့်တက်လာပြီး ၂၀၂၃ ခုနှစ်မှာကောက်ခံထားတဲ့ အချက်အလက်တွေ အရ ဆေးရုံတက်လူနာသေဆုံးမှုတွေရဲ့ ထက်ဝက်ကျော်ဟာ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

image
2 yrs - Translate

အိန္ဒိယ၌ ဆိုက်ကလုန်း ခိုလှုံရေးစင်တာရောက် ကိုယ်ဝန်ဆောင် ၁,၆၀၀ မီးဖွားခဲ့

နူးဒေလီ၊အောက်တိုဘာ ၂၅

အိန္ဒိယနိုင်ငံ၊ဩရိသပြည်နယ်၌ ဆိုက်ကလုန်းဒါနာကြောင့် ယာယီခိုလှုံရေးစင်တာသို့ ပြောင်းရွှေ့နေရသည့် ကိုယ်ဝန်ဆောင်မိခင် ၄,၄၃၁ ဦးအနက် အယောက် ၁,၆၀၀ သည် ကြာသပတေးနေ့တွင် ကလေ-းမွေးဖွားခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

အဆိုပါပြည်နယ်မှလူပေါင်း ၅၈၄,၈၈၈ ဦးကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ပြီး အဆိုပါအရေအတွက်သည် သောကြာနေ့နံနက်တွင် ၆၀၀,၀၀၀ ကျော်အထိတက်သွားနိုင်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

"မုန်တိုင်းရှောင်ပြည်သူတွေအနေနဲ့ အစားအစာ၊ ဆေးဝါး၊ရေနဲ့ တခြားလိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုပါ ထောက်ပံ့ပေးထားတဲ့ ယာယီခိုလှုံရေးစင်တာ ၆,၀၀၈ ခုမှာ ယာယီ‌နေထိုင်နေကြပါတယ်" ဟုလည်းပြောကြားခဲ့သည်။

ဩရိသပြည်နယ်မှ လူပေါင်း ၁၇၂,၉၁၆ ဦးကို ဘေးလွတ်ရာပို့ဆောင်ခဲ့ပြီးနောက်တွင် မာရူဘန်ခရိုင်မှလူ ၁၀၀,၀၀၀ ကိုပါ ဘေးလွတ်ရာပြောင်းရွှေ့ထားကြောင်းပြောကြားခဲ့သည်။ထို့အပြင် ဘက်ဒရက်ခ်မြို့မှလူ ၇၅,၀၀၀ ဦး၊‌ဂျေပူရ်မှ ၅၈,၀၀၀ နှင့် ခန္ဒရာပါရာမှ ၄၆,၀၀၀ ဦးတို့ကိုပါဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟုဆိုသည်။

လက်ရှိအချိန်တွင် ခိုလှုံရေးစင်တာများမှ မီးဖွားခဲ့သော မိခင်နှင့်ကလေ-းများအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကလည်း လိုအပ်သည့်ပြုစုကုသမှုများကို ဂရုတစိုက်လုပ်ဆောင်ပေးလျက်ရှိသည်ဟုလည်းသိရသည်။

imageimage
2 yrs - Translate

မလေး၊အင်ဒို၊ဗီယက်နမ်နှင့်ထိုင်းတို့ BRICS ၏ မိတ်ဘက်နိုင်ငံများဖြစ်လာ

စင်္ကာပူ၊အောက်တိုဘာ ၂၄

အာဆီယံအဖွဲ့နိုင်ငံများဖြစ်သည့် မလေးရှား၊အင်ဒိုနီးရှား၊ဗီယက်နမ်နှင့်ထိုင်းတို့သည် BRICS ၏ မိတ်ဘက်နိုင်ငံများဖြစ်လာကြောင်းသိရှိရသည်။

ယခုနှစ် BRICS ထိပ်သီးအစည်းအဝေးအတွင်း အဖွဲ့အတွင်းသို့ မိတ်ဘက်အဖြစ် ၁၃ နိုင်ငံကို ထပ်တိုးလက်ခံခဲ့ကြောင်းသိရပြီး အာဆီယံလေးနိုင်ငံအပြင် အယ်လ်ဂျာရီးယား၊ဘီလာရုစ်၊ဘိုလီဗီးယား၊ကျူးဘား၊ကာဇက်စတန်၊နိုင်ဂျီးရီးယား၊တုကီယေး၊ယူဂန်ဒါနှင့်ဥဇဘက်ကစ်စတန်တို့လည်းပါဝင်သည်။

သို့သော် လတ်တလောတွင် ၎င်းတို့သည် ၂၀၀၆ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး ဘရာဇီး၊ရုရှား၊အိန္ဒိယနှင့် တရုတ်တို့ပါဝင်သော BRICS အဖွဲ့၏အချိန်ပြည့် အဖွဲ့ဝင်များမဖြစ်သေးပေ။

တောင်အာဖရိကသည် BRICS ကို ၂၀၁၀ ပြည့်နှစ်တွင် ပူးပေါင်းခဲ့ပြီး အီဂျစ်၊အီသီယိုးပီးယား၊အီရန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ကို ယခုနှစ်တွင် BRICS အဖွဲ့ဝင်များအဖြစ် တရားဝင်သတ်မှတ်လိုက်ခြင်းလည်းဖြစ်သည်။

image
2 yrs - Translate

" ကျွန်တော် ဆင်းရဲစွာနဲ့ မွေးဖွားလာတာက
ကျွန်တော့်အဖေကြောင့် မဟုတ်ပါဘူး။

ကျွန်တော် ချမ်းသာစွာနဲ့ သေဆုံးနိုင်ဖို့
ဖြစ်လာတာကတော့ ကျွန်တော့်အဖေကြောင့်ပါ"

🗣 ရော်နယ်ဒို

image
2 yrs - Translate

"အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါဆိုတာကို
ပြသနေသော လူသားကြီး ”

သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး ၉၀၀ ပြည့်ကို သွင်းယူနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်ကတော့ တကယ့်ကို အားရစရာပါပဲ။ စံချိန်တွေ၊ မှတ်တမ်းတွေဆိုတာဟာ သူ့အတွက်မထူးဆန်းတော့ပေမယ့် ဒီလိုသွင်းဂိုးအရေအတွက်ဆိုတာဟာ အတော်လေးထူးခြားတဲ့ ကိန်းဂဏန်းတစ်ခုပါ။ အောင်ပွဲခံနေတဲ့ ရော်နယ်ဒိုကိုကြည့်ပြီး အတော်လေးကျေနပ်ပီတိဖြစ်မိပါတယ်။

ဒီလူသားရဲ့ ကျရှုံးမှုတိုင်းကို အတူလိုက်ပါခံစားခဲ့ဖူးသူတစ်ယောက်ဖြစ်တာမို့ ဒီလူသားရဲ့ အောင်မြင်ချိန်တိုင်းမှာလည်း လိုက်ပါပျော်ရွှင်မိပါတယ်။ ဒီသွင်းဂိုးဟာ ၉၀၀ ပြည့်မြောက်ဆိုတာထက် ရော်နယ်ဒိုအတွက်တော့ အရာအားလုံးပါပဲ။ နောက်ထပ် သွင်းဂိုး ၁၀၀၀ ပြည့်တဲ့အထိ ဆက်လက်ကစားနိုင်ပါစေလို့ မျှော်လင့်မိပါတယ်။