Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Google လည်း AI အတွက် နျူကလီးယားစွမ်းအင်သုံးပြီ
Google က သူတို့ရဲ့ ဉာဏ်ရည်တု (AI) data centre တွေမှာ လိုအပ်နေတဲ့ စွမ်းအင် ထုတ်လုပ်ဖို့အတွက် အဏုမြူဓာတ်ပေါင်းဖိုအသေးစားတွေ အသုံးပြုဖို့ သဘောတူညီချက်တစ်ခု လက်မှတ်ထိုးခဲ့ပါတယ်။
Google ဖက်ကထုတ်ပြန်ချက်အရ Kairos Power နဲ့ သဘောတူညီမှုအရ ဒီဆယ်စုနှစ်အတွင်းမှာ ပထမဆုံး ဓာတ်ပေါင်းဖိုကို စတင်အသုံးပြုမယ်၊ ပြီးတော့ ၂၀၃၅ ခုနှစ်အထိ နောက်ထပ် ဓာတ်ပေါင်းဖိုတွေကို တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီတွေက ဒီသဘောတူညီမှုရဲ့ တန်ဖိုးဘယ်လောက်ရှိသလဲ၊ ဓာတ်ပေါင်းဖိုတွေကို ဘယ်နေရာမှာ တည်ဆောက်မလဲဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
နည်းပညာကုမ္ပဏီတွေဟာ AI ကို မောင်းနှင်တဲ့ data centre ကြီးတွေအတွက် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးဖို့ အဏုမြူစွမ်းအင်အရင်းအမြစ်တွေကို ပိုမိုအသုံးပြုလာကြပါတယ်။
Google ရဲ့ စွမ်းအင်နဲ့ ရာသီဥတုဆိုင်ရာ အကြီးတန်းဒါရိုက်တာ Michael Terrell က "AI နည်းပညာတွေအတွက် လျှပ်စစ်ဓာတ်အားအရင်းအမြစ်အသစ်တွေ လိုအပ်နေပါတယ်။ ဒီသဘောတူညီချက်က စွမ်းအင်လိုအပ်ချက်တွေကို သန့်ရှင်းပြီး ယုံကြည်စိတ်ချရတဲ့နည်းလမ်းနဲ့ ဖြည့်ဆည်းပေးနိုင်မယ့် နည်းပညာအသစ်ကို အရှိန်မြှင့်တင်ပေးပြီး၊ လူတိုင်းအတွက် AI ရဲ့ အလားအလာအပြည့်အဝကို ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
Kairos ရဲ့ အမှုဆောင် Jeff Olson က Google နဲ့ သဘောတူညီချက်ဟာ "အဆင့်မြင့်အဏုမြူစွမ်းအင်ကို စီးပွားဖြစ်အသုံးချနိုင်ဖို့ အရှိန်မြှင့်တင်ရာမှာ အရေးကြီးပါတယ်။ ဒါဟာ လျှပ်စစ်ဓာတ်အားကွန်ရက်တွေရဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့အတွက် အရေးကြီးတဲ့ဖြေရှင်းချက်တစ်ခုရဲ့ နည်းပညာနဲ့ ဈေးကွက်ဖြစ်နိုင်ခြေကို သက်သေပြတာပါ" လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီအစီအစဉ်တွေကို US Nuclear Regulatory Commission နဲ့ ဒေသဆိုင်ရာအေဂျင်စီတွေက အတည်ပြုပေးဖို့ လိုအပ်ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန်စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က California အခြေစိုက် Kairos Power ကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအဏုမြူဓာတ်ပေါင်းဖို ပုံစံအသစ်တည်ဆောက်ခွင့် ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကုမ္ပဏီက Tennessee ပြည်နယ်မှာ စမ်းသပ်ဓာတ်ပေါင်းဖိုတည်ဆောက်မှုကို စတင်ခဲ့ပါတယ်။
အဏုမြူစွမ်းအင်က ကာဗွန်ထုတ်လွှတ်မှု လုံးဝနီးပါးမရှိပဲ တစ်နေ့ ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးနိုင်တာကြောင့် နည်းပညာလုပ်ငန်းတွေအတွက် စွမ်းအင်သုံးစွဲမှု မြင့်တက်လာတဲ့အချိန်မှာ ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့ကြိုးစားနေတာကြောင့် ပိုပြီးဆွဲဆောင်မှုရှိလာပါတယ်။
Goldman Sachs ဘဏ်ရဲ့ ခန့်မှန်းချက်အရ data centre တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သုံးစွဲမှု ဟာ ဒီဆယ်စုနှစ်ကုန်မှာ နှစ်ဆကျော်တိုးလာမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံမှာ အမေရိကန်နိုင်ငံဟာ ၂၀၅၀ ခုနှစ်မှာ အဏုမြူစွမ်းအင်ထုတ်လုပ်မှုကို သုံးဆတိုးမြှင့်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံတွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီး ဒါဟာ ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို လျော့ချဖို့အတွက် ကြိုးပမ်းလာခြင်းပါ။
ဒါပေမယ့် အဏုမြူစွမ်းအင်ကို မထောက်ခံသူတွေကတော့ ဒီအလုပ်ဟာ အန္တရာယ်များသလို၊ နှစ်ရှည်ကြာရှိနေမယ့် ရေဒီယိုသတ္တိကြွဓာတ်ကြွင်းကျန်ပစ္စည်းတွေ ထွက်ရှိလာမှာကို စိုးရိမ်နေကြပါတယ်။
Google နဲ့အပြိုင် Microsoft ကလည်း ၁၉၇၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဆိုးရွားဆုံး အဏုမြူယိုစိမ့်မှုဖြစ်ခဲ့တဲ့ Three Mile Island စွမ်းအင်စက်ရုံကို ပြန်လည်လည်ပတ်ဖို့ သဘောတူညီချက်ရရှိခဲ့ပါတယ်။ ဒါ့အပြင် Amazon ဟာလည်း Pennsylvania ပြည်နယ်မှာ အဏုမြူစွမ်းအင်သုံး data centre တစ်ခုကို ဝယ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။
AI အတွက်လိုအပ်တဲ့ စွမ်းအင်ကို အနူမြူစွမ်းအင်ကသာအဖြေဖြစ်လာမယ်ဆိုရင် အနာဂတ်မှာဆိုရင် AI နဲ့ Nuclear Power ဆိုတာ ခွဲမရတဲ့အတွဲတွေဖြစ်လာမှာပါ။
AkhyarTech
မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း အမေရိကန်မေဂျာလိဂ်ဆီပြောင်းရွှေ့ရန် ဆွေးနွေး
မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ အမေရိကန်မေဂျာလိဂ်ဆီပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
Give me Sport သတင်းမှာ ဖော်ပြချက်အရ ဒီဘရိုင်းဟာ မေဂျာလိဂ်ကလပ် ဆန်ဒီယေဂိုအသင်းဆီပြောင်းရွှေ့ဖို့ ဆွေးနွေးနေတာလို့ ဆိုပါတယ်။
ဒီဘရိုင်းကို ဆော်ဒီကလပ်တွေကလည်း ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေရှိသည့်တိုင် အမေရိကန်ဘောလုံးလိဂ်ဆီ ပြောင်းရွှေ့ဖို့ အခွင့်အလမ်းများနေတယ်လို့ဆိုပါတယ်။
ဒီဘရိုင်းအနေနဲ့ ဆန်ဒီယေဂိုအသင်းဆီ ပြောင်းရွှေ့မယ်ဆိုရင် တနှစ်လုပ်ခ ကန်ဒေါ်လာသန် း ၂၀ အထိ ရရှိနိုင်တယ်လို့သိရပါတယ်။
ဒီဘရိုင်းနဲ့ မန်စီးတီးတို့ရဲ့စာချုပ်သက်တမ်းက အခုနှစ်ရာသီအကုန်မှာ ပြီးဆုံးမှာဖြစ်ပြီး သက်တမ်းတိုးမယ့် အရိပ်အယောင်မရှိသေးဘူးလို့ သတင်းတွေမှာဖော်ပြကြပါတယ်။
DVB
26 Oct 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,530
USD Sell - MMK 4,630
EUR Buy - MMK 4,810
EUR Sell - MMK 4,940
SGD Buy - MMK 3,370
SGD Sell - MMK 3,460
THB Buy - MMK 132.45
THB Sell - MMK 136.05
JPY Buy - MMK 29.27
JPY Sell - MMK 30.48
MYR Buy - MMK 1,025
MYR Sell - MMK 1,055
CNY Buy - MMK 626
CNY Sell - MMK 645
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,150,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,550,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application