မြန်မာ့အရေးကို မြန်မာဦးဆောင်သည့် ဖြေရှင်းမှုကိုလုပ်ရန် ဘစ်ရှော့ပြော

နိုဝင်ဘာ ၁၊ နိုင်ငံတကာ။

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တွန်းအားပေး လုပ်ဆောင်ရန်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်အတွက် အာဆီယံပါဝင်သည့် မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်ရန် လိုအပ်ကြောင်း ဘစ်ရှော့က အလေးထား ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သည့် ဂျူလီ ဘစ်ရှော့ (Julie Bishop) က မြန်မာနိုင်ငံတွင် ပဋိပက္ခ ပိုမိုပြင်းထန်လာမှုနှင့် ဒုစရိုက်ဂိုဏ်းများ များပြားနေမှုအပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သတိပေး ခဲ့ကြောင်း Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ဘစ်ရှော့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာ့အကျပ်အတည်းကို အရေးတကြီး ဖြေရှင်းရန် လိုအပ် ကြောင်း ပုံဖော်ပြောကြားခဲ့ပြီး ထိန်းချုပ်မရနိုင်သည့် ဒုစရိုက်ကွန်ရက်များနှင့် အကြမ်းဖက်မှုများ မြင့်တက် လာသည့် အခြေအနေကို အလေးထား ပြောဆိုခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ခန့်အပ်ခဲ့သည့် ဘစ်ရှော့သည် မြန်မာနိုင်ငံအား အနိုင်-အရှုံး တွက်ချက်သည့် နိုင်ငံရေးကို စွန့်လွှတ်ရန်၊ ဆွေးနွေးညှိနှိုင်းမှုနှင့် ပြန်လည်သင့်မြတ် ရေးတို့ကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တပ်မတော်က အာဏာကို ရယူခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်မှုများ မြင့်တက်လာခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပွားခဲ့ကာ လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက စစ်မြေပြင်တွင် အသာစီးရမှုများသည် အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပြီး ငြိမ်းချမ်းရေးအား ပြန်လည်ထိန်းသိမ်းရန်နှင့် အရပ်သားများကို အကူအညီပေးရန် နိုင်ငံတကာ၏ ခိုင်မာသည့် အားထုတ်ကြိုးပမ်းမှုများ ပိုမိုလိုအပ်လာခဲ့သည်။

ထိုကဲ့သို့ အရေးပေါ် အခြေအနေများ မြင့်တက်လာချိန်တွင် ဘစ်ရှော့က အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအား ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။

မြန်မာ့အရေးတွင် လျစ်လျူရှုခံထားရသည့် ဆိုးရွာသော သက်ရောက်မှုများရှိနေပြီး မြန်မာနိုင်ငံက ဦးဆောင်ပြီး ပဋိပက္ခကို အဖြေရှာရန် ဘစ်ရှော့က တိုက်တွန်းခဲ့ပြီး အာရှနိုင်ငံများနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်လျက်ရှိသည်။

ဘစ်ရှော့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က ၎င်းကိုယ်တိုင် ကုလသမဂ္ဂ ညီလာခံမှာ ပြောကြားခဲ့သည်။

Source: Devdiscourse

ပုံ - နိုင်ငံတကာအစည်းအဝေး သရုပ်ဖော်မှုကိုတွေ့ရစဥ်

#centralnewsnaypyitaw

image

မြန်မာ-ရုရှားနှစ်နိုင်ငံနယ်ပယ်စုံတွင် စီးပွားရေးလုပ်ငန်းများအချင်းချင်း တိုက်ရိုက်အဆက်အသွယ်များ ထူထောင်ရေးဆွေးနွေး

နိုဝင်ဘာ ၁၊ နေပြည်တော်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ စီးပွားရေးကောင်စီ (Russian – Myanmar Business Council-RMBC) ဥက္ကဋ္ဌ Mr. Aleksei SHUPLOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံနယ်ပယ်စုံတွင် စီးပွားရေးလုပ်ငန်းများအချင်းချင်း တိုက်ရိုက်အဆက်အသွယ်များ ထူထောင်ရေးနှင့် မြန်မာနိုင်ငံတွင် ရုရှား-မြန်မာစီးပွားရေးကောင်စီ၏ မိတ်ဖက်အဖွဲ့အစည်း ဖွဲ့စည်းရေးတို့ကို ဆွေးနွေးကြသည်။

#centralnewsnaypyitaw

image
39 w - Translate

miss the sea

image
39 w - Translate

"တောင်တရုတ်ပင်လယ်အခြေအနေ- ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က အခြားပြိုင်ဖက်များကို ဘယ်လို ဟန့်တားနိုင်မလဲ။"

အငြင်းပွားရေပိုင်နက်အတွင်း တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့သည် ၎င်းတို့၏ ရေတပ်နှင့် ကမ်းရိုးတန်းစောင့် ပိုင်ဆိုင်မှုများကို မြှင့်တင်ခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် နယ်မြေအငြင်းပွားနေသည့်ကြားတွင်ကမ်းခြေစောင့်တပ်ထဲသို့ အမေရိကန် ဒေါ်လာ ၈ သန်း ထည့်ဝင်ခြင်းသည် ဖိလစ်ပိုင်၏ ရေပိုင်နက်ဆိုင်ရာ မဟာဗျူဟာကို မီးမောင်းထိုးပြခဲ့ပြီး ဒေသတွင်းရှိ အလားတူတောင်းဆိုထားသည့် နိုင်ငံများကို အာရုံစိုက်လာစေသည်။

image

နိုဝင်ဘာ ၁ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image
39 w - Translate

စောက်ကျက်သရေတုန်း ခါလာမေနီ နဲ ဘက်ဂျမင်နေတန်ရာဟု ၂ကောင်ကို ကြိုးဝိုင်းတည်းသာပွဲတည်ပေးခြင်တော့တယ်

imageimage

imageimage
+7
39 w - Translate

ဒီနေ့ဟာ အတ္တအပေါ် အသိဉာဏ်ပညာက အနိုင်ရခြင်းကို ကိုယ်စားပြုတဲ့ ဟိန္ဒူဘာသာ၀င်များရဲ့ အထွဋ်အမြတ်ထားရာ ဒီပါ၀လီ ဆီမီးထွန်းပွဲ‌တော်နေ့ ဖြစ်ပါတယ်။

ဘုရားရှင်မြတ်တို့ရဲ့ ဘုန်းတန်ခိုးတော်ကြောင့် အမိုက်မှောင်ကင်းကာ ဖြစ်တည်မှုခပ်သိမ်းကို ဓမ္မသာတည်၍ ကောင်းမွန်သန့်စင်သောရည်ရွယ်ချက်အလုံးစုံတို့ အောင်မြင်နိုင်ကြပါစေ။

#diwali
#myspaceadmin
#frankiestories

image
39 w - Translate

Morning

image

"မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ"

ပြည်တွင်းစားသုံးဆီဖူလုံနိုင်ရေးအတွက် ဆီအုန်းထုတ်လုပ်မှုနှင့် ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ရည်ရွယ်ကျင်းပသည့် မြန်မာနိုင်ငံ၏ ဆီအုန်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

ကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဆီကြမ်းစက်ရုံနှင့် ဆီသန့်စက်ရုံများ တည်ထောင်လည်ပတ်ခဲ့မှု၊ လက်ရှိဆီကြမ်းစက်ရုံများ၏ စက်စွမ်းအားအခြေအနေ၊ တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းဆီကြမ်းစက်ရုံများ၏ ဆောင်ရွက်နိုင်မှု၊ ဆီအုန်းဆီကြမ်းထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ရရှိလာသည့် ဆီကြမ်းမှ ဆီသန့်ထုတ်လုပ်သည့်အဆင့်ဆင့်၊ ဆီသန့် စက်ရုံများ၏ထုတ်လုပ်မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ စားသုံးဆီလိုအပ်ချက်နှင့် တင်သွင်းနေရမှု၊ အထွက်ကောင်းမျိုးသန့် Tenera ဆီအုန်းမျိုးများ တင်သွင်းစိုက်ပျိုးမှု၊ မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ခင်းများ၏ အမှန်အထွက်နှင့် ထွက်နိုင်ခြေကွာခြားမှု၊ ဆီအုန်းသီးနှံနှင့်ပတ်သက်သည့် မူဝါဒများနှင့် သုတေသနလုပ်ငန်းများကို ပညာရှင်များက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးများနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

image
//