နိုင်ငံခြားသားအမြဲနေထိုင်ခွင့်(PR) ကို လက်ရှိအခြေအနေအထိ လျှောက်ထားသူ (၈၁၀) ရှိ

နိုဝင်ဘာ ၂၊ နေပြည်တော်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်(PR) ကို လက်ရှိအခြေအနေအထိ မိသားစုအပါအဝင် လျှောက်ထားသူစုစုပေါင်း ၈၁၀ ရှိကြောင်း ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံခြားသား အမြဲနေထိုင်ခွင့်(PR)ကို နည်းဥပဒေထုတ်ပြန်ပြဋ္ဌာန်း၍ အမျိုးအစားလေးမျိုး သတ်မှတ်ခွင့်ပြုဆောင်ရွက်ပေး နေမှု၊ စတင်ဆောင်ရွက်ချိန်မှ လက်ရှိအခြေအနေအထိ မိသားစုအပါအဝင် လျှောက်ထားသူစုစုပေါင်း ၈၁၀ ရှိပြီး မိသားစုအပါအဝင် ၆၉၉ ဦးအား စိစစ်အတည်ပြုခွင့်ပြုပေးမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်းအကဲဖြတ်ရန် ကျန်ရှိနေသူများနှင့် ပြီးခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေးက စိစစ်ခွင့်ပြုသူများအနက် ယခုလူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့်သူ မိသားစုမပါ စုစုပေါင်း ၃၃ ဦးအား PR နည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်မေးမြန်း အကဲဖြတ်ပေးနိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System) ဖြင့် ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၊ မြန်မာနိုင်ငံသားနှင့် သွေးချင်း စပ်ဆက်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစားလေးမျိုး သတ်မှတ်ခွင့်ပြုပေးလျက်ရှိရာ ယခုအစည်းအဝေးတွင် ယခင်ကျန်ရှိသူ မိသားစုမပါ ၃၃ ဦးနှင့် ပြီးခဲ့သည့် အစည်းအဝေးမှ မိသားစုမပါ ၃၇ ဦး စုစုပေါင်း ၇၀ အနက် လူတွေ့စစ်ဆေးခြင်းခံယူရန် အကြောင်းပြန်ကြားသူ မိသားစုမပါ ၃၃ ဦးအား လူတွေ့ မေးမြန်း အကဲဖြတ် ဆောင်ရွက်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့ တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image

မန်ယူ နည်းပြသစ် ခန့်ပြီ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ကိုထုတ်ပယ်ပြီး ရက်ပိုင်းအတွင်းမှာပဲ စပို့တင်းလစ္စဘွန်းနည်းပြ ရူဘန်အမိုရင် ကို ခန့်အပ်လိုက်ပါတယ်။

စပို့တင်းလစ္စဘွန်း နဲ့အတူ ထွန်းတောက်လာတဲ့ ပေါ်တူဂီသားကို ယူနိုက်တက်က ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်တာပါ။

ရူဘန်အမိုရင်ဟာ နိုဝင်ဘာ ၁၁ ရက်မှ အိုးထရက်ဖို့ဒ်ကို ရောက်လာမှာဖြစ်လို့ ယာယီနည်းပြ နစ္စတယ်ရွိုင်းကပဲ ကြားပွဲတွေကို ဆက်လက်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

ရူဘန်အမိုရင်ဟာ ဥရောပဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးနည်းပြတွေထဲက တစ်ယောက်လို့ မန်ချက်စတာယူနိုက်တက်က တရားဝင်ထုတ်ပြန်ပါတယ်။

ဘောလုံးဝါသနာအိုးတွေကတော့ ၂၀၁၈ ခုနှစ်ကမှ နည်းပြလောကထဲစတင်ဝင်ရောက်လာတဲ့ အမိုရင် ဟာ အစဉ်အလာနဲ့ စိန်ခေါ်မှုကြီးမားတဲ့ မန်ချက်စတာယူနိုက်တက်ကို အရင်လိုအောင်မြင်မှုတွေရအောင်လုပ်ပေးနိုင်ဖို့ စိန်ခေါ်မှုကြီးမားလွန်းတယ် လို့ မှတ်ချက်ပြုနေကြပါပြီ။

ဘီဘီစီပရိသတ်အမြင်ကရော ဘယ်လိုရှိပါသလဲ။ မှတ်ချက်မှာဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါရစေ။

ဓာတ်ပုံ - Getty Images

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image
48 w - Translate

စိတ်ခံစားချက်နဲ့ ပတ်သတ်တဲ့ ဝေါဟာရလေးများ😑😑
#easyenglish #englisheverywhere

image
48 w - Translate

စိတ်ခံစားချက်နဲ့ ပတ်သတ်တဲ့ ဝေါဟာရလေးများ😑😑
#easyenglish #englisheverywhere

image
48 w - Translate

စိတ်ခံစားချက်နဲ့ ပတ်သတ်တဲ့ ဝေါဟာရလေးများ😑😑
#easyenglish #englisheverywhere

image
48 w - Translate

စိတ်ခံစားချက်နဲ့ ပတ်သတ်တဲ့ ဝေါဟာရလေးများ😑😑
#easyenglish #englisheverywhere

image
48 w - Translate

စိတ်ခံစားချက်နဲ့ ပတ်သတ်တဲ့ ဝေါဟာရလေးများ😑😑
#easyenglish #englisheverywhere

image
48 w - Translate

စိတ်ခံစားချက်နဲ့ ပတ်သတ်တဲ့ ဝေါဟာရလေးများ😑😑
#easyenglish #englisheverywhere

image
48 w - Translate

စိတ်ခံစားချက်နဲ့ ပတ်သတ်တဲ့ ဝေါဟာရလေးများ😑😑
#easyenglish #englisheverywhere

imageimage
+4
48 w - Translate

အသ၊က်20ကစပြီး သောက်လို့ရတဲ့ အသားရေကြည်လင်ဖြူစင်စေတဲ့ reskin collagen 💙🫐
#psychebrand
#supplement_skincare

image