Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Relationship အစစ်ဆိုတာ...
စကားပြောခွင့်ရချိန်တွေမှာ အချစ်ကြောင်းတွေ
ပြောကိုပြောရမယ်။ (မေ့မနေရဘူး)
ဂရုစိုက်ပေးရမယ့်အချိန်မှာ ဂရုကိုစိုက်ပေးရမယ်။
(ပစ်မထားရဘူး)
"နေမကောင်းတာဖြစ်ဖြစ် အဆင်မပြေတာဖြစ်ဖြစ်"
မေးခွင့်ရချိန်တွေမှာ မေးကိုမေးရမယ်။
(လစ်လျူရှုမထားရဘူး)
ရွေးချယ်ထားပြီးတဲ့အရာကို အဆုံးထိဆက်ရွေးချယ်ရတယ်။ (ပြောင်းလဲမလွယ်ရဘူး)
သတိရတာ၊လွမ်းတာတွေကို
ခဏခဏ ပြောရမယ့်အချိန်မှာ ပြောကိုပြောရမယ်။
(မအေးစက်ရဘူး)
အချစ်ဆိုတာ အချစ်နဲ့တူရတယ်။
လက်တွဲဖော်ဆိုတာလည်း လက်တွဲဖော်နဲ့တူရတယ်။
သွေးကြောင်ဖို့မဟုတ်..ဘေးရှောင်ဖို့မဟုတ်ဘူး။
ရဲရဲ ချစ်၊ ရဲရဲရှေ့ဆက်ရတယ်။
ပြီးတော့
မလိုအပ်တော့တာဖြစ်ဖြစ်၊မုန်းတာဖြစ်ဖြစ်
ပြောရမယ့်အချိန်မှာ ပြောကိုပြောရတယ်။
(လိုအပ်သလိုလို ချစ်သလိုလို မနေရဘူး)
#ရဲသူလွင် (အင်ပင်မြို့)
"ကျောင်းအလှူ အကျိုး (၇)ပါး"
ဘုရား၊ကျောင်းကန်၊သိမ်ဇရပ် ဆောက်လုပ်လှုဒါန်းခြင်းဟာလည်း မွန်မြတ်တဲ့အလှူဒါနများထဲမှာမှ (ပမာဒ)မေ့လျှော့မထားသင့်တဲ့ အလှူဒါနတစ်ခုဖြစ်ပါတယ်။
"ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဆိုသကဲ့သို့ ဘုရား၊ကျောင်းကန်၊သိမ်၊ဘုန်းကြီးကျောင်း စတဲ့အလှူဒါနများကို ပြုလုပ်လှူဒါန်းခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးတရား (၇)ပါးကိုလဲ မှတ်သားနိုင်ဖို့ရာ ဖွင့်ဆိုလိုက်ရပါတယ်။
၁။ နတ်နှင့် လူဝယ် သန္ဓေတွယ်၍။
၂။ စိတ်ဝယ်တောင့်တ၊ ဆောက်အုံရ၏။
၃။ မထကြက်သီး ၊ကိုယ်လည်း မလှုပ်၊ ကြောက်ရုပ်မထင် ထိတ်လန့်ဝင့်၏။
၄။ ခြင်္သေ့-သစ်-ကျား ၊သားရဲများ နှင့်၊ဖမ်းစားက လူ နှိပ်စက်မှုသား ၊တောသူ-ဖုတ်-ပြိတ်၊ အဆိပ်ထန်ပြင်း မြွေနှင့်ကင်းက ၊အဆင်းဖောက်ပြန် ၊ကုမ္ဘာဏ်-ရက္ခိုရ်၊ နတ်မိုက်ရန်ပေါင်း ဘေးလွတ်ရှောင်၏။
၅။ မကောင်း အိပ်မက် မမြင်မက်ဘူး။
၆။ ထင်လျက် သတိ၊ ခိုင်မြဲဘိ၍၊ ဝိပရိကံ၊ ဖောက်ပြန် စိတ်ရင်း၊ ရူးသွပ်ခြင်းမှ ၊ရှင်းလင်းလွတ်ရှောင် ၊ ကျိုးဆက်ကောင်း၏။
၇။ နောက်နောင်ဘဝ ပစ္ဆိမဝယ် ဂုဏကဲပို
အရဟတ္တဖိုလ် ဟု ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည် ဆောက်ဦးလှူကျိုး ခုနှစ်တည်း။
အလှူရှင်၊အလှူအမ အပေါင်းတို့လည်း ယခုလို ကျောင်းအလှူအကျိုးကို သိရှိလတ္တံ
ဘုရားဒါယကာ၊ကျောင်းဒါယကာ ဒါယိကာမများဖြစ်ကြပြီး နိဗ္ဗာန်မဂ်ဖိုလ်ကို အရောက်လှမ်းနိုင်ကြစေဖို့ အကျိုးမျှော်ကာ နှိုးဆော်တင်ဆက်လိုက်ရပါတယ် ခင်ဗျာ။
#ဓမ္မဒါန
#frankiestories
ကျွန်တော်ကတော့ မေတ္တာရှိပြီဆို
ဘယ်လိုမှ သိုဝှက်မြိုသိပ်ပြီး မနေတတ်ဘူးရယ်
မျက်နှာလေးမြင်ရဖို့လည်း နေ့တိုင်းအားထုတ်သလို
အကြောင်းမရှိအကြောင်းရှာပြီးလည်း စကားတွေသွားပြောတာပဲ
စားကောင်းတာလေးစားတဲ့အခါ ခေါ်ကျွေးချင်သလို
ကြိုက်တတ်တာလေး၊ လိုက်ဖက်မှာလေးမြင်မိလည်း ဝယ်ပေးချင်တာပဲ
ခလုတ်တိုက်တာစ အနာတရသေးသေးလေးဆိုရင်တောင်
အပွန်းပဲ့မခံနိုင်တဲ့ အဖိုးတန်ပစ္စည်းလို စိတ်မကောင်းဖြစ်ရတာမျိုးလေ
ပူပန်သောကတွေ ဝေးပြီး ပြုံးပျော်စေချင်တယ်
အဲ့ဒီအပြုံးဟာကျွန်တော့်ကြောင့်သာဆို ပိုလို့တောင်သဘောကျသေး
ကျွန်တော်ချစ်ပါတယ်ဆိုတဲ့အကြောင်း ပြောစရာမလိုဘဲ
အဲ့ဒီလူတင်မက ပတ်ဝန်းကျင်ကပါသိတဲ့ထိ ချစ်ခြင်းမေတ္တာအပေါ်မှာ ဟန်မဆောင်တတ်ပါဘူး
#2001
-crd
"ကျောင်းအလှူ အကျိုး (၇)ပါး"
ဘုရား၊ကျောင်းကန်၊သိမ်ဇရပ် ဆောက်လုပ်လှုဒါန်းခြင်းဟာလည်း မွန်မြတ်တဲ့အလှူဒါနများထဲမှာမှ (ပမာဒ)မေ့လျှော့မထားသင့်တဲ့ အလှူဒါနတစ်ခုဖြစ်ပါတယ်။
"ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဆိုသကဲ့သို့ ဘုရား၊ကျောင်းကန်၊သိမ်၊ဘုန်းကြီးကျောင်း စတဲ့အလှူဒါနများကို ပြုလုပ်လှူဒါန်းခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးတရား (၇)ပါးကိုလဲ မှတ်သားနိုင်ဖို့ရာ ဖွင့်ဆိုလိုက်ရပါတယ်။
၁။ နတ်နှင့် လူဝယ် သန္ဓေတွယ်၍။
၂။ စိတ်ဝယ်တောင့်တ၊ ဆောက်အုံရ၏။
၃။ မထကြက်သီး ၊ကိုယ်လည်း မလှုပ်၊ ကြောက်ရုပ်မထင် ထိတ်လန့်ဝင့်၏။
၄။ ခြင်္သေ့-သစ်-ကျား ၊သားရဲများ နှင့်၊ဖမ်းစားက လူ နှိပ်စက်မှုသား ၊တောသူ-ဖုတ်-ပြိတ်၊ အဆိပ်ထန်ပြင်း မြွေနှင့်ကင်းက ၊အဆင်းဖောက်ပြန် ၊ကုမ္ဘာဏ်-ရက္ခိုရ်၊ နတ်မိုက်ရန်ပေါင်း ဘေးလွတ်ရှောင်၏။
၅။ မကောင်း အိပ်မက် မမြင်မက်ဘူး။
၆။ ထင်လျက် သတိ၊ ခိုင်မြဲဘိ၍၊ ဝိပရိကံ၊ ဖောက်ပြန် စိတ်ရင်း၊ ရူးသွပ်ခြင်းမှ ၊ရှင်းလင်းလွတ်ရှောင် ၊ ကျိုးဆက်ကောင်း၏။
၇။ နောက်နောင်ဘဝ ပစ္ဆိမဝယ် ဂုဏကဲပို
အရဟတ္တဖိုလ် ဟု ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည် ဆောက်ဦးလှူကျိုး ခုနှစ်တည်း။
အလှူရှင်၊အလှူအမ အပေါင်းတို့လည်း ယခုလို ကျောင်းအလှူအကျိုးကို သိရှိလတ္တံ
ဘုရားဒါယကာ၊ကျောင်းဒါယကာ ဒါယိကာမများဖြစ်ကြပြီး နိဗ္ဗာန်မဂ်ဖိုလ်ကို အရောက်လှမ်းနိုင်ကြစေဖို့ အကျိုးမျှော်ကာ နှိုးဆော်တင်ဆက်လိုက်ရပါတယ် ခင်ဗျာ။
#ဓမ္မဒါန
#frankiestories
မာနလေးထားတဲ့အခါ
အမြင်စောင်းကုန်ကြတယ်
အောက်မကျို့တတ်တော့တာက
အားနည်းချက်ဆို ကျွန်တော် မပြင်ပါဘူး။
"မတူသလိုမတန်သလို ဆက်ဆံဖူးရင်
မထိတထိပြန်နေတဲ့အခါ ကျွန်တော်အပြစ်ကင်းတယ်"
ကျွန်တော့်ပုံစံ
ကျွန်တော့် စည်းနဲ့နေတာကို
မေးခွန်းလာထုတ်တဲ့အခါ
အဖြေက နည်းနည်းခါးပါလိမ့်မယ်..။
#ရိုးတံ
ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ်နဲ့တွေ့မယ်
နိုဝင်ဘာ ၂၀၂၄
ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ကို နိုဝင်ဘာ ၅ ရက်မှာ စတင်မှာဖြစ်ပြီး ငါးရက်ကြာမယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ကူမင်းမှာ ပြုလုပ်မယ့် (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်)ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်က တက်ရောက်မှာဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ပါတယ်။
အစည်းအဝေးကာလအတွင်းမှာ တရုတ်ဝန်ကြီးချုပ်လီချန်းနဲ့တွေ့မယ် လို့ ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
သုံးနှစ်တစ်ကြိမ်ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးကို ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊မြန်မာ၊ကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ် နဲ့ ထိုင်း နိုင်ငံတွေက အစိုးရအဖွဲ့အကြီးအကဲတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး
အရမ်းခက်ခဲလို့ လုပ်မရတဲ့ အကျင့်မရှိဘူး။
အရှိန်မရသေးလို့ အချိန်ပေးရတဲ့ အကျင့်ပဲ ရှိမယ်။
There is no habit that's too difficult to develop.
There are only habits that require time because you haven't gained any momentum yet.
#suphonemologic #suphonemovlog #suphonemologic #suphonemoquote #curiousinsighter #burmesecommunity #burmesebooksummary #burmeseinsighter #burmeseentrepreneur
#crd