ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အတူတူမရုန်းကန်ချင်တာမဟုတ်ဘူး။
ရုန်းကန်ရင်းပိုဝေးသွားမှာကိုကြောက်တာ။
အခက်အခဲဟာအကြောင်းပြချက်တခုဖြစ်လာပြီး နှလုံးသားအစား ဦးနှောက်တွေကို ပိုဦးစားပေးလာကြရင် ချစ်ခြင်းဟာအပြစ်တခုဖြစ်လာလိမ့်မယ်။
အတူရှိနေလို့၊အတူရှိဖို့ ကြိုးစားနေရလို့ဆိုတဲ့
အပြစ်တွေ မြင်လာလိမ့်မယ်။
လမ်းကြမ်းမှာကိုကြောက်တာမဟုတ်ဘူး။
ခရီးရှည်မှာ လမ်းတဝက်နဲ့ ကျန်ခဲ့ရမှာကိုကြောက်တာ။
ပင်ပန်းလာတောင် လွှတ်မချပါဘူးဆိုတဲ့ အာမခံချက်ကို
အရဲစွန့်ပြီးမတောင်းချင်ဘူး။လက်တွေကို ဘယ်လိုဖြစ်ဖြစ်မလွှတ်ဖို့ အတူသွားမဲ့ လမ်းခရီးတိုင်းမှာ
အချစ်ဟာ ဦးဆောင်နေမှကိုဖြစ်မယ်။
#hsulubeaindray
နားလည်စေချင်တာတွေကိုလဲ
ပြောပြချင်တာပေါ့
ဒါပေမယ့်လေ
စပြီးပြောလိုက်ရင်
အဆုံးသတ်မှာ နားလည်မှုမရှိဘူး
အတွေးလွန်တယ်
ဒီလိုမျိုးအပြစ်တင်တာမျိုး
ရန်ဖြစ်တာမျိုးတွေနဲ့ပဲ
အဆုံးသတ်သွားခဲ့တာလေ ။
တိတ်ဆိတ်လိုက်တယ်ဆိုတာ
စကားတွေပြောစရာမရှိတော့တာ
မဟုတ်ဘူးနော်...
ပြောချင်တဲ့စကားတွေ
အများကြီးရှိတဲ့ ကြားကမှ
ပြောနိုင်တဲ့ အင်အားတွေ ရှိမနေတော့တာ။
ပြီးတော့ ငါပြောရင်လဲ
ရန်ဖြစ်ရရုံပဲရှိမှာ
ဘာမှ ထူးခြားပြီးသိတတ်
နားလည်လာမှာမဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ တိတ်ဆိတ်လိုက်တာပါ။
#ကျေးကို
ဒီလူကိုချစ်ရင် ဒီလိုဖြစ်မယ်မှန်းသိတယ်
ပိုးဖလန်နှင့်မီးမှာ
ဘယ်သူအပြစ်ရှိသလဲ
ပိုးဖလန်ဟာ သူ့ခန္ဓာကိုယ်ကို မီးခိုးအဖြစ်ပြောင်းပြီး
နေထိုင်တယ်
ကျွန်တော်ဟာလည်း ကွဲနေသော
အသည်းကိုကိုင်ပြီး
အရူးတပိုင်းလိုနေထိုင်တယ်
ကိုယ့်အပြစ်နဲ့ကိုယ်မို့
အောင့်ခံနေတာ အသည်းကွဲတာ
ပုလင်းကွဲတာမဟုတ်ဘူး
နာတယ်ဗျ နာတယ်။
#joe
မမရေ
အဲ့လက်ဖ၀ါးနုနုလေးကိုင်ခွင့်ရဖို့ ဘယ်လိုအခွန်ဆောင်ရမလဲ။
တစ်နှစ် စာချုပ်လား၊ တစ်သက် စာချုပ်လား။
မမရေ
ဟိုလူတွေလေ ချစ်ခြင်းမေတ္တာကို တစ်ထောင့်ငါးရာနဲ့ ချရောင်းနေတယ်။
သိပ်ခက်တဲ့လူတွေ မမဆိုတာ အဲ့တစ်ထောင့်ငါးရာမက တန်တာကိုနော်။
မမရေ
မေတ္တာဆိုတဲ့ စိတ္တဇ နာမ်ကို ၊ မမ ဆိုတဲ့ တစ်ဦးဆိုင်နာမ်အဖြစ်
ပြောင်းလဲပြစ်ချင်တယ်။ မမအပေါ် မေတ္တာရှိကြောင်းလဲ ကြွေးကြော်ချင်တယ်။
မမရေ
မနေ့က သတင်းစာမှာ အချစ်စစ်တွေ ရဖို့ခက်ပြီလို့ ဖော်ပြထားတယ်။
မမဆီက အချစ်က ဘယ်လောက်စစ်ကြောင်း ကြွားချင်လိုက်တာ။
မမရေ
ဆောင်းလေက ဝှေ့၊ နှင်းက မွှေ့ နဲ့ လွမ်းလိုက်တာ လွမ်းလိုက်တာ။
နောက်နှစ် နွေတော့ ချစ်ခွင့်ရချင်တယ်။
မမရေ
ကမ္ဘာကြီး လုံးလုံး၊ ပြားပြား မမ မျက်၀န်းလေးတွေကိုတော့
အလွတ်ရတယ်။
အဲ့မျက်၀န်းအိမ် ဝိုင်းဝိုင်းလေးဟာ သိပ်ညို့ယူတတ်တာမဟုတ်လား။
မမရေ
မမအကြောင်း အစချီလို့ကတော့ ဒီကောင်မလေးက
ထွန့်ထွန့်လူးအောင် ဖွဲ့နွဲ့လိုက်ချင်တာ။
ချစ်တာကိုး ချစ်တာကိုးမမရဲ့
ဒီစကားလုံးတွေ ဘယ်ကရလဲ လာလာမေးတဲ့အခါ ဒီရင်ခွင်ကို လှပ်လှပ်ပြရတယ်။ဒီ နှလုံးသားက လာတယ်။ ဒီက လာတယ်ဆိုပြီးတော့ပေါ့။
Telegram -https://t.me/girllovestorybyhsu
#girllovestorybyhsu