39 w - Translate

\အ​မေရိကန်ကာကွယ်​ရေးဝန်ကြီးအသစ်၏လွဲ​ချော်မှုကိုFOXရုပ်သံကပြသ\
"အ​မေရိကန်ကာကွယ်​ရေးဝန်ကြီးအသစ်၏လွဲ​ချော်မှုကိုFOXရုပ်သံကပြသ"


သမ္မတသစ်​ဒေါ်နယ်ထရမ့်လက်ထက်တွင်ကာကွယ်​ရေးဝန်ကြီးလုပ်မည့်ပီတာဟက်ဆက်သည်၂၀၁၅ခုနှစ်ကပုဆိန်ပစ်ပြိုင်ပွဲတွင်ပစ်မှတ်ကိုလွဲ​ချော်ပြီးဒရမ်တီးသူ၏လက်ကိုထိမှန်ခဲ့သည်။ကံ​ကောင်းသည့်အချက်မှာပုဆိန်၏အသွားဖက်နှင့်မထိသဖြင့်ဒဏ်ရာမရရှိခဲ့​ပေ။ဤဗီဒီယိုကိုFOXရုပ်သံကပြန်လည်ထုတ်လွှင့်ခဲ့သည်။


NOM

39 w - Translate

Butterfly pendants 🥲🦋💎

image
39 w - Translate

Butterfly pendants 🥲🦋💎

image
39 w - Translate

Butterfly pendants 🥲🦋💎

image
39 w - Translate

Butterfly pendants 🥲🦋💎

image
39 w - Translate

Butterfly pendants 🥲🦋💎

image
39 w - Translate

Butterfly pendants 🥲🦋💎

image
39 w - Translate

Butterfly pendants 🥲🦋💎

imageimage
+4
39 w - Translate

"Trump အကောင်းမြင်ဝါဒအပေါ် မူတည်၍ Bitcoin သည် $ 93,000 အထိ မြင့်တက်လာခဲ့။"

Bitcoin အရောင်းအဝယ်သမားများသည် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ crypto အတွက်လက်ခံပံ့ပိုးပေးမည်ဆိုသော ကတိကြောင့် Bitcoin သည် ပထမဆုံးအကြိမ် $93,000 အထက်သို့ တက်သွားသည်။

image
39 w - Translate

မုန်တိုင်းမပြတ်ဖြစ်နေသော ဖိလစ်ပိုင်ကို စူပါတိုက်ဖွန်း ထပ်ဝင်မည်

စူပါတိုက်ဖွန်း အူဆာဂီ မဝင်ရောက်မီ နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့များတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများဆောင်ရွက်ရန် ဖိလစ်ပိုင်အာဏာပိုင်များက ကြာသပတေးနေ့(နိုဝင်ဘာ ၁၄) တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းမပြတ်ဖြစ်နေသော နိုင်ငံတွင် တစ်လအတွင်း ပဉ္စမမြောက်မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်နေရခြင်းဖြစ်သကဲ့သို့ ယခုသီတင်းပတ်အနှောင်းပိုင်းတွင်လည်း ဆဋ္ဌမမြောက်မုန်တိုင်း ထပ်ဝင်ရန် ရှိနေသည်ဟု သိရသည်။

ယခင်တိုက်ဖွန်းများကြောင့် ၎င်းတို့မြို့များရေမြုပ်ခဲ့ဖြင့် ရေဘေးရှောင်ခဲ့ရသူများအပါအဝင် ကာဂါယန်ပြည်နယ်တွင် လူပေါင်း ၂၄,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည်ဟု အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များက ဖော်ပြသည်။ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဟုလည်း သိရသည်။

ဒေသတွင်း၌ အိုဖဲလ်ဟု သိကြသည့် အူဆာဂီသည် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ကာဂါယန်ကုန်းတွင်းပိုင်းကို ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

“အူဆာဂီကြောင့် မိုးရွာသွန်းမှုတွေရှိလာမှာမို့ ကာဂါယန်မြစ်ရေ ထပ်မြင့်တက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ကာဂါယန် သဘာဝဘေးပြန်လည်ထူထောင်ရေးရုံးအကြီးအကဲ ရူးလီရပ်ဆင်းက ပြောသည်။

ကာဂါယန်ပြည်နယ် အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးကြီးနိုင်ပြီး ပြည်နယ်၏ ကျန်အစိတ်အပိုင်းများတွင် လေတိုက်နှုန်း တစ်နာရီ ၆၂ မိုင် နှုန်းဖြင့် လေပြင်းများ တိုက်ခတ်နိုင်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အူဆာဂီကြောင့် လျှပ်စစ်ဓါတ်အားနှင့် ဆက်သွယ်ရေးများ ပြတ်တောက်နိုင်သဖြင့် မီးစက်များကဲ့သို့ မရှိမဖြစ် ထောက်ပံ့ရေးပစ္စည်းများကို အသင့်ပြင်ထားသည်ဟု ဆိုသည်။

နောက်ထပ် အပူပိုင်းမုန်တိုင်းဖြစ်သော မန်ယီသည်လည်း ချဉ်းကပ်လာနေပြီး စနေနေ့လောက်တွင် ဖိလစ်ပိုင်အလယ်ပိုင်းကို ဝင်ရောက်တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။ အလယ်ပိုင်းပြည်နယ်များတွင် အရေးတကြီးမဟုတ်ပါက ခရီးသွားလာခြင်းများ မလုပ်ကြရန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် အကြံပြု တိုက်တွန်းခဲ့သည်။

ပျှမ်းမျှအားဖြင့် ဖိလစ်ပိုင်နိုင်ငံကို နှစ်စဉ် မုန်တိုင်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး မိုးသည်းထန်မှုများ၊ လေပြင်းတိုက်ခတ်မှုများနှင့် လူအ‌ေ-သအပျောက်ရှိသော မြေပြိုမှုများဖြစ်ပွားသည်။

နိုင်ငံတော် သဘာဝဘေးဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ အောက်တိုဘာလအတွင်းက နိုင်ငံ၏ အဓိကကျွန်း လူဇုန်ကို ထရာမီနှင့် ကွန်ရေးမုန်တိုင်းနှစ်လုံး ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ‌ေ-သဆုံးသူ ၁၅၉ ဦးရှိခဲ့ကာ ၂၂ ဦး ပျောက်ဆုံးလျက်ရှိသေးကြောင်း သိရသည်။

image