Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
MoALI signs to receive 3,000-tonne rice stocks under APTERR Tier 3 programme
Ministry of Agriculture, Livestock and Irrigation (MoALI) signed a Memorandum of Agreement with APTERR’s secretary-general on 21 November in Nay Pyi Taw to receive 3,000 tonnes of rice from the Republic of Korea under the ASEAN Plus Three Emergency Rice Reserve (APTERR) Tier 3 programme.
Under the APTERR Tier 3 programme, 3,000 tonnes from the Republic of Korea and 500 tonnes of locally produced rice with donations from China will be contributed to people affected by natural disasters and the events of calamities. Over 1,000 tonnes of reserved rice under the APTERR programme were contributed to regions and states affected by devastating floods last September, the ministry stated.
With Myanmar being a member of APTERR, the ministry has actively participated in APTERR Tier 3 programme for rice donations to natural disaster-hit communities starting in 2017. — NN/KK
ဂွါဒီယိုလာ စာချုပ်သက်တမ်းတိုးမှု ပရီးမီးယားလိဂ်အတွက် သတင်းကောင်းဟု အာနဲစလော့ ပြော
နည်းပြဂွါဒီယိုလာ စာချုပ်သက်တမ်းတိုးခဲ့တာက မန်စီးတီးနဲ့ ပရီးမီးယားလိဂ်အတွက် သတင်းကောင်းတခုဖြစ်ကြောင်း လီဗာပူးနည်းပြအာနဲစလော့က ပြောသွားပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးကနေ ထွက်ခွါဖို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တာပါ။
ဂွါဒီယိုလာက ကမ္ဘာ့အကောင်းဆုံးနည်းပြတယောက် ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနည်းပြဆိုရင်လည်း မမှားကြောင်း နည်းပြစလော့ကပြောပါတယ်။
ပတ်ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၄ နှစ်ဆက် တိုက်ရယူပေးခဲ့သူဖြစ်လို့ အကောင်းဆုံးနည်းပြလို့ ညွှန်းဆိုဖို့ ထိုက်တန်ကြောင်း၊ မန်စီးတီးမှာ ကစားသမားကောင်းတွေလည်း ရှိတာကြောင့် ဂွါဒီယိုလာ ထွက်ခွါသွားမယ်ဆိုရင်လည်း စွမ်းဆောင်ရည် ကျဆင်းသွားလိမ့်မယ်လို့ မျှော်လင့်မထားကြောင်း လီဗာပူးနည်းပြ စလော့က ပြောသွားပါတယ်။
DVB
Tesla ကား မီးလောင်ရာမှာ တံခါး ဖွင့်မရလို့ လူ ၄ ယောက် ေ-သဆုံး
======================================
Tesla ကား တစ်စီး မီးလောင်ရာမှာ တံခါး ဖွင့်မရလို့ လူ ၄ ယောက် ေ-သဆုံးသွားတဲ့ ဖြစ်ရပ် ကနေဒါ နိုင်ငံ တိုရွန်တိုမှာ ဖြစ်ပွားခဲ့ပါတယ်။
လူ ၅ ယောက် စီးလာတဲ့ Tesla Model Y ကားမှာ ယာဉ်မောင်းဟာ ကားကို မထိန်းနိုင်ဘဲ တံတား ကွန်ကရစ်တိုင်ကို ဝင်တိုက်မိသွားပါတယ်။ ကားမီးလောင်သွားပြီး ကားပေါ်ပါတဲ့ လူတွေက တံခါးကို ဖွင့်ဖို့ ကြိုးစားပေမယ့် ဖွင့်လို့ မရခဲ့ဘူးလို့ ဖြစ်ရပ်ကို မြင်တွေ့ခဲ့တဲ့ လူ တစ်ယောက်က ပြောပြပါတယ်။
အဲဒီလူက ကားတံခါးကို ရိုက်ခွဲပြီး အမျိုးသမီး တစ်ယောက်ကို ကယ်တင်ခဲ့ပါတယ်။ မီးခိုးများနေတဲ့အတွက် ကားထဲမှာ တခြားလူတွေ ရှိသေးလားဆိုတာကို အဲဒီလူက မသိခဲ့ဘူးလို့ ပြောပါတယ်။
မီးသတ်ဌာနမှ Jim Jessop က မီးသတ်သမားတွေ ရောက်လာတဲ့အချိန်မှာ ကားဟာ လုံးဝမီးလောင်ကျွမ်းနေပြီလို့ ပြောပါတယ်။ လူ ၄ ယောက် ေ-သဆုံးနေတာကို မီးငြိမ်းသတ်ပြီးနောက်မှာ တွေ့ခဲ့ရပါတယ်။ အဲဒီအထဲမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ပါဝင်ပါတယ်။
လောလောဆယ်မှာ ရဲတွေက ဒီအမှုကို စုံစမ်းစစ်ဆေးနေပါတယ်။
Ref : theverge
Digital times