44 w - Translate

Hair Clips ✨

image
44 w - Translate

Hair Clips ✨

image
44 w - Translate

Hair Clips ✨

image
44 w - Translate

Hair Clips ✨

image
44 w - Translate

Hair Clips ✨

image
image
image
image
image
44 w - Youtube

44 w - Translate

သီရိလင်္ကာ၌သဘာဝဘေးများကြောင့် လူ ၁၅,၀၀၀ ကျော်ထိခိုက်ခံစားခဲ့ရ

ကိုလံဘို၊နိုဝင်ဘာ ၂၄

သီရိလင်္ကာနိုင်ငံ၌ မိုးနှင့် ဆက်စပ်သည့် သဘာဝဘေးများကြောင့် လူပေါင်း ၁၅,၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဗဟိုဌာနက နိုဝင်ဘာ ၂၄ ရက်နေ့ကပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်းနှင့်အနောက်မြောက်ပိုင်းဒေသများအပါအဝင် ခရိုင် ၇ ခုမှ မိသားစုပေါင်း ၄,၃၀၇ စုမှ စုစုပေါင်းလူ ၁၅,၉၅၄ ဦးသည် ရေကြီးရေလျှံမှု၊လေပြင်းတိုက်ခတ်မှုနှင့်သစ်ပင်ကျိုးကျမှုအစရှိသည့် သဘာဝဘေးဒဏ်များကိုခံစားခဲ့ရသည်ဟုလည်းသိရသည်။

နိုင်ငံမြောက်ပိုင်းရှိ ဂျက်ဖ်နာပြည်နယ်သည် အဆိုးရွားဆုံးထိခိုက်ခဲ့သည့်ဒေသတစ်ခုဖြစ်ပြီး လူပေါင်း ၇,၀၁၀ ဦး ကို ထိခိုက်ဆုံးရှုံးမှုများဖြစ် စေခဲ့သည်ဟုလည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန၏ အာဏာပိုင်များကသတင်းထုတ်ပြန်ကြေငြာခဲ့သည်။

image
44 w - Translate

ယူကရိန်းသို့ မြေမြှု-ပ်မိုင်းများ ထောက်ပံ့ပေးမှုကို ဂူတာရက်စ် ရှုတ်ချ

ယူကရိန်း ပဋိပက္ခမှာ မြေမြှု-ပ်မိုင်း အသုံးပြုမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။

"မြေမြှု-ပ်မိုင်းတွေဟာ အရပ်သားတွေအတွက် အန္တရာယ်ကို ကိုယ်စားပြုပါတယ်။ တိုက်ပွဲတွေ ရပ်သွားရင်တောင်မှ ဒီကြောက်စရာကောင်းတဲ့ လက်နက်တွေ ကျန်ရှိနေနိုင်ပြီး မျိုးဆက်ပေါင်းများစွာ ပြည်သူတွေကို ကြောက်ရွံ့ထိတ်လန့်စေပါတယ်” ဟု ကုလသမဂ္ဂ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံပေါင်း ၁၆၄ နိုင်ငံက ၁၉၉၉ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည့် မြေမြှု-ပ်မိုင်း တားဆီးရေး ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် ပါဝင်ရန် အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့သည်။

ယူကရိန်းတွင် မြေမြှု-ပ်မိုင်းအသုံးပြုမှုကို အမေရိကန် အစိုးရက ခွင့်ပြုထားကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ပင်တဂွန်က အတည်ပြုခဲ့သည်။ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကိယက်ဗ် အစိုးရထံ မြေမြှု-ပ်မိုင်း အသစ်များ ပေးပို့နိုင်ရန်ကို အကြံပြုခဲ့သည်။

သမ္မတဘိုင်ဒင် က ယူကရိန်းသို့ မြေ-မြှုပ်မိုင်းများ ပို့ဆောင်ခြင်းကို ခွင့်ပြုခဲ့ပြီး ကိုရီးယားကျွန်းဆွယ်အပြင်ဘက်တွင် အမေရိကန် မြေမြှု-ပ်မိုင်းများ လွှဲပြောင်းခြင်းနှင့် အသုံးပြုခြင်းကို တားမြစ်ထားသည့် ၎င်း၏ အစိုးရ၏ အစောပိုင်းမူဝါဒကို ပြောင်းပြန်လှန်ခဲ့ကြောင်း The Washington Post သတင်းစာက ရေးသားဖော်ပြခဲ့သည်။ ယူကရိန်းနိုင်ငံသည် မြေမြှုပ်မိုင်း တားဆီးရေး ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ကပြောသည်။

image
44 w - Translate

25 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,400
USD Sell - MMK 4,500
EUR Buy - MMK 4,600
EUR Sell - MMK 4,725
SGD Buy - MMK 3,310
SGD Sell - MMK 3,380
THB Buy - MMK 126.58
THB Sell - MMK 129.87
JPY Buy - MMK 28.41
JPY Sell - MMK 29.15
MYR Buy - MMK 983
MYR Sell - MMK 1,010
CNY Buy - MMK 606
CNY Sell - MMK 622

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,880,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,250,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
44 w - Translate

ညကပွဲမှာ ရီးရဲလ်တို့ ပင်နယ်တီအစပ်နား ဖရီးကစ်ကန်ခွင့်ရပါတယ်။ ဒါကို တိုက်ရိုက်မကန်သွင်းဘဲနဲ့ ဗယ်လ်ဗာဒီကန်သွင်းလို့အောင် အသင်ဖော်နှစ်ဦးက အသာလေးပဲ တို့ထိပေးပြီးတော့ ဖန်တီးပေးခဲ့ပါတယ်။

ဗယ်လ်ဗာဒီကလည်း သူကန်သွင်းနေကျအတိုင်း အပြင်းစားကန်ချက်နဲ့ ကန်သွင်းယူခဲ့ပါတယ်။ ဘောလုံးက ဂိုးတိုင်အောက်ခြေထောင့်နားကနေ ကွက်တိဝင်သွားခဲ့ပြီး ရီးရဲလ်တို့ ဒုတိယဂိုးရသွားခဲ့တာပါ။ တိကျလွန်းတဲ့ ကန်ချက်ပါပဲ။

သူ့ရဲ့ trademark ကို ဗယ်လ်ဗာဒီက ထိန်းထားနိုင်တုန်းပါပဲ။ ရီးရဲလ်အသင်းခေါင်းဆောင်အဖြစ်နဲ့ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရတဲ့ပွဲမှာ သူ လှပတဲ့ဂိုးယူနိုင်ခဲ့တာဖြစ်ပါတယ်။

image