ကျောက်ဆည်မှာ ငွေကျပ် (၁၄) ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေး၀ါးတွေကို လွှဲပြောင်း သယ်ဆောင်သူ (၁၀)ဦးနဲ့ အတူ ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၇

မန္တလေး၊ ကျောက်ဆည်မြို့နယ်ထဲမှာ ငွေကျပ် ၁၄ ဒသမ ၅ ဘီလီလံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေး၀ါးတွေကို လွှဲ ပြောင်းသယ်ဆောင်သူ (၁၀)ဦးနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နစက ကနေ ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့က ကျောက်ဆည်မြို့နယ်၊ တောင်တော် ကျေးရွာ၊ မြောက်ဘက် (၃)ဖာလုံအကွာ မြောင်းဘေးမှာ မူးယစ်ဆေး၀ါး လွှဲပြောင်း သယ်ဆောင်မယ့် သတင်းအရ သွားရောက်ရှာဖွေ စစ်ဆေးရာ မူးယစ်ဆေး၀ါးတွေနဲ့ အတူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ မူးယစ်ဆေး၀ါး သယ်ဆောင်ရာ လမ်းကြောင်းမှာ ဆက်စပ်သူတွေနဲ့ ဘိန်းဖြူတွေ၊ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ထပ်မံဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။

သူတို့တွေနဲ့ အတူ မူးယစ်ဆေး၀ါး သယ်ဆောင်ရာဆက်သွယ် အသုံးပြုတဲ့ CANTER မော်တော်ယာဉ် (၁)စီး၊ DONGFENG တွဲယာဉ် (၁)စီး၊ ALPHARD မော်တော်ယာဉ် (၁)စီး၊ MARK II မော်တော်ယာဉ် (၁)စီး၊ SURF မော်တော်ယာဉ် (၁)စီး၊ ကုန်တင်ယာဉ်ကြီး (၁)စီးနဲ့ ဆိုင်ကယ် (၂)စီးတို့လည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိပြီး ဖမ်းဆီးရမိသူတွေရဲ့ မူးယစ်ဆေး၀ါး သယ်ဆောင်ရောင်းဝယ်ရာကနေ ရရှိတဲ့ ငွေကြေး အကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ ဘဏ္ဏာအဖြစ် သိမ်းဆည်းနိုင်ဖို့ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


#သတင်းဟင်းလေးအိုးကြီး

imageimage

အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာမှာကို ထိုင်းနိုင်ငံ ကြိုဆိုကြောင်း ကုန်သွယ်ရေးဝန်ကြီးပြော

နိုဝင်ဘာ ၂၇

အမေရိကန်လုပ်ငန်းရှင်တွေ ထိုင်းနိုင်ငံထဲမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တာကို အကောင်းမြင်ကြောင်း ကုန် သွယ်ရေးဝန်ကြီး ဖိချိုင်းနရစ်သာဖန်က ပြောကြားလိုက်ပါတယ်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (USABC) အဖွဲ့က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ထိုင်းနိုင်ငံရဲ့မဟာဗျူဟာမြောက်တည်နေရာတည်ရှိမှုနဲ့ စီးပွားရေးလုပ်ကိုင်ဖို့ကောင်းမွန်တဲ့ ပတ်ဝန်းကျင်အခြေအနေကို ဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

Amazon၊ Boeing နဲ့ Google တို့လို အမေရိကန်ထိပ်တန်းကော်ပိုရေးရှင်းကြီးတွေက ကိုယ်စားလှယ်တွေပါဝင် တဲ့ USABC ကိုယ်စားလှယ်အဖွဲ့ဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဖို့အတွက် အခွင့်အလမ်းတွေရှာ ဖွေဖို့ ထိုင်းနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအဖွဲ့ဟာ အနာဂတ်ကာလပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုမြှင့်တင်ဖို့အတွက် ကုန်သွယ်ရေးအတားအဆီးတွေကို ကိုင်တွယ်ဖြေရှင်းရေးတို့အတွက် ဆွေးနွေးခဲ့ပါတယ်။

ပြည်ပပို့ကုန်မြင့်တက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ အခွင့်အလမ်းအားသာချက်တွေရှိနေတဲ့ အခြေအနေတွေ ကို ကိုးကားပြီး ထိုင်းနိုင်ငံရဲ့ အားကောင်းခိုင်မာတဲ့ စီးပွားရေးဆောင်ရွက်ချက်တွေကို ဝန်ကြီးဖိချိုင်းက ရှင်းပြ ပါတယ်။

ထိုင်းနိုင်ငံဟာ အထူးသဖြင့် အီလက်ထရောနစ်ကားနဲ့ အတွင်းပေါက်ကွဲအင်ဂျင်ကားတွေထုတ်လုပ်ရာမှာ ဒေသ တွင်းဗဟိုချက်မနိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

“ထိုင်းနိုင်ငံဟာ လက်ရှိအချိန်မှာ စိတ်လှုပ်ရှားတက်ကြွဖွယ် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ အဆင်ပြေချောမွေ့စေဖို့ ကျွန်တော်တို့ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ အမေရိကန်စီးပွား ရေးလုပ်ငန်းတွေ ကျွန်တော်တို့နိုင်ငံမှာ လာရောက်တည်ထောင်မှာကို ကျွန်တော်တို့ ကြိုဆိုနေပါတယ်။” လို့ ဖိ ချိုင်းက ပြောပါတယ်။

အသိဉာဏ်ပညာဆိုင်ရာမူပိုင်ခွင့်ဥပဒေနဲ့ သွင်းကုန်/ပို့ကုန် အခွန်အခကောက်ခံခြင်းဥပဒေတို့နဲ့ ဆက်စပ်တဲ့ ပြဿနာတွေအပါအဝင် အမေရိကန်နဲ့ ပတ်သက်ပြီး ကုန်သွယ်မှုနဲ့ ဆက်နွယ်တဲ့ စိုးရိမ်ပူပန်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကိုလည်း ၎င်းက အလေးထား ပြောကြားခဲ့ပါတယ်။

အနာဂတ်ကာလမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိုင်းနိုင်ငံထဲကို ပိုမိုဝင်ရောက်လာဖို့အတွက်လည်း ဂျပန်နဲ့ ဆက်ဆံရေးမြှင့်တင်ဖို့အတွက် အစီအစဉ်တွေရှိကြောင်း ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ံတို့လို အဓိက ကုန်သွယ်ဖက်နိုင်ငံတွေနဲ့လည်း လွတ်လပ်သောကုန်သွယ် ရေးသဘောတူညီချက် (free-trade agreements – FTAs) တွေနဲ့ ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းဖို့ အရေးကြီး ကြောင်း ၎င်းက ပြောပါတယ်။

“ထိုင်းနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆွဲဆောင်နိုင်မယ့် နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ခိုင်ခိုင်မာမာ သံန္နိဋ္ဌာန်ချထားပြီးသားဖြစ်ပါတယ်။ မဟာဗျူဟာမြောက်တည်ရှိခြင်း၊ ကျွမ်းကျင်လုပ် သားတွေရှိခြင်းနဲ့ ခိုင်မာတဲ့ အခြေခံအဆောက်အအုံတွေတည်ရှိခြင်းတို့ကို အကျိုးရှိရှိအသုံးချပြီး ကျွန်တော်တို့ နိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာလာအောင် ကျွန်တော်တို့ဆောင်ရွက်နိုင်ပါတယ်။” လို့ ဖိချိုင်းက ပြောပါတယ်။

Ref: Thailand welcomes US investment surge

Credit - Mi Report
#သတင်းဟင်းလေးအိုးကြီး

image
image
image
44 ပတ် - ဘာသာပြန်ပါ။

မန်စီးတီးအတွက် ခက်ခဲတဲ့ရာသီလို့ ဂွာဒီယိုလာ ပြော

နိုဝင်ဘာ ၂၇

မန်စီးတီးအသင်းဟာ ဖီယင်နုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၃ ဂိုးစီသရေကျပြီး နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် နည်းပြ ဂွာဒီယိုလာက အသင်းအတွက် ခက်ခဲတဲ့ရာသီလို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ကျနော်တို့အတွက် ခက်ခဲတဲ့ရာသီဖြစ်ပြီး အခြေအနေများစွာအတွက် ကျနော်တို့ ဒါကို လက်ခံ ရမှာပါ။ ကံမကောင်းစွာနဲ့ ပွဲကိုအဆုံးသတ်ခဲ့ရပြီး မှန်ကန်တဲ့အခိုက်အတန့်မှာ သူတို့ကို အပြစ်ပေးလို့မရခဲ့ပါဘူး။ အသင်းဟာ ဒီပွဲမှာ အကောင်းဆုံးလုပ်နိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ တစ်ခုခုဖြစ်ပျက်နေချိန်မှာ ကျနော်တို့ဟာ လုံလောက်တဲ့ တောင့်တင်းမှုတွေမရှိခဲ့ပါဘူး။ ကျနော်တို့ဟာ ကြိုးစားပြီး အမှားတွေကိုရှောင်ရမယ်”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဟာလန်းရဲ့သွင်းဂိုး၂ ဂိုး၊ဂွန်ဒိုဂန်ရဲ့သွင်းဂိုးနဲ့ ပွဲချိန်မိနစ် ၇၀ ကျော်အထိ ဖီယင်နု အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီးအသင်းဟာ ပွဲပြီးခါနီးတွေမှာ ဖီယင်နုအသင်းကို ချေပဂိုး ၃ ဂိုးဆက်တိုက်ပြန်ပေးခဲ့ရတာကြောင့် သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။

မန်စီးတီး အသင်းဟာ ဖီယင်နုအသင်းနဲ့ပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲစလုံးအရေးနိမ့်ခဲ့ပြီး ဒီပွဲမှာလည်း နိုင်ပွဲ မရခဲ့တဲ့အတွက် ၆ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဖီယင်နုအသင်းနဲ့ သရေကျခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၅ ပွဲကစားအပြီးမှာ ရမှတ် ၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၅ နေရာအထိ ရောက်ရှိသွားခဲ့တာပါ။

မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ချင်တယ်ဆိုရင် ချန်ပီယံလိဂ်လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းရယူ နိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ရလဒ်တွေဆိုးရွားနေတဲ့ မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ အရေးနိမ့်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ရမှတ် ၁၁ မှတ်အထိ ကွာဟသွားတော့မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ သူတို့အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

Source:ESPN

#centralnewsnaypyitaw

image
Khine Su Zin မျှဝေသည်။ ပို့စ်  
44 ပတ်

44 ပတ်

Computer Excel Skill တိုးတက်ချင်တဲ့သူတွေအတွက် ၇ နာရီကြာတဲ့ ဒီ Excel Free course ကို တက်ကြည့်ပါ။ တက်ပြီးရင် Completion certificate လည်းရရှိမှာဖြစ်ပါတယ်။
သင်ကြားပေးမဲ့ဟာတွေကတော အောက်ပါအတိုင်းဖြစ်ပါတယ်။
• Excel Sort and Filter
• Excel Dashboard
• Functions in Excel
• Conditional formatting
• Data Validation
• Pivot Tables and Charts
• Data Analysis in Excel
• Macros and VBA
• ဘယ်သူတွေတက်သင့်လဲဆိုရင်တော့
• Freshers
• Sales Professionals
• Marketing Professionals
• Strategists
• Business Executives
• Data Professionals စသောသူတွေ Excel ကို စိတ်ဝင်စားသောသူတွေ တက်သင့်ပါတယ်။
Link: https://www.simplilearn.com/le....arn-ms-excel-free-tr

#crd

image

Computer Excel Skill တိုးတက်ချင်တဲ့သူတွေအတွက် ၇ နာရီကြာတဲ့ ဒီ Excel Free course ကို တက်ကြည့်ပါ။ တက်ပြီးရင် Completion certificate လည်းရရှိမှာဖြစ်ပါတယ်။
သင်ကြားပေးမဲ့ဟာတွေကတော အောက်ပါအတိုင်းဖြစ်ပါတယ်။
• Excel Sort and Filter
• Excel Dashboard
• Functions in Excel
• Conditional formatting
• Data Validation
• Pivot Tables and Charts
• Data Analysis in Excel
• Macros and VBA
• ဘယ်သူတွေတက်သင့်လဲဆိုရင်တော့
• Freshers
• Sales Professionals
• Marketing Professionals
• Strategists
• Business Executives
• Data Professionals စသောသူတွေ Excel ကို စိတ်ဝင်စားသောသူတွေ တက်သင့်ပါတယ်။
Link: https://www.simplilearn.com/le....arn-ms-excel-free-tr

#crd

image

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားတွင်ကျင်းပသည့် 12th International Conference of Asian Political Party(ICAPP) General Assembly သို့ တက်ရောက်ခဲ့

နိုဝင်ဘာ ၂၇

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပ ပြုလုပ်သည့် International Conference of Asia Political Parties (ICAPP)၏ (၁၂)ကြိမ်မြောက် ညီလာခံကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ပါတီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါ ညီလာခံသည် (၃၉) နိုင်ငံရှိ နိုင်ငံရေးပါတီ (၅၉)ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ICAPP အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP – Cambodian People’s Party)မှ တာဝန်ရှိသူများ၊ အခြားနိုင်ငံများမှ လေ့လာသူများအပါအဝင် အင်အား (၃၀၀) ကျော် တက်ရောက်ခဲ့သည်။

ထိုညီလာခံ၏ အဓိကဆွေးနွေးရသည့် ခေါင်းစဉ်မှာ ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးအတွက် နည်းလမ်းရှာဖွေခြင်းဖြစ်ပြီး ၎င်းကို ဗဟိုပြု၍ ယဉ်ကျေးမှုကဏ္ဍ၊ ဒီဂျစ်တယ်မီဒီယာကဏ္ဍ၊ သတင်းတု တိုက်ဖျက်ရေးကဏ္ဍ စသည့် ဆက်စပ်ခေါင်းစဉ်များဖြင့် မျက်နှာစုံညီ အစည်းအဝေးများ သီးခြားစီကျင်းပခဲ့ပြီး သဘောထား ထုတ်ပြန်ချက်များ ချမှတ်နိုင်ခဲ့သည်။

သက်ဆိုင်ရာ အစည်းအဝေးများတွင် ပါတီဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များမှ ဝင်ရောက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကာလအတွင်း ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယူနိုက်တက်ရုရှားပါတီမှ တာဝန်ရှိသူများ၊ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ပါတီတာဝန်ရှိသူများ၊ ICAPP မှ တာဝန်ရှိသူများနှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့နောက် CPP ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မစ္စတာဟွန်ဆန်နှင့် သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပါတီချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Credit - NV News Ageency

#သတင်းဟင်းလေးအိုးကြီး

imageimage
+6
44 ပတ် - ဘာသာပြန်ပါ။

နွားထိုးကြီးမြို့မရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ၊ ရဲဒုတပ်ကြပ်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရ

နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ မြို့မရဲစခန်းအတွင်းသို့ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၂၆)ရက် နံနက် (၈)နာရီ (၁၀)မိနစ်အချိန်က နွားထိုးကြီးမြို့နယ်၊ သမင်ဘေးကျေးရွာဘက်မှ နွားထိုးကြီးမြို့မရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဒရော့ဗုံး (၅)လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ (၄)လုံးသည် ရဲစခန်းအပြင်ဘက် မြင်းခြံ-ရေဝန်းသွား ကားလမ်းမတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး (၁)လုံးသည် ရဲစခန်းအမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ယင်းသို့ ရဲစခန်းအမိုးပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် စခန်းအမိုးသွပ်ပြားနှင့် မျက်နှာကျက် ပေါက်ကွဲသွားပြီး ရဲဒုတပ်ကြပ်တစ်ဦး၏ ယာဘက်ပေါက် ဗုံးစရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။

#centralnewsnaypyitaw

image

2024 Colourful World အမည်ဖြင့် လူငယ်ပေါင်း ၅၂၀၀၀ ပါဝင်ယှဥ်ပြိုင်သည့် နိုင်ငံတကာ ရောင်စုံကမ္ဘာ လူငယ်များ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများက ပထမဆုအပါအဝင် ဆုများရရှိ

နိုဝင်ဘာ ၂၇

တရုတ်နိုင်ငံ ပေကျင်းမြို့၌ 2024 Colourful World အမည်ဖြင့် ကျင်းပသည့် “International Youth Painting Invitational Exhibition; Awarding and Opening Ceremonies” တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများမှာ ပထမဆုအပါအဝင် ဆုများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ၏ အသက် ၇ နှစ်မှ ၁၂ နှစ်အထိ အုပ်စုတွင် G4 ကျောင်းသား မောင်သစ်ထူးဉာဏ်က ပထမဆု၊ အသက် ၁၃ နှစ်မှ ၁၈ နှစ်အထိ အုပ်စုတွင် G9 ကျောင်းသား မောင်ဖုန်းမြတ်စံက ဒုတိယဆုနှင့် G9 ကျောင်းသား မောင်မင်းစစ်ပိုင်၊ G8 ကျောင်းသား မောင်ပြည့်ဖြိုးဟိန်းနှင့် ပန်းချီပညာသင်ကျောင်းမှ မဇူးဇူးလှိုင် တို့က တတိယဆုတို့ကို ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ “International Youth Painting Invitational Exhibition; Awarding and Opening Ceremonies” ကို နိုဝင်ဘာ ၂၃ ရက်က ပေကျင်းပြည်သူ့ နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း (BPAFFC)နှင့် Beijing Association for Science and Technology, Overseas Chinese Affairs Office of Beijing Municipal Government, Beijing Women's Federation တို့ ပူးပေါင်းစီစဉ် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲသို့ နိုင်ငံပေါင်း ၆၄ နိုင်ငံမှ ကျောင်းသားကျောင်းသူ ၅၂၀၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို အသက် ၄ နှစ်မှ ၆ နှစ်အထိ အုပ်စု၊ အသက် ၇ နှစ် မှ ၁၂ နှစ် အထိ အုပ်စုနှင့် အသက် ၁၃ နှစ်မှ ၁၈ နှစ်အထိအုပ်စုဟူ၍ အုပ်စု (၃)စု ခွဲခြားယှဉ်ပြိုင်စေခဲ့ကြကာ မြန်မာနိုင်ငံမှ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)၏ ကြီးကြပ်မှုဖြင့် အထက်ပါ အုပ်စု(၂)စုတွင် ယှဉ်ပြိုင်ရေးဆွဲပေးပို့၍ ပြိုင်ပွဲဝင်ခဲ့ကြရာ ထူးချွန်ဆုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image
44 ပတ် - ဘာသာပြန်ပါ။

ဗဟိုဘဏ်မှ တရုတ်ယွမ် ၁ ဒသမ ၈ သန်းနီးပါး ထပ်မံထုတ်ရောင်း

နိုဝင်ဘာ ၂၇

ဗဟိုဘဏ်မှ တရုတ်ယွမ် ၁ ဒသမ ၇၉၀ သန်း ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း တရုတ်ယွမ် ၁၄ သန်းခန့် ထုတ်ရောင်းပေးထားကြောင်း နိုဝင်ဘာလ ၂၆ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ သွင်းကုန်များ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး ယင်းနိုင်ငံများနှင့် ငွေပေးချေမှု ပိုမိုအဆင်ပြေစေရန် ယွမ်-ကျပ်၊ ဘတ်-ကျပ်များ တိုက်ရိုက်ပေးချေနိုင်အောင် ခွင့်ပြုပေးခဲ့ပြီးနောက် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကိုပါ ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ယခုနိုဝင်ဘာ ၄ ရက်၊ ၅ ရက်၊ ၆ ရက်၊ ၈ ရက်၊ ၁၁ ရက်နှင့် ၂၆ ရက်တို့တွင် တရုတ်ယွမ်များ ထုတ်ရောင်းပေးခဲ့ပြီး အဆိုပါ ခြောက်ကြိမ်အတွင်း စုစုပေါင်းတရုတ်ယွမ် ၁၃ ဒသမ ၇၅ သန်း ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ထို့အတူ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော်နှင့် ထိုင်းဘတ် ၃၃၈ ဒသမ ၂၉၇ သန်း ထုတ်ရောင်းပေးထားပြီးဖြစ်သည်။

ပြီးခဲ့သည့်လေးလအတွင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့မှုကို လေ့လာကြည့်ပါက ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၆ ရက်အထိ ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၅ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားခဲ့သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးခဲ့သည်။

ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော်လည်း ယခုနိုဝင်ဘာလအတွင်း နိုင်ငံခြားငွေဈေးနှုန်းများ အကျဘက်သို့ ဦးတည်ခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ၄၄၈၀ ကျပ်၊ တစ်ယွမ် ၆၂၁ ကျပ်၊ တစ်ဘတ် ၁၂၉ ကျပ်ဖြင့် အနည်းငယ်ကျဆင်းခဲ့သည်။

#centralnewsnaypyitaw

image

အစ္စရေးနဲ့ ဟက်ဇ်ဘိုလာ အပစ်ရပ်သဘောတူညီမှု ကန် သမ္မတကြိုဆို

နိုဝင်ဘာ ၂၇

အစ္စရေးလ်နဲ့ လက်ဘနွန်က ဟက်ဇ်ဘိုလာတို့ကြား အင်္ဂါနေ့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ အမေရိကန် ကြားဝင်ဆောင်ရွက်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တဲ့အပေါ် အမေရိကန်သမ္မတ Joe Biden က ကြိုဆိုလိုက်ပါတယ်။

" ဒေသစံတော်ချိန် မနက်ဖြန် မနက် ၄ နာရီမှာ လက်ဘနွန် - အစ္စရေးလ် နယ်စပ်တလျှောက် တိုက်ခိုက်မှုတွေ အဆုံးသတ် သွားပါလိမ့်မယ်။ တိုက်ခိုက်မှုတွေကို အပြီးတိုင် ရပ်ဆိုင်းဖို့ ရည်ရွယ်ထားပါတယ်" လို့ အမေရိကန် သမ္မတ Biden က ပြောဆိုခဲ့တာပါ။

လက်ဘနွန်က ဟက်ဇ်ဘိုလာတို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အမေရိကန်တို့ ကြားဝင် ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အစ္စရေးလ်ဘက်က အတည်ပြုလိုက်တာပါ။

အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ သတင်းကောင်းဖြစ်တယ်လို့ အမေရိကန်သမ္မတ Biden က ပြောဆိုလိုက်ပြီး ၁၃ လကျော်ကြာ တိုက်ပွဲတွေ ရပ်ဆိုင်းမှုဟာဆိုရင် ဂါဇာက စစ်ပွဲတွေ အဆုံးသတ်နိုင်ရေး အတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

အစ္စရေးလ်နဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ် ရရှိဖို့အတွက် လာမယ့် ရက်တွေ အတွင်း အမေရိကန်က နောက်ထပ် တွန်းအားပေး ဆောင်ရွက်မယ့်အကြောင်းလည်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။ တချိန်တည်းမှာပဲ အင်္ဂါနေ့က လက်ဘနွန် နိုင်ငံတဝန်းကို အစ္စရေးလ် စစ်လေယာဉ်တွေနဲ့ တိုက်ခိုက်မှု အတွင်း အနည်းဆုံး ၂၄ ဦး သေဆုံးရပါတယ်။

📷 အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာတို့ကြားတိုင်းပွဲအတွင်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တနေရာကို နိုဝင်ဘာ ၂၅ ရက်နေ့က အစ္စရေးလ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြင့်ရတဲ့ မီးခိုးလုံးကြီး။

Credit - Voice of America

#သတင်းဟင်းလေးအိုးကြီး

image