ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွား ၃၃,၀၀ ကျော် ဝင်ရောက်ခဲ့

ဒီဇင်ဘာ ၂

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလထိ ရှစ်လတာကာလအတွင်း ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၃၃,၇၈၀ ဝင်ရောက်ခဲ့ပြီး ပွင့်လင်းရာသီ အောက်တိုဘာလမှစတင်၍ ပိုမိုဝင်ရောက်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပြတိုက်အတွင်းသို့ ခရီးသွားဧည့်သည် ၂,၀၀၀ ကျော်သာ ဝင်ရောက်မှုရှိသော်လည်း ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလတွင် ခရီးသွားဧည့်သည် ၅,၀၀၀ ကျော်အထိ ဝင်ရောက်ခဲ့သလို နိုဝင်ဘာလအတွင်း (၁ ရက်မှ ၂၆ ရက်အထိ) ခရီးသွားဧည့်သည် ၆,၉၀၀ ခန့်အထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်အား အများပြည်သူရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားပြီး ပြတိုက်ဝင်ကြေးအနေဖြင့် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ကျပ် ၁,၀၀၀ နှင့် ပြည်ပခရီးသွားတစ်ဦးလျှင် ကျပ် ၁၀,၀၀၀ နှုန်းသတ်မှတ်ထားသော်လည်း ပြည်တွင်းခရီးသွား ၁၂ နှစ်အောက် ကလေးငယ်များ၊ ကျောင်းထောက်ခံစာပါရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရဟန်းသံဃာများအား ဝင်ကြေးကင်းလွတ်ခွင့် ပြုထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်ဦးရေ ၉၀,၀၀၀ ကျော် ဝင်ရောက်မှုရှိခဲ့ပြီး ဝင်ကြေး ကျပ် ၇၁၉ သိန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage
43 ပတ် - ဘာသာပြန်ပါ။

ထုတ်ပယ်ခံရမယ့် သီဆိုမှုကို အန်ဖီးလ်မှာ မမျှော်လင့်ခဲ့ဘူးလို့ ဂွာဒီယိုလာပြော

ဒီဇင်ဘာ ၂

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူထုတ်ပယ်ခံရမယ်ဆိုပြီး လီဗာပူးလ်အသင်း ပရိသတ်တွေရဲ့ သီဆိုမှုကို မမျှော်လင့်ခဲ့ဘူးလို့ လီဗာပူးလ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “အန်ဖီးလ်မှာ ကျနော်ဒါကို မမျှော်လင့်ခဲ့ပါဘူး။ လီဗာပူးလ်မှာရှိတဲ့ လူတွေဆီကနေ ဒါကို ကျနော် မမျှော်လင့်ထားပေမယ့်လည်း အဆင်ပြေပါတယ်။ ဒါက ပွဲရဲ့ အစိတ်အပိုင်းဖြစ်ပြီး ကျနော် လုံးဝ နားလည်ပါတယ်။ ကျနော်တို့ဟာ မယုံနိုင်လောက်တဲ့ တိုက်ပွဲတွေမှာ အတူရှိခဲ့ကြပြီး ကျနော် သူတို့ကို လေးစားမှုရှိပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဂတ်ပို၊ ဆာလက်တို့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၉ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်း ပရိသတ်တွေဟာ ဒီပွဲစဉ်ပြီးခါနီးမှာ ဂွာဒီယိုလာကို တိုက်ရိုက်ရည်ရွယ်ကာ “မနက်ကျရင် အလုပ် ထုတ်ခံရတော့မယ်၊ မနက်ကျရင် ခင်ဗျားအလုပ်ကနေ ထုတ်ခံရတော့မယ်”လို့ သီဆိုမှုတွေ ပြုလုပ်ခဲ့ တာပါ။

ဒီအချိန်မှာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကလည်း ပြုံးပြီး သူ့ရဲ့လက်ချောင်း ၆ ချောင်း ပြန်ထောင်ပြကာ လီဗာပူးလ်အသင်း ပရိသတ်တွေကို တုန့်ပြန်ခဲ့ပါတယ်။

ဂွာဒီယိုလာဟာ သူ့ရဲ့လက်ထက်မှာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်အထိ ရယူပေးထားတာကို ရည်ရွယ်တဲ့အနေနဲ့ ပြသခဲ့တာပါ။

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ၄ ပွဲ ဆက်တိုက် အရေးနိမ့်ပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ကျဆင်းကာ ရလဒ်ဆိုးတွေကို ဆက်တိုက် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ ၇ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး ဂွာဒီယိုလာ အတွက်လည်း သူ့ရဲ့နည်းပြ ဘဝမှာ အဆိုးရွားဆုံး မှတ်တမ်းတစ်ခုကို ကြုံတွေ့နေရတာပါ။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ကတော့ ဂွာဒီယိုလာအတွက် ဘယ်သူမှ စိတ်မကောင်း ဖြစ်စရာမလိုဘဲ သူဟာ မန်စီးတီးအသင်းကို ရလဒ်ကောင်းတွေ ပြန်ရအောင် ယူပေးလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရ မှာဖြစ်ပြီး လီဗာပူးလ်အသင်းက နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပုံ - မန်စီးတီးအသင်းကို တွေ့ရစဉ်

#centralnewsnaypyitaw

image
43 ပတ် - ဘာသာပြန်ပါ။

Beautiful Roses 🌹

image
43 ပတ် - ဘာသာပြန်ပါ။

Beautiful Roses 🌹

image
43 ပတ် - ဘာသာပြန်ပါ။

Beautiful Roses 🌹

image
43 ပတ် - ဘာသာပြန်ပါ။

Beautiful Roses 🌹

image
43 ပတ် - ဘာသာပြန်ပါ။

Beautiful Roses 🌹

image
43 ပတ် - ဘာသာပြန်ပါ။

Beautiful Roses 🌹

image
image
image
image
image
43 ပတ် - ဘာသာပြန်ပါ။

~~ အမှတ်တရ ~~~ { ၁ }
#ဂျူး
မောင်က ပန်းပင်စိုက်ဖို့ ဝါသနာမှမပါဘဲ။
တစ်ခုတည်းသော အခန်းသည် တံခါးရွက် စေ့ပိတ်လျက် ရှိသည်။ အခန်းတံခါးအထက်တွင်တော့ (အပြင်မှ ပြောင်းရွေ့ ချိတ်ထားခဲ့သော) မောင့်နာမည် ဆိုင်းဘုတ်ပြား ကလေးရှိသည်။ အပြင်မှာ အထင်အရှား ချိတ်ခွင့်မရသော်လည်း မည်သူမျှ မမြင်နိုင်သော သော့ပိတ်ထားသော အိမ်ထဲရှိ အခန်းတံခါး အထက်မှာတော့ ချိတ်ဆွဲခွင့် ရှိလိမ့်မည်ဟု ကျွန်မယခုတိုင် ယုံကြည်နေသေးသည်။
အခန်းတံခါးကို တွန်းဖွင့်လိုက်၏။ မောင့်ကို နမ်းမွှေးတိုင်း ရလေ့ရှိသည့် ချိုမြသော မောင့်ကိုယ်နံ့သည် အခန်းထဲတွင် ကျွန်မ လွမ်းဆွတ်နာကျင် စေလောက်အောင် သိသိသာသာ မွှေးပျံ့ နေလေသည်။ မောင်ရောက်နေတာတော့ မဖြစ်နိုင်ပါ ခုတင်ခေါင်းရင်းမှ မီးခလုတ်ကို စမ်း၍ ဖွင့်လိုက်သည်။ ကျွန်မ ရင်ထဲ လှိုက်ခနဲ လွင့်ဟာသွားသည်။ ခုတင်ပေါ်မှ သင်ဖြူးဖျာ တစ်ချပ် ရှိသည်။ စားပွဲပေါ်မှာ ကျွန်မထားခဲ့သော စတော်ဗယ်ရီဘူးနှင့် ပေါင်မုန့်လှီးသည့်ဓားသည် နေရာမယွင်းသေးပါ။
လက်ညှိုးလေးနှင့် အဖုံးကို ထိတို့ကြည့်လိုက်သည်။ ဖုန်များ ၊ ကြမ်းရှလျက် လက်ညိုးကို ပေကျံသွားသည်။ အသေအချာ ရှိုက်မွှေးတော့ မွှေးနေကျ ကိုယ်နံ့တစ်ခုအပြင် ဖုန်ငွေ့အနံ့ပါ ရလာသည်။ မောင် ရောက်လာခဲ့သည့် အထိမ်းအမှတ်အဖြစ် တိုးလိုးတွဲလောင်း ချိတ်ဆွဲထားသော အင်္ကျီများ ၊ ပုဆိုးများ မရှိ။ သောက်လက်စ ကော်ဖီပန်းကန်များ ၊ အရက်ဖန်ခွက်များ ၊ စီးကရက်အတိုများ မရှိ ။ ပြန့်ကျဲနေသော ဖဲချပ်အဟောင်းများမရှိ။ ဇာခန်းဆီးကို ပင့်တင် ထားခြင်းမရှိ။
ခုတင်ဘေးမှ ပြတင်ပေါက်ကို ကျွန်မ ဖွင့်လိုက်သောအခါ လေနှင့်အတူ မိုးစက်သေးသေးကလေးများ မျက်နှာဆီသို့ ပြေးဝင်လာကြသည်။ အေးစိမ့်သွားသည့်ခံးစားမှုကို ရရှိချိန်တွင် ကျွန်မပြုံးမိသွားသည်။
ဆံပင်ရေစို အဝတ်ရေစိုနှင့် ခပ်ကြာကြာ မတ်တပ်ရပ် ငေးငိုင်နေတာများ မောင်မြင်ခဲ့လျှင် .....
ကျွန်မသည် ခုတင်ဘေး သေတ္တာမှ မျက်နှာသုတ်ပဝါကို အလျင်ထုတ်ပြီး ဆံပင်များကို သုတ်ပစ်နေမိသည်။ မျက်နှာသုတ်ပဝါမှာ ပရုတ်လုံး နံ့မွှေးနေသေးသည်။
အကယ်၍ မောင်ရောက်လာပြီး မောင် ဤပုဝါကို ရေသုတ်ခဲ့လျှင် ပရုတ်လုံး နံ့ ရှိတော့မှာ မဟုတ်။ (သေတ္တာထဲ လုံးထွေး ထည့်ထားခဲ့မှာလည်း သေချာပါသည်။ )
အင်းလေ .... မောင်ဟာ ဤအိမ်ကို ဘာအကြောင်း ကိစ္စဖြင့် လာမည်နည်း ။ အားလျော့ စိတ်ပျက်မှုနှင့် အထီးကျန် ဝမ်းနည်းမှုသည် ကျွန်မရင်ထဲမှ လည်ချောင်းဆီအထိ ဆိုနင့်လာသည်။
ဘာတွေပဲဖြစ်နေဖြစ်နေ တစ်ယောက်တည်း ကျန်နေတာတော့ သေချာပါသည်။
လက်ဆွဲသေတ္တာကို ပြန်ယူ၍ ရေစိုအဝတ်များကို လဲသည့်အခါလည်း တစ်စုံတစ်ခု လိုအပ်နေသလို ခံစားရသည်။
အခန်းထဲရှိ ဖုန်များကို စင်ကြယ်သွားအောင် အနည်းငယ် ပင်ပန်းစွာ လှဲကျင်းသန့်ရှင်းလိုက်လျှင်မောင့်ကို တမ်းတစိတ်များ အနည်းငယ် ပြေလျော့ သွားလိမ့်မည်။
---------
အခန်း ၂ ဆက်ရန်>>>>

image
43 ပတ် - ဘာသာပြန်ပါ။

နိုင်ငံ၏တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတုအယောင်များ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့်တားဖျက်ဆီးလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ဒီဇင်ဘာ ၂

မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတုအယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့်တားဖျက်ဆီးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပခဲ့သည်။

မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတုအယောင်များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့်တားဖျက်ဆီးလျက်ရှိကြောင်း၊ တိုင်းရင်းသားညီညွတ်မှု ကိုလည်း ပျက်စီးစေနိုင်ကြောင်း၊ မိမိတို့ အားလုံးမျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက်ဖြစ်စေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အနာဂတ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်ထောင်စုကြီးကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့တွင် စွမ်းရည်ပြည့်စုံထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယနေ့အချိန်တွင် အနာဂတ်၏အင်အားများ ဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ယင်းအတွက် လိုအပ်သည့် အာဟာရမှာ စာပေလေ့လာဖတ်ရှုခြင်းဖြစ်ပြီး စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသိုမှီးကြရမည်ဖြစ်ကြောင်း ပြောသည်။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို ပြည်သူများ လိုလားချက်နှင့်အညီ တည်ဆောက်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများ အောင်မြင်ရေးအတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာစေရေးနှင့် အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်တည်ဆောက် ပေးရန်လိုအပ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် စာအုပ်စာပေများ၏ အသိပညာပေးမှု၊ လမ်းညွှန်မှုများက သာယာဝပြောသည့် လူ့ဘောင်အဖွဲ့အစည်းဖြစ်ပေါ်လာစေရေးကို များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

#centralnewsnaypyitaw

image