Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပညာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး
မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပညာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ချုံချင့်မြို့မြန်မာကောင်စစ်ဝန်ချုပ်က ချုံချင့်မြူနီစီပယ်အစိုးရဌာနများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက ဒီဇင်ဘာ (၅) ရက်က ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Feng Zimin ဦးဆောင်သည့် ချုံချင့်မြူနီစီပယ်အစိုးရဌာနများ၏ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချုံချင့်မြို့၊ နိုင်ငံခြားရေးရာဌာန၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရေးနှင့် ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အစည်းအဝေးတွင် ကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာသည့် ချုံချင့်မြူနီစီပယ်အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ နှစ်ဖက်လက်ရှိ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် အခြား ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် MoU ရေးထိုးနိုင်ရေး စီစဉ်
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ဒုတိယအကျော့အဖြစ် အိန္ဒိယသမ္မတနိုင်ငံ၏အကူအညီဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် MoU ရေးထိုးနိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများပြီးစီးမှု အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။
အိန္ဒိယ - မြန်မာ နယ်စပ်တစ်လျှောက် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများအတွက် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် မေ ၂၈ ရက်တွင် စတင်လက်မှတ်ရေးထိုးခဲ့သည်။
ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ စီမံကိန်းလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတားများဆောက်လုပ်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများတစ်ကြိမ်လျှင် အမေရိကန် ဒေါ်လာငါးသန်းနှုန်းဖြင့် ငါးကြိမ်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၅ သန်းနှုန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် ပဉ္စမအကြိမ် စီမံကိန်းလုပ်ငန်း ၃၈ ခုကို ရာနှုန်းပြည့် အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဒုတိယအကျော့အဖြစ် အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ငါးနှစ်ကာလအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) အသစ်ကို လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။