35 ပတ် - ဘာသာပြန်ပါ။

မြန်မာနှင့် အင်ဒိုနီးရှား ယှဥ်ပြိုင်မည့် အာဆီယံချန်ပီယံရှစ်ပွဲအတွက် လက်မှတ်များ ယနေ့ စတင်ရောင်းချ

ဒီဇင်ဘာ ၆

အာဆီယံ ချန်ပီယံရှစ် AFF Mitsubishi Electric Cup 2024 အုပ်စု အဖွင့်ပွဲစဉ်ဖြစ်တဲ့ မြန်မာနဲ့ အင်ဒိုနီးရှားပွဲစဉ်အတွက် ပွဲကြိုလက်မှတ်တွေကို ဒီနေ့ ဒီဇင်ဘာ ၆ ရက်မှာ စတင်ရောင်းချပေးနေပြီလို့ သိရပါတယ်။

လက်မှတ်တွေကို သုဝဏ္ဏကွင်းရှေ့ ဝေဇယန္တာလမ်းမကြီးပေါ်မှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေ့စဥ် ရောင်းချပေးသွားမှာဖြစ်ပြီး အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ် သတ်မှတ်ထားသလို ပွဲနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၉ ရက်မှာတော့ သု၀ဏ္ဏကွင်းမှာ အထူးတန်း လက်မှတ်တွေကို ဂိတ်(၂) နဲ့ ရိုးရိုးတန်း လက်မှတ်တွေကိုတော့ ဂိတ်(၈) မှာ ရုံးချိန်အတွင်း ရောင်းချပေးသွားမှာပါ။

ဒါ့အပြင် မြန်မာ-အင်ဒိုနီးရှားပွဲ လာကြည့်မယ့် ပရိတ်သတ်တွေ အိမ်အပြန်အဆင်ပြေစေဖို့ အပြန်ကားတွေကိုလည်း ဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားပြီး နီးစပ်ရာနေရာတွေအထိ ရောက်ရှိနိုင်မယ့် အခြေအနေနဲ့ အခမဲ့ စီစဉ်ပေးထားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အာဆီယံချန်ပီယံရှစ်ဖလားအတွက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်တို့နဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၉ ရက်၊ ည‌ ၇ နာရီအချိန် သုဝဏ္ဏကွင်းမှာ ၂၀၂၄ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2024 အုပ်စု(ခ) ပွဲစဉ်အဖြစ် မြန်မာနဲ့ အင်ဒိုနီးရှားတို့ ကစားကြမှာပါ။ ဒါ့အပြင် လာမယ့် ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီမှာ လာအိုနဲ့ သုဝဏ္ဏကွင်းမှာပဲ အိမ်ကွင်းယှဥ်ပြိုင်ရမှာဖြစ်ပေမဲ့ ဒီဇင်ဘာ ၁၂ ညနေ ၅ နာရီမှာ ဖိလစ်ပိုင်၊ ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီခွဲမှာတော့ ဗီယက်နမ်တို့ကို အဝေးကွင်းမှာ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်း အနေနဲ့ ၂၀၂၄ အာဆီယံချန်ပီယံရှစ်ပွဲစဉ်တွေမတိုင်မီ ခြေစမ်းပွဲ ၄ ကစားခဲ့ရာမှာ လက်ဘနွန်ကို ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်အပါအဝင် သွင်းဂိုး ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

#centralnewsnaypyitaw

image
image
image
image
35 ပတ် - ဘာသာပြန်ပါ။

6 Dec 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,350
USD Sell - MMK 4,450
EUR Buy - MMK 4,595
EUR Sell - MMK 4,715
SGD Buy - MMK 3,310
SGD Sell - MMK 3,380
THB Buy - MMK 128.21
THB Sell - MMK 131.58
JPY Buy - MMK 29.04
JPY Sell - MMK 29.80
MYR Buy - MMK 980
MYR Sell - MMK 1,005
CNY Buy - MMK 597
CNY Sell - MMK 613

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,750,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,110,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
35 ပတ် - ဘာသာပြန်ပါ။

တကယ်ပဲ???
ပါဒေလဲ့ 🤣

35 ပတ် - ဘာသာပြန်ပါ။

ချဲလ်ဆီးပိုင်ရှင်ဘက်က တောင်းဆိုမှု တစုံတရာမရှိဟု နည်းပြမာရက်စ်ကာ ပြော

ချဲလ်ဆီးအသင်းပိုင်ရှင်ဘက်က တောင်းဆိုမှု တစုံတရာမရှိကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။

အခုနှစ်ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းက ရလဒ်ကောင်းမွန်နေပြီး ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက အာဆင်နယ်နဲ့ ရမှတ်တူ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။

အသင်းပိုင်ရှင်ဘက်ကနေ ဘယ်လိုအောင်မြင်မှုတွေ ရယူပေးရမယ်ဆိုတဲ့ တောင်းဆိုမှုတွေ မရှိဘဲ ရေရှည်မှာပဲ အောင်မြင်မှုရဖို့ ကတိပေးထားတယ်လို့ နည်းပြ မာရက်စ်ကာက ပြောပါတယ်။

အသင်းတာဝန်ရှိသူတွေနဲ့ စတင်တွေ့ဆုံကတည်းက ချဲလ်ဆီးကို ၅ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးနိုင်တဲ့အသင်းဖြစ်အောင် လုပ်ဆောင်မယ်လို့ပဲ ကတိပေးခဲ့ပြီး ရေတိုအတွင်း အောင်မြင်မှုရရမယ်ဆိုတဲ့ ဖိအားပေးမှုလည်း မရှိကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
DVB

image

35 ပတ် - ဘာသာပြန်ပါ။

Plan C : Dec' 31

image
35 ပတ် - ဘာသာပြန်ပါ။

ငါးမြွေထိုးဆီပြန်
ငါးမြွေထိုးကို မကျီးနှစ်နဲ့ဆေးအကြေးခွံချွတ် ဗိုက်ခွဲ၊အူထုတ်၊နူတ်သီးဖြတ်ရေစင်စင်ဆေးဆားပြားနယ်ထားပါငရုပ်သီးကို ကြက်သွန်ဖြူနီဂျင်းထည့်ထောင်းပါငရုပ်သီးအနှစ်ကို ဆီနာနာသတ်ပါငရုပ်သီးမွှေးလာပြီး အရောင်ပြောင်းမှ ငမြွေထိုးထည့်ပြီးဆီသတ်ပါပြီးရင် ငရုပ်ဆုံကျင်းထားတဲ့အရည်ထည့်ပါဆီပြန်လျှင် အကျီးနှစ်၊မဆလာ၊ငရုပ်ကောင်းမူန့်ထည့်ပါလိုအပ်သည့်ရေ အနေတော်ထပ်ထည့်ပါငါးနူးသွားပြီးဆီပြန်ရေကျန်လျှင် ရပါပြီ ရှင့်

image
35 ပတ် - ဘာသာပြန်ပါ။

ယနေ့စက်သုံးဆီစျေးနှုန်း (၆-၁၂-၂၀၂၄)

92 Ron ဓာတ်ဆီစျေး ၅၀ ကျပ် ဈေးတက်ပြီး ဒီဇယ်စျေး ၂၅ ကျပ် ဝန်းကျင်ခန့် စျေးကျသွားတဲ့ စက်သုံးဆီစျေးနှုန်းများ

image
35 ပတ် - ဘာသာပြန်ပါ။

ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ မန်စီးတီးနဲ့ ဂျူဗင်တပ်စ် တွေ့ဆုံ

ဒီဇင်ဘာ ၆

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ လာမယ့်နှစ် အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုမှာ ဂျူဗင်တပ်စ်၊ ဝိုင်ဒတ်၊ အယ်လ်အိန်းအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။

မက်ဆီ ဦးဆောင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ အယ်လ်အာလီ၊ ပေါ်တို၊ ပါလ်မီးရက်စ်အသင်းတို့နဲ့ ကျရောက်နေတာပါ။

အသင်းပေါင်း ၃၂ သင်းနဲ့ တိုးချဲ့ကျင်းပတဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်း ကလပ်တွေ အများအပြား ပါဝင်ပြီး အားကစားကွင်း ၁၂ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပုံစံအဟောင်းနဲ့ ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းက ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။

၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် အခြားအုပ်စုတွေမှာ ဥရောပချန်ပီယံ ရီးရယ်လ်အသင်းဟာ အယ်လ်အာလီ၊ ပါချူကာ၊ ဆဲလ်ဘတ်အသင်းတို့နဲ့ ကျရောက်နေပြီး ဘိုင်ယန်မြူးနစ်အသင်းက အော့ကလန် စီးတီး၊ ဘိုကာဂျူနီယာ၊ ဘင်ဖီကာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

အင်တာမီလန်အသင်းက ရေးဗားပလိတ်၊ အူရာဝါရတ်၊ မွန်တာရေး၊ ပီအက်စ်ဂျီအသင်းက အသလက်တီကို၊ ဘိုတာဖိုဂို၊ ဆီတဲလ်ဆောင်းဒါးအသင်းတို့နဲ့ အုပ်စုကျရောက်နေပါတယ်။

ချယ်လ်ဆီးအသင်းက လီယွန်၊ ဖလာမင်ဂို၊ အက်စ်ပီးရန့်စ်၊ ဒေါ့မွန်အသင်းက ဖလူမင်နန့်စ်၊ အူလ်ဆန်ဟွန်ဆိုင်း၊ မာမီလိုဒီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။

၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၅ ရက်ကနေ ဇူလိုင် ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: CNA

ပုံ - ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စုမဲခွဲနေစဉ်

#centralnewsnaypyitaw

image
35 ပတ် - ဘာသာပြန်ပါ။

Beach M-o-o-d 🌊✨' ️🐚

image