36 w - Translate

အများနဲ့မတူ၊ ထူးခြားတဲ့
မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားရတဲ့
အောဂတ်စ်.. ဆိုတဲ့ ကောင်လေးဟာ အခုထိ
ကျောင်း အစစ်မှာ ကျောင်းမတက်ဖူးသေးဘူး။
ငယ်ကတည်းကနေ ၁ဝ နှစ်သား အရွယ်အထိ
အိမ်မှာပဲ စာသင်ခဲ့ရတာ ။
ဒါပေမယ့်.. ဒီနှစ်မှာ
သူ ကျောင်းစတက်ရတော့မယ်။
ကျောင်းအသစ်၊ ပတ်ဝန်းကျင်အသစ်ကို
သူ..ဝင်တိုးရတော့မယ်။
ဒီပတ်ဝန်းကျင်အသစ်က
အောဂတ်စ်ကို လက်ခံပါ့မလား။
စိန်ခေါ်မှုတွေကို အောဂတ်စ်
ဘယ်လို ရင်ဆိုင်မလဲ။ အခက်အခဲတွေကို
သူနဲ့ အတူ ရင်ဆိုင်ကျော်ဖြတ်ပေးကြမယ့်
သူ့ မိသားစုဝင်တွေ၊ သူငယ်ချင်း အဟောင်း၊
အသစ်တွေ သူတို့ကရော
ဒီ စွန့်စားခန်းမှာ ဘယ်လို ပါဝင်နေသလဲ ။
_ _ _ _ _ _ _ _ _ _ _ _ _
▫️ချမ်းမြေ့ဝင်း // ဘာသာပြန်

image
Like

Action ဇာတ်ကြမ်းမှ action ဆိုတဲ့ ပရိတ်သတ်တွေအတွက် ဒီကားလေးတွေ ညွှန်းပါတယ်။ 👌🎬

imageimage
+5
Like
36 w - Translate

THE LAND BEFORE TIME (1988)

ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The Land Before Time ဆိုတဲ့
ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူ
တွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို
ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။
ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေအကြောင်းကို ဇာတ်အိမ်တည်
ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ချစ်ခြင်းမေတ္တာတွေကို ရိုက်ပြထားတာပါ။
ကာတွန်းကားဆိုပေမယ့် …… ကမ္ဘာဦးတုန်းက ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်တွေ ဒိုင်နိုဆောအမျိုးအစားတစ်ခုစီရဲ့ သဘာဝလေးတွေကိုပါ သေသေချာချာလေး
ထည့်ရိုက်ထားတာမို့ ကလေးလေးတွေရော လူကြီးတွေပါ ကာတွန်းကြည့်ရင်း ဗဟုသုတရစေမှာအမှန်ပါပဲ။ ပြီးတော့ ဒီကာတွန်းကားလေးမှာ သတိထားမိတာက
ကလေးလေးတွေရဲ့ တကယ့် အပြုအမူနဲ့ စိတ်နေစိတ်ထားလေးတွေကို ထည့်ရိုက်ထားတာပါ။ စိတ်တိုလွယ်တဲ့ကလေး တစ်ခုခုဆို ကြောက်တတ်တဲ့ ကလေး
သူများကို သနားတတ်တဲ့ကလေး ဘာမဆို စပ်စပ်စုစု လုပ်တတ်တဲ့ကလေးတွေ ပြီးတော့ သူတို့ရဲ့ အပြုအမူလေးတွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်လေးတွေကို
ပြပေးထားတာက entertainment တင်မက ကလေးလေးတွေရဲ့ စိတ်နေစိတ်ထားလေးတွေကို
ပြုပြင်ဆုံးမရာမှာ တစ်နည်းနည်းနဲ့ အထောက်အကူပေးပါလိမ့်မယ်။
ဒီတော့ အများကြီးတော့ မညွှန်းတော့ပါဘူး ကမ္ဘာဦးတုန်းက ဒိုင်နိုဆောကြီးတွေက ဘယ်လိုနေကြလဲလို့ ကလေးလေးတစ်ယောက်ယောက်ကများ မေးလာခဲ့ရင်
ကျွန်မ ဒီဇာတ်ကားလေးကိုပဲ ပြဖြစ်မယ်ထင်ပါတယ်။ အိမ်မှာ ကလေးရှိတဲ့သူတွေရော ကာတွန်းကားနှစ်သက်တဲ့သူတွေရော ဒီကာတွန်းကားလေးတွေကို
မြည်းစမ်းကြည့်ပါ နောင်တမရစေရဘူးလို့ အာမခံပါတယ်နော်။

ဇာတ်ကားလင့်
https://t.me/c/2186686827/208

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
Like