1 y - Translate

ဒီရာသီမှာ ဘာကာအတွက် ၁၁ပွဲပဲ ပွဲထွက်ကစားခဲ့ရပေမယ့် ၁၄ ဂိုးအထိ ဖာရန်းတောရက်စ်က သွင်းပေးနိုင်ခဲ့ပါပြီ။ ဘာကာရဲ့ တတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး သူ့ထက်ဂိုးပိုသွင်းတာ ရာဖင်ဟာနဲ့ လီဝန်ပဲရှိတေ့ာတယ်။
ညက အိုဆာနဲ့ပွဲမှာ အဖွင့်ဂိုးကို သူ သွင်းပေးခဲ့တာပါ။ ဘာကာအတွက် အရေးပါတဲ့ ဂိုးတွေကို ဒီရာသီမှာ တောရက်စ်က သွင်းပေးနေတာဖြစ်ပြီး သူ့ရဲ့ အရေးပါမှုကိုလည်း မျက်ကွယ်ပြုထားလို့မရပါဘူး။ ဘာကာအတွက် နောက်ကွယ်က အသံတိတ်သူရဲကောင်းလို့တောင် ပြောရပါမယ်။
ဟန်ဆီဖလစ်အတွက်လည်း လူစားဝင်ကစားသမားတွေကအစ ခြေစွမ်းပြနေလို့ ဘာကာတို့ ဒီလိုမျိုးဖြစ်လာခဲ့တာပါ။ အသင်းကြီး ကစားသမားတိုင်းနီးပါး အရေးကြုံလာချိန်တိုင်း ဘာကာအတွက် တခုမဟုတ်တခု လုပ်ပြနေတာပါ။ ဖလား ၄လုံးမျှော်လင့်ချက်ပါ ရှင်သန်နေတုန်းပါပဲ။

image
1 y - Translate

[မြေပြင်မှာဖြန့်ဝေခြင်းဖြင့်ကူညီပေးပါ ‼️]
မန္တလေးဆေးရုံကြီးမှာ လူနာတွေမနိုင်မနင်းဖြစ်နေတယ်လို့ကြားရတယ်။ ဆေးရုံကြီးတင်မဟုတ်ဘဲ မန္တလေးမြို့ရဲ့ နေရာအသီးသီး ၊ တနိုင်ငံလုံးနေရာအနှံ့မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ မလောက်မငှဖြစ်နေနိုင်ပါတယ်။
ဒီ့အတွက် စေတနာ့ဝန်ထမ်းတွေအလိုရှိနေပါတယ် ‼️
ဘာလုပ်ပေးရမလဲဆိုရင် အခုတင်ထားတဲ့ပုံကို ပရင့်ထုတ်ပြီး ကိုယ်နေတဲ့နေရာနဲ့အနီးအနားက ငလျင်ဒဏ်သင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့သူတွေ အများအပြားရှိနေနိုင်တဲ့ နေရာတွေ (ဆေးရုံ ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဗလီ စသဖြင့်) မှာ သွားကပ်ပေးဖို့ပါပဲ။
QR ကို scan ဖတ်လိုက်တာနဲ့ အခမဲ့ ပြည်သူ့ ဆေးခန်း - FOC Teleclinic ရဲ့chatbot ဆီကိုတိုက်ရိုက်ရောက်သွားမှာဖြစ်ပြီး chatbot ကဆင့် ဆရာဝန်တွေနဲ့ချိတ်ဆက်ကာ ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်မှာဖြစ်ပါတယ်။
FoC Teleclinic အနေနဲ့ အရေးပေါ်တုံ့ပြန်မှုနဲ့ပတ်သတ်တဲ့ အသိပေးလှုပ်ရှားမှုတွေအပြင် စေတနာ့ဝန်ထမ်း ဆရာဝန် ၆၀ ကျော်ကိုစုစည်းထားပြီး မနက် ၈ နာရီ - ည ၁၂ နာရီအထိ ကျန်မာရေး နဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်အောင် စီစဉ်နေတာဖြစ်ပါတယ်။

image
1 y - Translate

thanks

image
1 y - Translate

thanks

image
1 y - Translate

thanks

image
1 y - Translate

thanks

image
1 y - Translate

thanks

image
1 y - Translate

thanks

image
1 y - Translate

thanks

imageimage
+4
1 y - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရည်ညွန်းဈေးထက် ကျော်လွန်ရောင်းဝယ်ခဲ့သည့် မန္တလေးမှ ရွှေလုပ်ငန်းရှင်များ အရေးယူခံရ
သတ်မှတ်ထားသည့် စံချိန်မီရည်ညွှန်းဈေးထက် ကျော်လွန်ကာ အရောင်းအဝယ်ပြုလုပ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ ရွှေလုပ်ငန်းလုပ်ကိုင်ရောင်းဝယ်ကြသည့်လုပ်ငန်းရှင် ခုနစ်ဦးမှာ သက်ဆိုင်ရာက အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ ဖြင့် တရားစွဲဖမ်းဆီးအရေးယူခံရကြောင်း သိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် အမိန့်ကြေညာစာထုတ်ပြန်ထားပြီး လုပ်ငန်းလိုင်စင်လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ နှင့် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ပြီးနောက် နေ့စဉ် ရွှေရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သိပ်သည်းဆ ၁၉ ဒသမ ၂၅ နှင့် အထက်ရှိသော စံချိန်မီရွှေတစ်ကျပ်သား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်၏ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး (Market Rate)ဖြင့် နေ့စဉ် ထုတ်ပြန်ခဲ့သော ဈေးနှုန်းအတိုင်းရောင်းဝယ်ခြင်းမရှိသူများအား အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်းသိရသည်။
သိပ်သည်းဆ ၁၉ ဒသမ ၂၅ နှင့် အထက်ရှိသော စံချိန်မီရွှေတစ်ကျပ်သား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်၏ ဈေးနှုန်း ကျပ် ၅၆၁ဝဝဝဝ ဖြစ်ကြောင်း ဓာတ်သတ္တု (ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထားကြောင်း သိရသည်။

image