ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ခင်ဗျားသိလား ...
ကြားနေကျ အသံလေး
မကြားရတော့တဲ့ရက်တွေမှာ
ခင်ဗျားကို
ကျွန်တော် သိပ်လွမ်းရတယ်
ဖုန်းတွေဆက်ဖို့ဆိုပြီး
ဖုန်းနံပါတ်တွေ နှိပ်တယ်
ငါ ဘာပြောရမှာလဲဆိုတဲ့ အတွေးရယ်
ပြီးတော့ တစ်ဖက်က
ဘာပြောလာမလဲဆိုတဲ့ အတွေးရယ်ကြားမှာ
မျက်ရည်ပဲ ကျလာရတာပဲလေ
လွမ်းလို့ဆိုပြီး
အရင်လို ဂျီကျလို့ရတဲ့ အခြေအနေတွေ မဟုတ်တော့မှန်း
တစ်ခါတစ်လေ ...
ကျွန်တော် မေ့သွားခဲ့တာပါ
အရင်လို ရှိမနေတော့ပါလားဆိုတဲ့
အမှန်တရားကို
တစ်ခါတစ်လေ ...
ကျွန်တော် လက်မခံချင် ဖြစ်ဖြစ်သွားတယ် ။
တောင်းပန်ပါတယ် ...
ဘာကြောင့်မှန်းမသိ
ဒီနေ့ ...
မနေ့ကထက်
ပိုလွမ်းနေမိတယ် ...
ဆက်မရပါဘူးဆိုတဲ့ ဖုန်းကို
ခေါ်ချင်နေမိသူတစ်ယောက်ရဲ့အဖြစ်
မဆိုင်တော့ပါဘူးဆိုတဲ့ လူတစ်ယောက်ကို
ပိုင်ချင််မိသူတစ်ယောက်ရဲ့ အဖြစ်ကို
ခင်ဗျားသိလား ...
#2001
ချစ်ရင်လေ တားမြစ်ကြတာပါပဲ
ညနက်ထိအပြင်မနေနဲ့
အသောက်အစာ:ပဲအမြဲမလုပ်နဲ့
မကောင်းတဲ့သူတွေနဲ့မပေါင်းနဲ့
စသဖြင့်လေးတွေဟာ
ချုပ်ချယ်တာမဟုတ်ပဲ မေတ္တာတွေပါ
ဂရုစိုက်ရင်လေ မေးကြတာပါပဲ
ဘာလုပ်နေတာလဲ ဘယ်ပျောက်နေတာလဲ ဘယ်သွားနေတာလဲ ဘယ်သူတွေနဲ့လဲ
စသဖြင့်သောမေးခွန်းတွေဟာ
စပ်စုတာရစ်တာမဟုတ်တဲ့ မေတ္တာတွေပါပဲ
ဖြစ်ထွန်းစေချင်ရင်လေ တိုက်တွန်းကြပါတယ်
အလုပ်လေးအာရုံစိုက်လုပ်ပါ
ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်နေပါ
စသဖြင့်လေးတွေဟာ
အပြစ်တင်တာမဟုတ်ပဲ မေတ္တာတွေပါ
မေတ္တာတွေရလာတဲ့အခါ နားလည်လာပါလိမ့်မယ်
ဒီစာကိုဖတ်မိတဲ့အချိန်
တယောက်ယောက်ကိုပြေးမြင်ရင်
အဲ့ဒီလူဟာမင်းကို မေတ္တာထားတဲ့သူပါပဲ
တန်ဖိုးထားစေချင် ။
မှားခဲ့သည်ဖြစ်စေ မှန်ခဲ့သည်ဖြစ်စေ
ငါ့လိုလူမျိုးနဲ့ မင်းထပ်မတွေ့ဖို့ရယ်
မင်းလိုလူမျိုးနဲ့ ငါထပ်မဆုံဖို့ရယ်
ဒီနှစ်ခုပဲ ဆုတောင်းပါတယ် "
#လွမ်းနောင်အိမ်
"ဝမ်းနည်းနေလား ဝမ်းသာနေလား
စိတ်ပျက်နေလား စိတ်ကုန်နေလား"
မသိတဲ့ အခြေနေမှာ....
ကျွန်တော် ပြုံးထားတော့
အများအမြင်မှာ
ကျွန်တော်ဟာ ပျော်နေတဲ့ လူငယ်တစ်ယောက် ၊
ရှင်းပါတယ်
"ကန္တာရမှာ ရွာတဲ့မိုး
အအေးဓာတ်လေး ရယုံထက်
မ ပို ဘူး" ။
#ရိုးတံ