ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပြီးနောက် ဆန်နှင့်ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့ပြီး ယခုဘဏ္ဍာနှစ် ၉ လအတွင်း တန်ချိန် ၂ သန်းကျော်တင်ပို့နိုင်ခဲ့၍ ဒေါ်လာသန်း ၉၅၀ ခန့် ရရှိထား

ဇန်နဝါရီ ၈

ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအား လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုပြီးနောက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမြင့်တက်ခဲ့သဖြင့် ယခုဘဏ္ဍာနှစ် ၉ လအတွင်း တန်ချိန် ၂ သန်းကျော်(လျာထားချက်၏ ၈၀ ရာခိုင်နှုန်း) အထိ တင်ပို့နိုင်ခဲ့၍ ဒေါ်လာသန်း ၉၅၀ ခန့်အထိ ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည့်သို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း (တစ်လလျှင် တန်ချိန် ၂ သိန်းကျော်) တင်ပို့ရန်လျာထားခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလဆက်တိုက် လျာထားချက်တန်ချိန် ၂ သိန်းကျော် ပြည့်မီခြင်းမရှိဘဲ အချို့လများတွင် တန်ချိန်တစ်သိန်းအောက်သာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခင်က ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအထိသာ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့ရာမှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်မှစတင်၍ ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုကြောင်း ဗဟိုဘဏ်မှ ဖြေလျှော့ပေးခဲ့ပြီးနောက် အဆိုပါ ဩဂုတ်လ၌ပင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပထမဆုံးလျာထားချက် ပြည့်မီခဲ့ခြင်းဖြစ်သည်။

ထို့နောက် လစဉ်လျာထားချက် ငါးလဆက်တိုက်ပြည့်မီခဲ့ပြီး အောက်တိုဘာတွင် တန်ချိန် ၄၂၄,၇၈၄ တန် (လျာထားချက်နှစ်ဆ)၊ နိုဝင်ဘာလအတွင် တန်ချိန် ၃၃၄,၅၃၅ တန် (လျာထားချက်တစ်ဆခွဲ)၊ ဒီဇင်ဘာလတွင် တန်ချိန် ၃၃၇,၄၉၀ တန် (လျာထားချက်တစ်ဆခွဲကျော်) အထိ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၉ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၀၃၄ သန်း (ယခုဘဏ္ဍာနှစ်တင်ပို့ရန် လျာထားချက်ပမာဏ၏ ၈၀ ရာခိုင်နှုန်းကျော်) တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၉၄၈ သန်းရရှိခဲ့ခြင်းဖြစ်သည်။

ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်း လွတ်လပ်စွာရောင်းချခွင့်ပြုခဲ့ပြီးနောက် ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ တစ်လလျှင်ဒေါ်လာသန်း ၁၅၀ ရရှိခဲ့ပြီး အောက်တိုဘာလတွင် ဒေါ်လာသန်း ၁၉၀ နီးပါးအထိ ရရှိခဲ့ခြင်းကိုတွေ့ရှိရသည်။ ယင်းကာလမတိုင်မီတွင် တစ်လလျှင် ဒေါ်လာသန်း ၈၀ ကျော်သာအများဆုံးရရှိခဲ့ပြီး တချို့လများတွင် ဒေါ်လာသန်း ၄၀ အောက်သာ ရရှိခဲ့ခြင်းဖြစ်သည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

နေပြည်တော်တွင် ကလေးကျောင်းကြိုလာသည့် ဆိုင်ကယ်ကို ကားတစ်စီးမှ တိုက်ပြီး ထွက်ပြေး

ဇန်နဝါရီ ၈

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းလျှပ်စစ်ဝန်းအကွေ့တွင် ကလေးကျောင်း ကြိုလာသည့် ဆိုင်ကယ်ကို ကားတစ်စီးမှတိုက်ပြီးထွက်ပြေးရာ ဆိုင်ကယ်မောင်းသူ ဦးခေါင်းကွဲဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၈ ရက် နေ့လည် ၃ နာရီ ၁၅ အချိန်တွင် မော်တော်ဆိုင်ကယ်ဖြင့် ဖခင်ဖြစ်သူမှ ကလေးများကို ကျောင်းမှကြိုလာစဉ် ထိုဆိုင်ကယ်၏အနောက်မှ ယာဉ်တစ်စီးမှာ တိုက်ပြီးထွက်ပြေး သွားကြောင်း သိရသည်။

“သူငယ်တန်းကလေးနဲ့လေးတန်းကလေးကို ကျောင်းဆင်းလို့ ခေါ်လာတာ။ အဲ့မှာ ကားကတိုက်ပြီး ထွက်ပြေးသွားတယ်။ ကလေးအဖကတော့ ဦးခေါင်းကွဲတယ်။ ကလေးတွေကတော့ ပွန်းပဲ့ဒဏ်ရာရတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုဒဏ်ရာရရှိသူ အမျိုးသားကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – Credit

#centralnewsnaypyitaw

image

image

ပျဉ်းမနား ဝါးပိုးမျှစ်ချဉ်နဲ့သုံးထပ်သား
(ဝက်မစားသူများ Sorry ပါ)

ကြက်သွန် အဖြူ ၊အနီ ၊ငြုပ်ပွရေစိမ်
ညက်အောင်ထောင်းပြီး ဆား ၊နှစ်သက်ရာ ရသာမှုန့် ၊စပါးလင် နှစ်ပင်၊နနွင်း၊
ရေဆေးသန့်စင်ထားသေား ဝက်သား၊
မျှစ်ချဉ် (မျစ်ချဉ်ကို အချဉ်မကြိုက်ရင် တရေပြုပ်ပါ)
အားလုံး သမအောင်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ
ပြီးရင် လုံးရေတခွက်စာထည့်ပြီးချက်ပါ
လုံးရေခမ်းတဲ့အထိ မွှေချက်ပြီး အရသာဝင်ပြီဆိုရင် အသားကျက်လောက်တဲ့ထိ ရေထပ်ထည့်ပြီး
မီးအနေတော်ဖြင့်တည်ထားပါ
(Pressure Cooker နဲ့ဆို ခဏပဲချက်ရပါသည်) အသားနူးလဲနူးပြီ အရည်နဲ့ အရသာမှာလဲ ကိုယ့်စိတ်ကြိုက်ဖြစ်ပြီဆိုရင် သုံးဆောင်လို့ရပါပြီ။

Credit Win Win

image

အပိုင်း(၂)
တဖန်ပြန်ချစ်ရသော

1 y - Translate

“​မြိတ်ကလာတဲ့ သူဖြစ်လို့ စကားသံနဲ့
ပတ်သက်ပြီး ကိုယ့်ကိုယ်ကို confident မရှိဘူး
ဒါပေမယ့်လည်း အကောင်းဆုံး ကြိုးစားထားပါတယ်"
လို့ဆိုလာတဲ့ ရွှေကြိုပြိုင်ပွဲဝင် ကျော့ကျော့
#kyawtkyawt
#crd

image

နေပြည်တော်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတွေ့ရှိ

ဇန်နဝါရီ ၈

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ပညာ့ပန်းတိုင်ကျောင်းမိန်းပေါက်ရှေ့လမ်းကြားတွင် ခန္တာကိုယ်အနှံ့ ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၆ ရက် နံနက်ခင်းအချိန်တွင် အမျိုးသားတစ်ဦး ရုပ်အလောင်းကို သယ်ဆောင်ပေးရန် ဒေသခံ လူမှုကူညီရေးအသင်းသို့ ရွာကောရဲစခန်းမှ ဖုန်းဆက်သောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

“ဒဏ်ရာတွေက ခန္တာကိုယ်အနှံ့ပဲ။ အလောင်းကိုတော့ ကုတင် ၂၀၀ ဆေးရုံကိုပို့လိုက်တယ်။ သူက အသက် ၃၈ လောက်ပဲရှိသေးတယ်” လို့ ရုပ်အလောင်းအားသွားရောက်သယ်ဆောင်သည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသတ်ဖြတ်ခံရသည့် အမျိုးသားမှာ လက်ရှိအချိန်တွင် မိသားစုဝင်များနှင့်ဆက်သွယ်၍ မရရှိသေးကြောင်း၊ ၎င်းကိုမည်သူများမှ သတ်ဖြတ်သွားသည်ကို စစ်ဆေးဆောင်ရွက်နေကြောင်းလည်း သိရသည်။

Photo – Credit

#သတင်းဟင်းလေးအိုးကြီး

image

မုံရွာမြို့တွင် အိုးဝေမောင်းသူအမျိုးသားတစ်ဦး ဓားဒဏ်ရာ(၃) ချက်ဖြင့်သေဆုံး၊ ဖုန်းနှင့် ပိုက်ဆံအိတ် လုယက်ခံရ

ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းရင်းဆေးရုံလမ်းကြားတွင် မီနီအိုးဝေမောင်းသူအမျိုးသားတစ်ဦး ဓားဒဏ်ရာ (၃) ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသောကြောင့် ၎င်းကိုဒေသခံလူမှုကူညီရေးအသင်းမှ မုံရွာဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံ၌သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၆ ရက်နေ့တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ဘက်သို့ အိုးဝေငှားရန် လူတစ်စုမှ ငှားရမ်း သွားပြီး နေ့လည် ၃ နာရီအချိန်တွင် တိုင်းရင်းဆေးရုံလမ်းကြားထဲ၌ အိုးဝေမောင်းသူအမျိုးသားတစ်ဦး ဓားထိုးခံရကြောင်း ရပ်ကွက်နေပြည်သူများမှ အကြောင်းကြားသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူ ညီရေးအသင်းမှ သွားရောက်ပြီး ထိုဒဏ်ရာပြင်းထန်ရရှိသည့် အမျိုးသားကို မုံရွာဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။

“အိုးဝေဂိတ်က သိပ်အရမ်းကြီးမဟုတ်ဘူး။ မကြာသေးခင်ကဖွင့်ထားတဲ့ အိုးဝေဂိတ်။ အဲ့မှာ အိုးဝေလာငှားတော့ သူကလိုက်သွားတာ။ လုပ်သွားတဲ့သူတွေက အိုးဝေထားခဲ့တယ်။ ဖုန်းနဲ့ ပိုက်ဆံအိတ်ပဲ ယူသွားတာ” လို့ မုံရွာမြို့တွင် အိုးဝေမောင်းသူအမျိုးသားတစ်ဦးမှ ပြောသည်။

ထိုအိုးဝေမောင်းသူမှာ အသက်(၃၀) ဝန်းကျင်အရွယ် ကိုသီဟကျော်(ခ)ကိုမိုးညိုမှာ လည်ပင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဂုတ်၁ ချက်၊ ဘယ်ဘက်ပုခုံး ၁ ချက် စုစုပေါင်း ဓားနဲ့ထိုးသွင်းဒဏ်ရာ ၃ ချက်တို့ရရှိခဲ့ကြောင်း သိရသည်။

Photo – Credit

#centralnewsnaypyitaw

image

သားသတ်လွတ် မျှစ်အာလူး
ပါဝင်ပစ္စည်းလေးတွေက
အားလူး ၅လုံး
မျှစ် ၁၅သား
ဆား
သကြား
ပဲငံပြာရည်အကြည်

အားလူးကို နွှာရေဆေး ဆားနယ်ပြီး ကြော်ပါ။အပေါ်ယံ နီလာလျှင်ဆယ်ထားပါ။
မျှသ်ကို တစ်ရည်ပြုတ်သွန်ပါ။ဆီအနည်းငယ် နနွင်းထည့်ပါ။ကြက်သွန်ဖြူ ကို ငရုတ်ပု
ထောင်းနှင့်ဆီ သတ်ပါ။မျှစ်ထည့်ပါ။မျှစ်ပါရေ ခန်းလျှင် အားလူ
ထည့်ပါ။ပဲအကြည်ရည် ဆား သကြား ထည့်ပါ။ရေနွေးအနည်း
ငယ်ထည့်၍ဖုံးထားပါ။ဆီပြန်လျှင် အားလူးလဲနူးပြီးဆိုနံနံပင်
အုပ်၍ ချပါ။
Crd.ချက်ကြည့်ကြစို့
#မြိန်မြိန်

image
1 y - Translate

The Son Of Big Foot ( 2017 )

2017မှာထွက်ရှိလာတဲ့ကားတွေထဲ ဒီဇာတ်လမ်းလေးကတော့ ဇာတ်အိမ်ကျယ်ကျယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ကားလေးလိုပြောရမှာပါပဲ။ ဂြိုလ်သားတို နဂါးတို ခြေထောက်အကြီးကြီး သတ္တဝါတွေဆိုတာ ယုံတမ်းပုံပြင်လို အားလုံးကထင်မှတ်ထားကြတာပါ။ အဲ့ဒီအချိန်မှာ မမျှော်လင့်ဘဲ အက်ဒမ်ဆိုတဲ့ကောင်လေးတစ်ယောက်က သူ့အဖေဟာ ဒီလိုသတ္တဝါကြီးဖြစ်နေတယ်ဆိုတာသိလိုက်ရပါတော့တယ်။ ဒီလိုစိတ်ဝင်စားစရာမထင်မှတ်ထားတဲ့ Storyline လေးနဲ့ ဒီကားလေးကတော့ Imdb Rating 6.1% Rotten Tomatoes 88 ရရှိထားတာမို ဇာတ်လမ်းကောင်းလေးဆိုတာ အထွေအထူးမညွှန်းတော့ပဲ ကြည့်ရှုခံစားကြည့်ဖိုတိုက်တွန်းလိုက်ရပါတယ်။
#movie

image