Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အိမ်မှာကိတ်မုန့်အလွယ်လုပ်နည်း
ထောပတ် ၂၀၀ ဂရမ်
သကြား ၁၆၀ ဂရမ်
ကြက်ဥ ၄လုံး
ဂျုံ ၁၈၀ ဂရမ်
ဘေကင်ပေါင်ဒါ ၂ ဂရမ်
နွားနို့ ၆၀ဂရမ်
ဆီ ၂၀ဂရမ်
ဆား နဲနဲ
ဗနီလာအနံ့ လက်ဖက်စားဇွန်း ၁ဇွန်းလောက် ကို ပြင်ဆင်ထားလိုက်တယ်။
ကိတ်ခွက်ကို ဆီသုတ်ပြီး မကပ်အောင်ပွတ်ထားလိုက်တယ်။ ထောပတ် ဆား သကြားကို Hand Mixer နဲ့ ဖြူပြီးပွလာအောင် မွှေတယ်။ မွှေနေရင်း ကြက်ဥကို တလုံးချင်းထည့်ပြီး ၄လုံးပြည့်တာနဲ့ သကြားကြေအောင်မွှေထားတယ်။ မွှေနေရင်းပဲ ဂျုံတွေဖြည်းဖြည်းချင်းထည့်၊ ဘေကင်ပေါင်ဒါ ထည့်၊ မွှေနေရင်း နွားနို့၊ ဆီ၊ ဗင်နီလာအနံ့လေးထည့်ပြီး နှံ့အောင်မွှေပြီးရင် ဖုတ်မဲ့ ကိတ်ခွက်ထဲကို ထည့် စပျစ်ခြောက်တို့ ရောင်စုံအသီးလေးတွေရှိရင်ထည့် မထည့်လည်းရတယ်။
Oven က Midea 48L ဆိုတော့ Pre Heat ၁၀မိနစ်ပေးထားတယ်။ ပြီးတာနဲ့ အောက်မီး အပေါ်မီး မိနစ် ၄၀ ချိန်ပြီး အပူချိန် ၁၇၀ ပေးလိုက်တယ်။ မိနစ် ၃၀ ပြည့်တာနဲ့ အပေါ်ယံကြည့်ပြီး အရောင်လေးကြိုက်နေတာနဲ့ အပေါ်မီးပိတ်ပြီး အောက်မီး ၁၀လောက် ပေးလိုက်တယ်။
သွားကြားထိုးတံလေးနဲ့ ထိုးကြည့်လို့ စိုမနေရင် ရပီပေါ့လေ။
အဓိကက ဘာပဲလုပ်ချင်ချင် ဟိုဟာရှိမှရယ် ဒီဟာရှိမှရယ်မဟုတ်ဘူး။ နွားနို့ မရှိရင် နို့မှုန့်နဲ့ရေဖျော်လို့ရတယ်။ ကိတ်ဖုတ်တာ ကိတ်ဂျုံမရှိဘူး အထွေထွေသုံးဂျုံနဲ့ပဲထည့်လို့ရတယ်။ ထောပတ်အကောင်းစားမရှိဘူး ရတယ် စျေးပေါတဲ့ အနံ့ပါတာတွေ သုံးလ်ို့ရတယ်။
Crd original post
ကိတ်ဂျုံမရှိလို့ အထွေထွေသုံး ဂျုံနဲ့ဖုတ်တာတောင် နူးညံ့ မွှေးကြိုင်နေပြီး ဆိုင်ကထက် ပိုကောင်းတဲ့ ကိတ်တလုံး လက်ဘက်ရည်နဲ့ နေ့လည်က အချိုတည်းကြတာပေါ့။
Pluto (2023)
စက်ရုပ်တွေက လူတွေလိုခံစားချက်ရှိလာပြီး လူတွေနဲ့ရောထွေးနေထိုင်လာနိုင်တဲ့အထိဉာဏ်ရည်ရှိလာတဲ့ အနာဂတ်အချိန်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။
စုံထောက်လည်းဟုတ် စစ်သားဟောင်းလည်းဟုတ်တဲ့ Gesicht ဟာ ထူးဆန်းတဲ့လူသတ်မှု အမှုနှစ်ခုကို လက်ခံပြီးစုံစမ်းတဲ့အခါမှာစပါတယ်။ လူသတ်မှုနှစ်ခုမှာ တစ်ခုကစက်ရုပ်ကိုသတ်ထားတာဖြစ်ပြီး နောက်တစ်ခုက လူတစ်ယောက်ကိုသတ်ထားတာဖြစ်တယ်။ ထူးဆန်းတာက အသတ်ခံရတဲ့နှစ်ယောက်မှာ စက်ရုပ်ကတစ်ကမ္ဘာလုံးကချစ်ခင်လေးစားတဲ့ စက်ရုပ်ဖြစ်နေပြီး လူကတော့လူတွေမုန်းတီးကြတဲ့လူဖြစ်နေပါတယ်။ ပိုပြီးထူးဆန်းတာက စက်ရုပ်တွေဟာ လူတွေကိုထိခိုက်မလိုမရအောင်ပရိုဂရမ်ဆွဲထားသလို အခင်းဖြစ်တဲ့နေရာမှာ လူဝင်ထွက်သွားတဲ့ လက္ခဏာတွေလည်းမတွေ့ခဲ့ရပါဘူး။ ပြီးတော့ လူသတ်သမားက အလောင်းတွေကို ချိုပုံစံအရာနှစ်ခုစိုက်ထားခဲ့တာကြောင့် အမည်မသိလူသတ်သမားကို ချိုပါတဲ့ဂရိမရဏနတ်ဘုရား Pluto လိုခေါ်လိုက်ပါတယ်။Gesicht ရဲ့စုံစမ်းမှုအတွင်းမှာ plutoဟာကမ္ဘာပေါ်က ဉာဏ်ရည်အမြှင့်မားဆုံးစက်ရုပ် ၇ ရုပ်ကို ပစ်မှတ်ထားနေတယ်ဆိုတာသိလိုက်ရပါတယ်။ အဲ့ဒီမှာgesicht ဟာကျန်ရှိနေသေးတဲ့ စက်ရုပ်တွေကို အချိန်တိုတွင်းမှာကယ်တင်ဖို့ကိုးစားရပုံတွေကိုဆက်လက်ကြည့်ရှူ့ပေးကြပါအုံးခင်ဗျ။