1 y - Translate

သူမတင်တဲ့ ဖိဆောင်ပုံတွေကို ရှယ်ပြီးဆုတောင်းပြည့်နေကြလို့ ပရိသတ်တွေက အလှူငွေတွေ လာပေးနေကြတယ်ဆိုတဲ့ နေဆန်း 🙏

သူမကတော့ အလှူငွေတွေ လက်မခံဘူးလို့ အသိပေးလိုက်ပါတယ်။ သူမဟာ အသားဖြူဆပ်ပြာတွေကို ရောင်းရဖို့ ဖိဆောင်ဆီကို အမြဲဆုတောင်းခဲ့ပြီး အမြဲလည်းပြည့်ကြောင်း မကြာခဏပြောပါတယ်။ သူမတင်တဲ့ ဖိဆောင်ပုံတွေကိုလည်း Share ပြီးဆုတောင်းကြဖို့ သူမရဲ့ပရိသတ်တွေကိုပါ တိုက်တွန်းတာ တွေ့ရပါတယ်။ သူမလိုပဲ ရှယ်ပြီးဆုတောင်းရာမှ ဆုတောင်းပြည့်ခဲ့ကြတဲ့ ပရိသတ်တွေက သူမကို အလှူငွေတွေ လာပေးကြတယ်လို့ နေဆန်းကပြောလာခဲ့တာပါ။ ထိုအလှူငွေတွေကိုတော့ သူမအနေနဲ့ လက်ခံမှာမဟုတ်ဘူးလို့လည်း ဆိုလာတဲ့အပြင် သူမလည်း မကြာခဏ ဖိဆောင်ဆီကိုသွားရောက်ဆုတောင်းနေတုန်းလို့ ပြောပါတယ်။

#celecele

image

ပြည်ပခရီးသွား အဝင်ထက် ပြည်တွင်းခရီးသွား ယခင်နှစ်များထက်ပိုများလာ

ဇန်နဝါရီ ၂၂

လက်ရှိကာလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသည် ဝင်ရောက်မှုနည်းသော်လည်း ပြည်တွင်း ခရီးသွားများ ပိုမိုများပြားလာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန်က ပြောသည်။

“ အခုတော့ ကျွန်တော်တို့ရဲ့သတင်းထုတ်ပြန်ချက်တွေအရ ပြည်ပခရီးသွားဝင်ရောက်မှုကတော့ အနည်းငယ် လျော့သွားပါတယ်။ ဒါပေမဲ့ ပြည်တွင်း ခရီးသွားလာမှုကတော့ တက်လာပါတယ်။ ပြည် တွင်းခရီးသွားလာမှုက တစ်နှစ်ထက်တစ်နှစ် တက်လာတာမှ ကိုဗစ်မဖြစ်ခင်ကာလက ပြည်တွင်း ခရီး သွားက အကြမ်းဖျင်းပေါ့နော် ကိန်းဂဏန်းအတိအကျတော့ မဟုတ်ဘူး။ (၅)သန်းကျော်ရှိခဲ့ပါတယ်။ အဲဒီ (၅)သန်းကျော်ကနေ အခုလက်ရှိမှာ (၁၀)သန်းကျော် (၁၁)သန်းနီးပါးအထိ ပြီးခဲ့တဲ့(၂၀၂၄)ခုနှစ် နှစ်ချုပ် မယ်ဆိုရင် (၁၁)သန်းနီးပါးအထိ ပြည်တွင်းခရီး သွားက (၁)ဆကျော်လောက်အထိ တက်လာတာကို တွေ့ရပါတယ်။ အခုက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် ရှမ်းပြည်နယ်ဘက် သွားတဲ့သူတွေ လည်းရှိတယ်။ ကျိုက်ထီးရိုး၊ ဘားအံတို့ဘက်သွားတဲ့ သူတွေလည်းရှိတယ်။ ပဲခူးဘက်တွေဆိုလည်း ဖြတ် သွားဖြတ်လာနဲ့ဆိုတော့ ပဲခူးတိုင်းဘက်တွေလည်း ရောက်တယ်။ လာမယ့်ကာလတွေဆိုရင်လည်း မကြာတော့ဘူး။ ရွှေစက်တော်တို့၊ ဘာတို့ဆိုတာလည်း သွားလာကြမယ့်အနေအထားတွေ ရှိလာမှာပါ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်ရာတွင် ပျမ်းမျှအားဖြင့် လမ်းကြောင်း(၃)ကြောင်းမှ ဝင် ရောက်ကြောင်း ဦးအောင်အေးဟန်က ရှင်းပြသည်။

“လမ်းကြောင်း(၃)ကြောင်းဆိုတာက လေကြောင်းက ဝင်တဲ့ဧည့်သည်တွေရှိတယ်။ နယ်စပ် ဒေသက ဝင်တဲ့ဧည့်သည်တွေရှိတယ်။ ရေကြောင်းကနေဝင်တဲ့ ဧည့်သည်တွေရှိတယ်။ အဲဒီတော့ ဒီ(၃) ခု မှာ ရေကြောင်းနဲ့ လေကြောင်းက ခရီးသွားဝင်ရောက်တဲ့ ပြည်ပက ဧည့်သည်တွေက တိုးလာတယ်။ ဒါပေမဲ့ နယ်စပ်ဒေသရဲ့ ခရီးသွားဝင်ရောက်မှုကတော့ ပြီးခဲ့တဲ့နှစ်(၂၀၂၃)နဲ့ယှဉ်ရင်တော့ (၂၀ ရာခိုင်နှုန်း) လောက် လျော့သွားပါတယ်” ဟု ၎င်းက ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင်း လည်ပတ်စရာများစွာရှိသောကြောင့် အဆိုပါနေရာများသို့လည်း ပြည်တွင်းခရီးသွား များ သွားရောက်လည်ပတ်မှုရှိနေကြောင်း သိရသည်။

“မြန်မာပြည်ကြီးကလည်း အကျယ်ကြီး။ သွားစရာနေရာတွေကလည်း အများကြီး။ ပြောရရင် ပြည်နယ်နဲ့တိုင်း (၁၄) ခုမှာ (၁၄) ခုစလုံးက လည်စရာ၊ ပတ်စရာတွေ အများကြီးရှိတယ်။ အဲဒီတော့ တချို့(၄)၊(၅)နေရာလောက် သွားမရဘူးဆိုပေမယ့်လည်း သွားလို့ရတဲ့နေရာက အများကြီး ကျန်တာပေါ့ နော်။ အဲဒီတော့ လူ့ရဲ့သဘောသဘာဝ အရရော၊ မြန်မာပြည်ရဲ့အနေအထားအရရော နေစရာသွားစရာ လည်ပတ်စရာ တအားများပါတယ်။ လည်ပတ်စရာ တအားများတဲ့အတွက်ကြောင့်မို့ သွားလို့ရတဲ့နေရာ တွေမှာ ဒီနေရာမရ ဘာဖြစ်လဲ ရတဲ့နေရာသွားမယ်ဆိုတဲ့ဟာနဲ့ လည်ပတ်နေတာပဲ။ အဲဒီလို သွားလိုက်လို့ ရှိရင်လည်း သဘောက ပြည့်ကျပ်ညပ်ပြီးတော့ ပိတ်သွားတယ်ဆိုတဲ့ဟာက ရံဖန်ရံခါ ပုဂံလိုဟာမျိုးတို့၊ ကျိုက်ထီးရိုးလိုဟာမျိုးတို့၊ တောင်ကြီးတန်ဆောင်တိုင်လိုဟာမျိုးမှာ တစ်ခါတစ်ရံ ပိတ်ရက်တွေ ဆုံသွား တဲ့ဟာမျိုးကျရင် ဟိုတယ်တွေ မရတော့တာတို့ဆိုပြီး အဲဒီလိုမျိုး အခက်အခဲလောက် သူ့သဘော သဘာဝအရတော့ ရှိပါတယ်။ အဲဒီလိုဆိုတော့ အဆင်ပြေပါတယ်။ တအားကြီးတော့ အခက်ခဲ အကျပ်အတည်းဆိုတဲ့ဟာမျိုးတော့ မရှိပါဘူး” ဟု ဦးအောင်အေးဟန်က ပြောသည်။

ထို့ပြင် ခရီးသွားလာသူ ပြည်သူများ စိုးရိမ်မှုများဖြစ်စေရန် မမှန်ကန်သည့်သတင်းများ ထုတ်လွှင့်မှုများအပေါ် ဝန်ကြီးဌာနအနေဖြင့် အသိ၊ သတိပေးခြင်းများကို သက်ဆိုင်ရာရုံးများမှတစ်ဆင့် ထုတ်ပြန်မှုများ ဆောင်ရွက်ခြင်းအားဖြင့် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

Cat tattoo

image
1 y - Translate

Cat tattoo

image
1 y - Translate

Cat tattoo

image
1 y - Translate

Cat tattoo

image
1 y - Translate

Cat tattoo

image
1 y - Translate

Cat tattoo

image
image
image
image
image
1 y - Translate

My kind of therapy 🐚🌊

image
1 y - Translate

My kind of therapy 🐚🌊

image