1 y - Translate

ကိုယ့်အပေါ် မကောင်းခဲ့တဲ့ သူတစ်ဦးဆီက
ဘယ်လို ကောင်းမွန်ခြင်းမျိုးကိုမှ
မမျှော်လင့်ပါနဲ့ !
လူတစ်ယောက်ကို
နှစ်ခါထက်ပိုပြီး မယုံကြည်မိပါ‌စေနဲ့ !
ပထမတစ်ခါ
ယုံကြည်မိခြင်းဟာ
သူ့ကို ယုံကြည်ပေးခြင်း ဖြစ်ပြီး
ဒုတိယတစ်ခါ
ယုံကြည်မိခြင်းဟာ
ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်ပါတယ်
တတိယတစ်ခါ
ယုံကြည်ပေးမိရင်တော့
ကိုယ်ဟာ အမှတ်မရှိတော့ခြင်းဖြစ်ပြီး
ထပ်ခါထပ်ခါ
ယုံကြည်ပေးမိခြင်းဟာ
တန်ဖိုးမရှိတော့ခြင်း ဖြစ်လာပါတယ်
ကိုယ့်ရဲ့တန်ဖိုးကို
ကိုယ်တိုင် မြှင့်တင်ပြီး
ချစ်ခြင်းမေတ္တာတွေကို တန်ဖိုး
ထားတတ်ကြပါစေ....

image
1 y - Translate

"#ဘ၀ဆိုတာရှင်သန်နေဖို့ပါပဲ\"
နေ့တစ်နေ့ကို ဖြတ်သန်းပြီးတဲ့အခါ စိတ်တိုင်းမကျတဲ့အဖြစ်တွေ ရှိရင်ရှိမယ်။
ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်တာတွေ ကြုံရင်ကြုံမယ်။
စိတ်ပျက်လက်ပျက်နဲ့ ရှေ့မဆက်ချင် တော့တဲ့အချိန်တွေ ရှိကောင်းရှိမယ်။
ကိုယ်မလုပ်နိုင်တော့ပါဘူး၊ မတတ်နိုင်တော့ပါဘူးလို့ စိတ်ကျစိတ်အားငယ် သွားတဲ့နေ့ရက်တွေ ရှိရင်ရှိမယ်။
ဒါပေမဲ့ ညတစ်ည အဆုံးသတ်သွားတဲ့ အခါ နောက်နေ့သစ်တစ်နေ့ကို Energy အပြည့်နဲ့ဖြတ်သန်းသွားဖို့လိုပါတယ်။
ဘ၀မှာ လုပ်မှဖြစ်မဲ့အရာတွေအတွက်ရှောင်ပုန်းနေလို့ မရပါဘူး။
တစ်ချိန်မလုပ်ရင် တစ်ချိန်မှာ စုလုပ်ရပါလိမ့်မယ်။
အချိန်သင့်တုန်း အပင်ပန်းမခံချင်ရင် အချိန်လင့်မှ ပင်ပန်းမဆုံး ဖြစ်ရပါလိမ့်
မယ်။
အခက်အခဲကို ‌ပိုကျော်နိုင်တဲ့သူသာပိုပျော်နိုင်တဲ့သူပါ။
#ဘ၀ဆိုတာ ရှင်သန်‌နေဖို့ပါပဲ...။
<><><><><><><><><><><><><><><><><><><><>
🅲🆁🅴🅳🅸🆃
#စာပေဥယျာဉ်

image
1 y - Translate

ဘဦးသည် မိမိ၏ ကြီးလေးသော မိုက်မှားခြင်းအတွက် မိမိကိုယ်ကို ဒေါသဖြစ်ကာနေ၏။ မေးမြန်းပြောဆို ငိုယိုညည်းတွားသော်လည်း အကျိုးမဲ့ဖြစ်တော့မှာပဲဟု အောက်မေ့ကာ ကြောင်တောင်ငေးလျက် ဆိတ်ငြိမ်စွာ နားထောင်၍သာနေလေ၏။ ဦးခေါင်းကို ငုံ့ကာ မိမိ၏ဆံပင်များကို လက်ဖြင့် ဖြတ်တော့မလို ဆုပ်ကိုင်လှုပ်ရှားကာသာနေ၏။
ထိုအခိုက် ယောက္ခမကြီး ဆင်း၍လာလေ၏။
" မင်း မမာလို့ ဆေးရုံတက်နေတယ်ကြားပါကလား။ ငါတို့တော့ သတင်းနားထောင်လျက်ပါပဲ "ဟု ဘဦး၏ညှိုးငယ်ပူပင်သောမျက်နှာကို ကြည့်ကာ ပြောလေ၏။
" လှစိန်ကတော့ မင်း တစ်နေ့ပြန်လာမယ်လို့ စိတ်ချနေတာပဲ။ အခု လာပါလိမ့်မယ်။ ဟိုထန်းတောကို ရေခပ်သွားနေတယ် "
အမယ်ကြီး၏စကား ဆုံးသည်နှင့် သူငယ်မကလေးသည် ဘဦးကို မျက်စပစ်ကာ ကြည့်၏။ ဘဦးသည် ယောက္ခမကြီးကို သနားလှသဖြင့် အပူမီးကို ထပ်၍ မမွှေးလိုသောကြောင့် မိမိ၌ဖြစ်ပွားသော သောကအရိပ်အယောင်ကို ပပျောက်အောင်ကြိုးစားဖုံးဖိလျက် စိတ်နောက်နေသော ယောက္ခမကြီးကို မေးမြန်းခြင်းမပြုမိအောင် ကြိုးစားနေရှာ၏။ " ဪ .. ငါ့အတွက် သေသူက သေ၊ ရူးသူက ရူး၊ ဖြစ်နေရှာပါကလားနော်။ သနားစရာ ကောင်းလှပါဘိတော့တယ်။ ငါတော့ ဒီဝဋ်ကို ခံရမှာ ဆဲဆဲပါကလား "ဟု စဉ်းစားကာ အရူးသွေးကို ပို၍နောက်မှာစိုးသဖြင့် အခြားအကြောင်းကို ပြောမည်ပြုပြီးမှ " အဲလေ သူ့သမီးရှိသေးတယ်လို့ ထင်မှတ်နေရင်လည်း သက်သာခြင်းတစ်ခုပါပဲ။ ဒီလိုမှ စိတ်ဖောက်ပြန်ပြီး ဒီလိုထင်မနေရင် ရင်ထဲမှာ မီးတောက်ပြီး သေဖို့်တောင် ရှိပါကလားလေ။ သူထင်ရာကိုပဲ ပြောနေပါစေတော့ "ဟု အောက်မေ့ကာ နားထောင်၍သာ နေရှာ၏။ အမယ်ကြီးကို သနားလှသဖြင့် သူ၏သောကပင် အနည်းငယ်သက်သာသလို ဖြစ်လာ၏။
ထို့နောက် မိန်းမကြီးက စကားဆက်ကာ " ပါးစပ်ကတော့ ဘယ်တော့မှ တေးဆိုမပြတ်ဘူးကွဲ့။ စိတ်ကလည်း မကောင်း၊ အရူးလိုဖြစ်နေတယ် ထင်ပါရဲ့။ မင်းကြောင့်ဖြစ်တာပဲ။ ငါတို့တော့ မင်းကို စိတ်မဆိုးပါဘူး။ မတော်တဆ အထင်မှားတာကိုးကွဲ့ "
အမယ်ကြီးသည် သူငယ်မကလေးကို စိုက်ကြည့်ပြန်ကာ " ဟဲ့ သူဆိုတဲ့တေးဟာ ဘာလဲ။ တစ်ကျွန်းစီနေ တစ်ပြည်စီခြားတဲ့ ဘာဆိုလဲဟယ် အဲဒီတေးကို အမြဲဆိုဆိုပြီး ရေအိုးကို ရွက်ရွက်လာတာပဲ။ မကြာမီ ကြားရပါလိမ့်မယ်။ အဝေးကြီးက ဆိုလာတာပဲ "
သူငယ်မလေးသည် ဘဦးကို တဖန် မျက်စပစ်ပြပြန်သည်။ ဘဦးမှာ " ဪ .. ဒုက္ခ ဒုက္ခ .."ဟု တွေးပြီး ကြင်နာသောအမူအရာနှင့် အမယ်ကြီး၏မျက်နှာကို ကြည့်ပြီး ခေါင်းငုံ့ကာ နားထောင်နေလေ၏။ ထိုအခါ နေမင်းကြီးသည် အနောက်ဘက်၌ စက်ဝိုင်းကြီးဖြစ်၍နေလေ၏။ လေသည် သုတ်နှင်၍လာ၏။ ထန်းပင်များ၏အရွက်များသည် ဆတ်ဆတ်တုန်လှုပ်ကြ၏။
အမယ်ကြီးသည် ထန်းတောဘက်သို့ ပြုံးရွှင်သောမျက်နှာနှင့် မျှော်လေ၏။
" ဟော လာပါပကော။ ဟောဟိုတောစပ်မှာ ရေအိုးရွက်လို့ "ဟု ပြောလိုက်သည်။
ထိုစဉ် သူငယ်မကလေးက တဖန်ပြုံး၍ မျက်စပစ်ပြန်၏။ ဘဦးသည် ထန်းတောဘက်သို့ လှမ်းမျှော်ကာ ကြည့်လေ၏။ နေမင်းအား တိမ်ကွယ်လေသဖြင့် မှိန်မှောင်သောတောစပ်၌ ရေအိုးကိုရွက်လျက် လာနေသော သဏ္ဍန်တစ်ခုကို မထင်မရှားမြင်ရ၏။ ဘဦးသည် အံဩထိတ်လန့် မိန်းမောတွေဝေကာ မျက်မှောင်ကုတ်လျက် စူးစိုက်ကာကြည့်၏။
" အင်း .. လှစိန်သွားပုံလာပုံပါပဲ။ အမျှ ... အမျှ လှစိန် .. အမျှကွဲ့ ... "ဟု စိတ်၌ အောက်မေ့ရင်း မျက်ရည်လည်၍လာ၏။ " ငါလာတာသိလို့ ပြတာပါပဲ "ဟု ဣန္ဒြေမဆယ်နိုင်အောင် ဖြစ်ရရှာသည်။ နေသည် တိမ်အောက်မှ လွတ်ပြန်၏။ ထိုအခါတွင် သဏ္ဍန်သည် ပိုမိုထင်ရှား၍လာ၏။ ဘဦးသည် ထိုင်ရာမှ ထ၍မျှော်၏။ " အမလေး ... ကျုပ်မယားလှစိန်ပါပဲကွဲ့ ... အမိုက်မကြီးရဲ့ ..."ဟု တိုးတိုးပြောကာ မျက်ရည်ကို သုတ်၏။
ဘဦးသည် ခြံစည်းရိုးအပြင်ဘက်သို့ ရောက်၍သွား၏။ အားစိုက်ကာ ကြည့်၍နေပြန်၏။ လှစိန်ထံသို့လည်း စွန့်၍ မသွားရဲချေ။ ညီအကို မသိတသိအချိန်ဟာ ခြောက်တတ်တဲ့အချိန်ပဲဟု အယူရှိလေ၏။ ကြက်သီးများ တဖြန်းဖြန်း ထလာ၏။ သို့ ကြည့်၍နေခိုက်တွင် သာလွန်အံဩဖွယ် ဖြစ်၍လာပြန်သည်ကား တစ်ကျွန်းစီနေ တစ်ပြည်စီခြားတဲ့မောင်ရယ်ဟူသော တေးသံကို ကြားရခြင်းဖြစ်လေ၏။ " အမလေး ...လှစိန်ရဲ့။ အခုထိ မင်း အပူသည်ဖြစ်နေရတဲ့ဒုက္ခကို ခံနေရပါကလား။ အမျှ လှစိန်ရေ အမျှ ... မင်း ကောင်းရာကိုသာ သွားပေတော့။ ငါ ကြာကြာမနေဘူးလှစိန်။ ငါ လိုက်ခဲ့မယ် "ဟု ဘဦးတစ်ယောက် မြည်တမ်းလေ၏။
သဏ္ဍန်ရော အသံရော နီးလာသည်။ နေမင်းကြီး ဝင်းကနဲ လင်းပြန်၏။ လှစိန်၏သဏ္ဍန်သည် မျက်တောင်မခတ် ပြူးကျယ်သောမျက်လုံးများနှင့် ဘဦးကို စူးစိုက်ကာကြည့်လေ၏။ ထိုသဏ္ဍန်၏ ခြေလှမ်းများက မြန်၍လာသည်။ ရေအိုးသည် ခေါင်းပေါ်မှ ကျ၍ ကွဲလေ၏။ ထိုသဏ္ဍန်သည် ဘဦးရှိရာသို့ သုတ်ခြေနှင်၍ လာလေပြီ။ ထိုအခိုက် နေဝန်း ပျောက်ကွယ်၍သွား၏။ အဆွေးအလွမ်းကို အကြောက်က လွှမ်းလေပြီ။ ဘဦးသည် ဆန့်ကျင်ဘက်အရပ်သို့ ထွက်၍ပြေး၏။ လှစိန်၏ရူပါရုံသည် မြန်စွာလိုက်၏။ သို့သော် ဘဦးသည် ဝေး၍သွား၏။
သဏ္ဍန်သည် ခြံစည်းရိုး၌ ရပ်၏။
" အမေ ... အမေ ဘယ့်နှယ်လဲ။ ဘယ်သူလဲ။ ဘာလို့ပြေးသလဲ "ဟု အလောတကောမေး၏။
" စိတ်နောက်နေတဲ့လူကြီး အစ်မလေးရဲ့"
သူငယ်မလေးက ဝင်ပြော၏။
ထိုအခိုက် ဘဦးသည် မရဲတရဲနှင့် ဝင်ရောက်၍ပြန်လာလေရာ " ဟင် ကိုဘဦး၊ ရှင် ဘာဖြစ်နေတာလဲ။ ရူးသွားသလား။ ကျုပ်ကို ဘာထင်လို့ ခုလိုကြည့်တာလဲ "ဟု လက်ညှိုးငေါက်ငေါက်ထိုးကာ မေးတော့၏။
" လှစိန်... လှစိန် .. နင် .. နင် ကြိုးဆွဲချ သေပြီဆို "
" ရှင့် ဘယ်သူပြောတုံး "
ဘဦးသည် သူငယ်မကလေးအား လက်ညှိုးညွှန်လျက် " သူပြောတာ "
ထိုအခါတွင်မှ လှစိန်သည် ဇာတ်ရည်လည်ကာ ဘဦးအား စေ့စေ့ကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်လေတော့၏။ ထို့နောက် သူငယ်မကလေးအား လှည့်ကြည့်ရင်း " ဟဲ့ ..အရူးမ .. နင် ဘယ့်နှယ်တွေ လျှောက်ပြောနေသလဲ။ နင့်ကြောင့်တော့ အင်မတန်ခက်တာပဲ။ နမိတ်မရှိနမာမရှိ .. သွား .... သွား .. "ဟု ငေါက်လိုက်ရာ အရူးမကလေးသည် အိမ်ပေါ်သို့ တက်ပြေးလေတော့သတည်း။

(ပီမိုးနင်း)

image
1 y - Translate

ဘယ်လင်ဟမ်ရဲ့ ဖန်တီးပေးခဲ့ပုံကတော့ ပြောင်မြောက်လွန်းပါတယ်။ ဘယ်လိုတွေတောင်မှ လုပ်ပြသွားလဲဆိုတာ ပြန်ကြည့်ရတာ ခဏခဏပါပဲ။ ဧရိယာထဲကို ရိုဒရီဂို ပြေးဝင်လာချိန်မှာပဲ သူက နောက်ပေါက်နဲ့ ပြေးလမ်းကြောင်းထဲ ချပေးလိုက်တာပါ။
ဘောလုံးက သူ့ဆီရောက်လာပြီး အသင်းဖော်ပြေးချိန်ကို လုံး၀ timing ကိုက်ပြီး ညာခြေနဲ့ ဆတ်ခနဲ နောက်ပေါက်ကန်ချက်သုံးပြီး‌ ပေးလိုက်တာ ကွက်တိပါပဲ။ ရိုဒရီဂိုကလည်း သိပ်အချိန်ဆွဲမနေဘဲ ဂိုးသမားအဝေးထောင့်ကို လှမ်းကန်သွင်းခဲ့ပါတယ်။
အဆင့်အတန်းမြင့်မားတဲ့ ဂိုးတဂိုးဖြစ်ခဲ့ပြီး ဘယ်လင်ဟမ်ဆီကနေ ထိပ်တန်းအဆင့်ဖန်တီးမှုကို ထပ်မြင်လိုက်ရတာပါ။ ရီးရဲလ်တို့ ဂိုးပြတ်နိုင်ပွဲတွေ ဆက်တိုက်ပြန်ရနေပြီး ဘာစီလိုနာကို အရှက်ရဖွယ် အရေးနိမ့်မှုကို ဖာထေးနိုင်နေပါပြီ။

image
1 y - Translate

ချယ်လ်ဆီးအသင်းသည် မန်ယူအသင်းမှ အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုကို ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

ဂါနာချို(၂၀ နှစ်)သည် မန်ယူအသင်း၏ အနာဂတ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရသော်လည်း နည်းပြသစ် အာမိုရင်မ်က အသင်းတွင် နေရာပေးလိုခြင်းမရှိသည့်အပြင် မန်ယူအသင်းအနေဖြင့်လည်း ဝင်ငွေထွက်ငွေ ဟန်ချက်ညီရန်အတွက် အကယ်ဒမီထွက်ကစားသမားများကို ရောင်းထုတ်ရန် လိုအပ်နေသောကြောင့် ဂါနာချိုမှာ ယခုဇန်နဝါရီအပြောင်းအရွှေ့မှာပင် အသင်းနှင့် လမ်းခွဲရဖွယ်ရှိနေကြောင်း သိရသည်။

ဂါနာချိုကို ခေါ်ယူရန် နာပိုလီအသင်းက ယူရိုသန်း(၅၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ပယ်ချခဲ့သည့်အတွက် ချယ်လ်ဆီးအသင်းက ယင်းထက်မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

နာပိုလီအသင်းသည် ခါဗရာစကယ်လီယာကို PSG အသင်းထံ ရောင်းထုတ်ခဲ့ပြီးနောက် ပြန်လည်အစားထိုးရန် ဂါနာချိုကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သော်လည်း မန်ယူအသင်းက ယူရိုသန်း (၇၀)အထိ အလိုရှိနေသည့်အတွက် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ လူငယ်ကစားသမားများအား ဦးစားပေးခေါ်ယူနေသည့် ချယ်လ်ဆီးအသင်းက ဂါနာချိုအား ကမ်းလှမ်းရန် စီစဉ်နေပြီး ၎င်း၏အေးဂျင့်များနှင့် ဆွေးနွေးမှုပြုလုပ်နေပြီဟု သိရသည်။

image
1 y - Translate

ဒီဖုန်းwallpaperကို မှတ်မိနေသေးရင် အသ.က်မငယ်တော့ဘူးနော်🤗

image
1 y - Translate

ကြက်ပင်စိမ်းကြော်
********************
အိုးထဲဆီအနည်းငယ်ထည့်ပီး အပူပေးပါ။
ကြက်သွန်ဖြူ တပြားရိုက်ထည့်, ပျော့လာအောင် ဆီသတ်ပီး
အသားထည့်၍ ဆား,သကြား,အရသာမှုန့်ထည့်မွှေပါ။
ရေအနည်းငယ်ထည့်ပီး အသားနူးအောင် ကြော်ပါ။
အသားနူးရင် Baby Corn လေးများထည့်ပါ။
ရေနွေးပူအနည်းငယ် ထည့်ပီး ခရုဆီ ထည့်မွှေပါ။
ပင်စိမ်းရွက်လေးများအုပ်ပီး အိုးချစားသုံးပါ။

image
1 y - Translate

လက်ညှိုးထိုးရင် ပုပ်တယ်ဆိုလို့
သူများအိမ်က ဘူးသီး

image
1 y - Translate

Freedom & Loyalty.

image
1 y - Translate

Only 1 onion get rid of facial hair permanently fast / unwanted hair removal permanent quickly👇

Prepare the Onion Paste: Peel the onion and chop it into small pieces. Blend the pieces into a smooth paste.
Add Lemon Juice: Mix the onion paste with fresh lemon juice. Lemon helps lighten the hair and makes it easier to remove, while also acting as a natural astringent.
Optional – Add Gram Flour: To enhance exfoliation, you can add a tablespoon of gram flour to the mixture. This will help create a paste that sticks well to the skin.
Apply to the Face: Apply the paste to areas with unwanted hair, such as the upper lip, chin, or jawline. Make sure to spread it evenly.
Let It Sit: Leave the mixture on your face for 15-20 minutes or until it dries.
Massage and Remove: Gently rub in circular motions to help remove the dried paste. This motion also works to pull out finer hairs.
Rinse Off: Wash your face with lukewarm water and pat dry. Follow with a light moisturizer, as lemon can be slightly drying.
Frequency
For best results, use this remedy 2-3 times a week. With consistent use, you may notice reduced hair growth in just a few weeks.

image