သာစည် – ရွှေညောင် ရထားခရီးစဉ်နှင့် အောင်ပန်း – ကလော၊ ကလော – မြင်းဒိုက် ၁၅ ယောက်စီး RGC ရထားစင်းလုံးငှားခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးမည်

ဇန်နဝါရီ ၂၅
သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအား ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ရေမြေတောတောင်သဘာဝရှုခင်းများ၊ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အောင်ပန်း-ကလော (အသွား-အပြန်) ခရီးစဉ်နှင့် ကလော-မြင်းဒိုက်(အသွား-အပြန်) ခရီးစဉ်များကို ခရီးသည် ၁၅ ဦး လိုက်ပါစီးနင်းနိုင်သည့် RGC ရထားစင်းလုံးငှားခရီးစဉ် ပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးစဉ်တစ်ခုအတွက် (အသွား-အပြန်) ကျပ် ၁၂၀,၀၀၀ ဖြင့် မည်သူမဆို့ ဇန်နဝါရီ ၂၄ ရက် (ယမန်နေ့)မှစတင်ပြီး ငှားရမ်းစီးနင်းနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဘန်ချီဝဲလ်ကို ခေါ်ယူနိုင်ဖို့ ဒေါ့မွန် စိတ်ဝင်စား

ဇန်နဝါရီ ၂၅

ဒေါ့မွန်အသင်းဟာ ချယ်လ်‌ဆီးအသင်း နောက်ခံလူတစ်ဦးဖြစ်တဲ့ ဗီဂါကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပြီးနောက် လန်ဒန်ကလပ်ရဲ့ အပယ်ခံ ကစားသမားဖြစ်တဲ့ ဘန်ချီဝဲလ်ကို‌ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပါတယ်။

ဒေါ့မွန်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဗီဂါဟာ ဂျူဗင်တပ်စ်အသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေတာပါ။

အဲဒါကြောင့် ဈေးကွက်ထဲမှာ ဘယ်နောက်ခံလူတစ်ဦး ရှာဖွေနေတဲ့ ဒေါ့မွန်အသင်းဟာ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။

ဘန်ချီဝဲလ်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့ဘဲ စက်တင်ဘာက ကာရာဘောင်း ဖလားပွဲစဉ်မှာ ၄၅ မိနစ်သာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

အဲဒါကြောင့် ဘန်ချီဝဲလ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာချင်နေတာပါ။

ဒါပေမယ့် ဘန်ချီဝဲလ်ရဲ့ တစ်ပတ်လုပ်ခ လစာပေါင် ၁၉၀,၀၀၀ ဟာ အပြောင်းအရွှေ့အတွက် ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ ခက်ခဲနိုင်ပေမယ့် ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ဖြစ်ဖို့ သူရရှိနေတဲ့ လုပ်ခလစာထဲက အစိတ်အပိုင်းကို ပေးချေပေးဖို့ ရှိနေတာဖြစ်ပါတယ်။

အဲဗာတန်အသင်းကလည်း ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်တာပါ။

ဒေါ့မွန်အသင်းကတော့ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် အာဆင်နယ်အသင်း နောက်ခံလူ ဇင်ချန်ကို,ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ဇင်ချန်ကိုဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေလို့ ဥရောပကလပ် အသင်းအချို့က သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

Source: Metro

ပုံ - ဘန်ချီဝဲလ်ကိုတွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
1 y - Translate

အသက် ၂ နှစ် ၅ လနဲ့ ပို့စ်ပေါင်းစုံပေးတတ်နေပြီဖြစ်တဲ့ ဘီလီယံ 🥰

အဆိုတော်သားဂန်းနဲ့ ဘေဘီမောင်တို့ရဲ့ သမီးဦးလေးလည်းဖြစ်ပါတယ်။ သိပ်မကြာခင်မှာလည်း သမီးငယ်လေးကိုထပ်မံဖွားမြင်တော့မှာပါ။ ဘေဘီမောင်က သမီးလေး ဘီလီယံဟာ အသက် ၂ နှစ်နဲ့ ၅ လသာရှိသေးပေမယ့် စတိုင်ပေါင်းစုံ ၊ ပို့စ်ပေါင်းစုံပေးတတ်နေပြီလို့ဆိုပါတယ်။ အနုပညာမျိုးရိုးပါတဲ့ ဘီလီယံလေးက ခုဆိုရင် မေမေနဲ့အတူ ကြော်ငြာတချို့ရိုက်ကူးထားတာတွေကိုလည်း တွေ့ရပါတယ်။

#celecele

image

မော်စကိုဒေသ ၁၃ ခုနဲ့ ရုရှားရေနံချက်စက်ရုံကို ယူကရိန်းက ဒရုန်းအစင်း ၁၂၀ ကျော်နဲ့ တိုက်ခိုက်

ကိဗ်ယက်၊ ဇန်နဝါရီ ၂၅

ယူကရိန်းဟာ ရုရှားကို အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုတွေထဲကတခုအဖြစ် မော်စကိုနဲ့ ရေနံချက်စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။

မော်စကို အရှေ့တောင်ဘက် ရိုင်ဇန်ဒေသရှိ ရေနံချက်စက်ရုံနဲ့ ပို့ဆောင်ရေးနေရာတွေကနေ မီးခိုးလုံးတွေထွက်လာတာကို အတည်ပြုထားတယ်လို့ ယူကရိန်းအရာရှိတွေက ဆိုပါတယ်။ ရိုင်ဇန်နဲ့ မော်စကို အပါအဝင် ဒေသ ၁၃ ခုကို တိုက်ခိုက်လာတဲ့ ဒရုန်း ၁၂၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။

ရေနံစက်ရုံမီးလောင်မှုကို ရုရှားကလည်း အတည်ပြုထားပြီး ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် အလုပ်တွေ ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။ မော်စကိုမြို့တော်ဝန်ကလည်း မြို့တော်ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေဟာ နေရာလေးခုမှာ ယူကရိန်းဒရုန်းတွေတိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း ယူကရိန်း ကိဗ်ယက်ဒေသမှာရှိတဲ့ လူနေအဆောက်အအုံတခုကို ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လူသုံးယောက်သေဆုံးပြီး တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ ရုရှားရဲ့ ဒရုန်း ၅၈ စင်းအနက် ၂၅ စင်းကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကတိပြုထားပြီး ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံလိုသလို စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်မရဘူးဆိုရင် ရုရှားအပေါ် ပိုမိုတင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့ အခွန်ကောက်ခံမှုတွေ ပြုလုပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Ref:BBC
Photo:Reuters/Getty Images

#centralnewsnaypyitaw

imageimage

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဇန်နဝါရီ ၂၅

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၇၁ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၅၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၆၀၀ ကျပ်
ဝယ်ဈေး - ၄၅၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၈၈ ကျပ်
ဝယ်ဈေး - ၄၆၆၁ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၀၅ ကျပ်
ဝယ်ဈေး - ၁၃၂.၄၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၂ ကျပ်
ဝယ်ဈေး - ၁၀၁၄ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၃၁ ကျပ်
ဝယ်ဈေး - ၂၈.၅၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၀၅ ကျပ်
ဝယ်ဈေး - ၅၁.၆၄ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၀ ကျပ်
ဝယ်ဈေး - ၃.၁၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၉၃ ကျပ်
ဝယ်ဈေး - ၅၅၄၃ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၈၅ ကျပ်
ဝယ်ဈေး - ၂၈၁၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၀ ကျပ်
ဝယ်ဈေး - ၃၀၉၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၆ ကျပ်
ဝယ်ဈေး - ၅၇၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၄၅ ကျပ်
ဝယ်ဈေး - ၁၂၁၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

ကိုယ့်အကြိုက်နဲ့ကိုယ်ပဲ
နောက်ဆုံးအပိုင်းလေးကြိုက်တယ်

1 y - Translate

Responsible AI ဆိုတာဘာလဲ၊ နည်းပညာကုမ္ပဏီတွေတကယ်ရောလိုက်နာ‌နေကြလား 📖🤖
ဒီနေ့ခေတ် AI နည်းပညာတွေခေတ်စားလာတာနဲ့အမျှ အသုံးပြုသူတွေရဲ့လုံခြုံရေးအတွက်လည်းမေးစရာတွေအများကြီးရှိလာပါတယ်။ ဒီတော့ Responsible AI ဆိုတာကိုဘေးဖယ်ထားလို့မရတော့ပါဘူး။✅
အကျဉ်းခြုံ့ပြောရရင် Responsible AI ဆိုတာ AI/ AI model တစ်ခုကို
👉 Fair (မျှတမှု)
👉 Safe (ဘေးကင်းမှု)
👉 Transparent (ပွင့်လင့်မြင်သာမှု) နဲ့
👉 Accountable (တာဝန်ခံမှု) ဆိုတဲ့အချက်တွေနဲ့ညီမျှအောင်ထိန်းညှိရတဲ့ပုံစံပါ။
1. Fair 🤝
နည်းပညာကုမ္ပဏီတစ်ခုက AI Chatbot တစ်ခုကိုထုတ်လိုက်တယ်ဆိုပါဆို့။ ဒါပေမယ့် ဒီ AI Chatbot က အသုံးပြုသူတွေနဲ့ဆက်ဆံတဲ့အခါ နဲ့ သူ့ရဲ့တုန့်ပြန်တဲ့ ရလဒ်တွေက ဘက်လိုက်မှုမရှိရပါဘူး။
ဥပမာ- ကမ္ဘာပေါ်ကထင်ရှားတဲ့လူ ၁၀ ဦးအကြောင်းကိုမေးတဲ့အခါ ၁၀ ဦးလုံးလူဖြူတွေအကြောင်းပဲပြောပြီး တခြား အသားရောင်ရှိတဲ့လူမျိုးတွေအကြောင်းကိုချန်လှပ်ထားတာမျိုးပါ။ ဒါက်ိုတော့ Data Bias (ဘက်လိုက်တဲ့ ဒေတာ) အနည်းအားဖြင့် unfair မျှတမှုမရှိဘူးလို့သက်မှတ်လို့ရပါတယ်။
2. Safe 🔒
ကိုယ်သုံးနေတဲ့ AI ဟာဘယ်လောက်ဘေးကင်းလဲဆိုတဲ့အပိုင်းပါ။ ဥပမာ- Autopilot ပါတဲ့ Tesla လိုမျိုးမောင်းသူမဲ့ကားတွေဟာ တခါတ‌လေ လမ်းပေါ်မှာ အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်ကိုချတတ်ပါတယ်။ စီးနင်းသူတွေအတွက်ဒါဟာ ဘေးကင်းမှုရှိဖို့ လူသားထိန်းချုပ်မှုလုံးဝမရှိပဲ ဘယ်လောက်ထိဘေးကင်းနိုင်လဲဆိုတာကို Safe လ့်ုသက်မှတ်ပါတယ်။
3.Transparent 📖
ကိုယ်သုံးတဲ့ AI တစ်ခုဟာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်နဲ့ နေ့စဉ်ဘဝကို တစ်နည်းမဟုတ်တစ်နည်းနဲ့ သိမြင်နေရပါတယ်။ ဒီအပိုင်းမှာ နည်းပညာကုမ္ပဏီကြီးတွေအနေနဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို ဘယ်နေရာမှ ဘယ်လိုသုံးတယ် ဘယ်လောက် လုံခြုံမှုရှိတယ်ဆိုတာကို သူတို့ရဲ့ လုံခြုံမှုပေါ်လာစီမှာ ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ဒီအပိုင်းကို Transparent လို့သက်မှတ်လို့ရပါတယ်။
4. Accountable ✅
ဒါကတော့နည်းပညာ ကုမ္ပဏီအတော်များများကိုမေးရမယ့်ကိစ္စပါ။ ကိုယ်သုံးနေတဲ့ AI ဟာ ကြီးမားတဲ့အမှားတစ်စုံတစ်ရာလုပ်မိတယ်ဆိုရင် အသုံးပြုသူရဲ့နစ်နာမှုအတွက် တာဝန်ယူမှု တာဝန်ခံမှုအပိုင်းကို Accountable လို့မှတ်ယူလို့ရပါတယ်။
Chat GPT တို့လို Chatbot တွေကို အသုံးပြုသူတွေကအလကား Free အသုံးပြုနေရတယ်လို့မထင်ပါနဲ့ ဒါဟာနည်းပညာကုမ္ပဏီတွေကို ကျွန်တော်တို့ရဲ့ အချက်အလက် ဒေတာတွေကိုပေးနေရတာပါပဲ။ အခုလက်ရှိအထိ responsible AI ကိုသေချာလုပ်နိုင်တဲ့ နည်းပညာကုမ္ပဏီမရှိသေးပါ။ လာမယ့်အနာဂါတ်မှာတော့ Responsible ဖြစ်တဲ့ AI တွေကပဲ ပိုပြီးအားသာလာမှာဖြစ်ပါတယ်။

image
1 y - Translate

သဘာဝပြောင်ခေါင်းစိမ်း🍀🍀🍀
( Natural Peridot )

#gems

image
1 y - Translate

သဘာဝပြောင်ခေါင်းစိမ်း🍀🍀🍀
( Natural Peridot )

#gems

image
1 y - Translate

သဘာဝပြောင်ခေါင်းစိမ်း🍀🍀🍀
( Natural Peridot )

#gems

imageimage