အနောက်နိုင်ငံလေတပ်များ တုန်လှုပ်စေသည့် နည်းပညာ
အနောက်နိုင်ငံလေတပ်များ တုန်လှုပ်စေသည့် နည်းပညာမြင့်တိုက်လေယာဉ်တစ်စင်း တရုတ် ထုတ်ပြ
******************
အနောက်နိုင်ငံ လေတပ်အသိုင်းအဝိုင်းမှ J-36 ဟု အမည်ပေးထားသည့် တိုက်လေယာဉ်တစ်စင်း တရုတ်လေတပ်က ထုတ်ဖော်ပြသခဲ့သည်။လေတပ်ကျွမ်းကျင်သူများ၏ အဆိုအရ အဆိုပါလေယာဉ်မှာ အင်ဂျင်သုံးလုံးတပ် ဒေါင်လိုက်ပျံတက်နိုင်သည့်အဆိုပါ လေယာဉ်၏ ပုံရိပ်များသည် တရုတ် လူမှုကွန်ယက်များတွင် ပျံ့နှံ့လာခဲ့သည်။


တရုတ်နိုင်ငံ ဂျက်ချွမ်ပြည်နယ်ရှိ ဂျက်ဒူးလေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းစု၏ ပြေးလမ်းအနီး အနိမ့်ပျံသန်းနေသည့် တိုက်လေယာဉ်တစ်စင်းကို လမ်းသွားလမ်းလာများက ရိုက်ကူးဖော်ပြခဲ့သည်။
အဆိုပါလေယာဉ်ကို တိုက်လေယာဉ် ဝါသနာအိုးများက စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး နောက်ဆုံးပေါ် ကိုဘ်ပျောက်နည်းပညာနှင့် လေကြောင်းနည်းပညာများစွာ ပါဝင်နိုင်သည့် ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်ဖြစ်ကြောင်း သုံးသပ်ထားသည်။


အဆိုပါလေယာဉ်သည် တောင်ပံနှစ်ဘက်နှင့် လေယာဉ်မှူးနောက်တွင် dorsally-mounted intake ပါရှိသည့် အင်ဂျင်သုံးလုံးတပ်အမျိုးအစားဖြစ်ပြီး လေယာဉ်ဝမ်းဗိုက်အတွင်းနှင့်အပြင်တွင် တာဝေးပစ်ဒုံးကျည်နှင့် လက်နက်များသယ်ဆောင်နိုင်ကြောင်းသိရသည်။


J-36 အမည်ပေးထားသည့် အဆိုပါလေယာဉ်မှာ အမေရိကန်လေတပ်၏ နောက်ဆုံးပေါ်တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်ရန်ထုတ်လုပ်သားပြီး တရုတ်အစိုးရအနေဖြင့် ထင်ရှားသည့် အချက်အလက်များ ထုတ်ဖော်ပြသခြင်းမရှိခြင်းကြောင့် နှိုင်းယှဉ်ရန်ခက်ခဲကြောင်းသိရသည်။

#နိုင်ငံတကာသတင်း
◼အမေရိကန်နှင့်ကုန်သွယ်ရေးပဋိပက္ခကျယ်ပြန့်လာစဉ်အတွင်း အရှေ့‌တောင်အာရှသို့ တရုတ်သမ္မတ ခရီးဆန့်မည်
အမေရိကန်နှင့်ကုန်သွယ်‌ရေးတင်းမာမှုများ အရှိန်မြင့်လာစဉ် တရုတ်၏ အရင်းနှီးဆုံးအိမ်နီးချင်းတချို့နှင့် ဆက်ဆံရေးခိုင်မာစေရန် ယခုနှစ်အတွင်း ၎င်း၏ ပထမဆုံးနိုင်ငံရပ်ခြားခရီးစဉ်အဖြစ် သမ္မတ ရှီကျင့်ဖျင်က လာမည့်သီတင်းပတ်တွင် အရှေ့တောင်အာရှသုံးနိုင်ငံ သို့သွားရောက်မည်ဖြစ်သည်။
ရှီကျင့်ဖျင်သည် ဧပြီ ၁၄ ရက်မှ၁၅ ရက်တွင်ဗီယက်နမ် ၊ ဧပြီ ၁၅ ရက် မှ ၁၈ ရက် အထိ မလေးရှားနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သို့ သွားရောက်မည်ဖြစ် ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
ယခုနှစ်စပိုင်းတွင် ဒေါ်နယ်ထရန့်အမေရိကန်သမ္မတ ဖြစ်လာခဲ့ပြီးနောက်ပိုင်း စုစုပေါင်း အခွန် ၁၄၅ ရာခိုင်နှုန်းစည်းကြပ်ခံထားရပြီးဖြစ်သော တရုတ် က ၎င်းတို့ကဲ့သို့ပင် ဝါရှင်တန်၏ ကုန်သွယ်ခွန်များ အဆမတန် ချမှတ်ခံထားရသော နိုင်ငံများနှင့် ဆက်ဆံ‌ရေး တိုးမြှင့်ရန် အလျင်အမြန် လုပ်ဆောင်နေသည်။
တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးကို နက်ုင်း အောင်လုပ် ဆောင် သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ က ယခုသီတင်းပတ် စောစောပိုင်းတွင် ပြောကြားခဲ့သည်။
ရှီကျင့်ဖျင်၏ အရှေ့တောင်အာရှ အလည်အပတ်ခရီးစဉ်အတွင်း သီးသန့်ဆောင်းပါးများ တင်ဆက်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းကဖော်ပြပြီး ၎င်းတို့ထဲတွင် “တရုတ်နှင့်မလေးရှားကြားက စီးဆင်းနေသောရေကို မဖြတ်တောက်နိုင်” ၊ “ရှီကျင့်ဖျင်နှင့်ကမ္ဘောဒီယားမိတ်ဆွေရင်းခြာများ” စသည်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံမှလွဲ၍ အခြားနိုင်ငံများအပေါ် ချမှတ်ထားသော အခွန်များကို ဆိုင်းငံ့ကြောင်း ဒေါ်နယ်ထရန့်၏ ယမန်နေ့ကြေညာမှု မတိုင်မီကပင် အမေရိကန်၏ကြီးလေးသော အခွန်များအပေါ် ဘုံရပ်တည်မှုတစ်ခု ထားရှိရေးအတွက် ဒေသဆိုင်ရာ နိုင်ငံပေါင်းစုံအဖွဲ့များအား ပေကျင်းက သိမ်းသွင်းစည်းရုံးခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် တရုတ်ဝန်ကြီးချုပ် လီချန်း က ဥရောပကော်မရှင်ဥက္ကဌ အာဆူလာဗွန်ဒါလီယန်း အား ဖုန်း နှင့် ဆက်သွယ်ခဲ့ပြီး လွတ်လပ် ၊ တရားမျှတပြီး ခိုင်မာစွာပြုပြင်ပြောင်းလဲထားသော ကုန်သွယ်ရေးစနစ်တစ်ရပ်အား ထောက်ခံ‌ရေးအတွက် ဥ‌ရောပနှင့်တရုတ်တို့တွင် တာဝန်ရှိကြောင်း အလေးအနက်ထားပြောကြားခဲ့ကြသည်။
ထို့ပြင်တရုတ်ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်တောင်ကလည်း ဥရောပသမဂ္ဂကုန်သွယ်ရေးကော်မရှင်နာ အပြင် မလေးရှား ၊ ဆော်ဒီအာ‌ရေးဗီးယား ၊ တောင်အာဖရိကတို့မှ ကုန်သွယ်ရေးဝန်ကြီးများအား ဗီဒီယိုကောလ်ဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image

shoulder growth: Overhead Press, Cable Cuff Raises, Machine Lateral Raises, and Reverse Flys. ❤️

5 biceps exercises

Targetting back muscles ??

မငိုပါနဲ့တော့ - Mary , Lil\z

ဒီသီချင်း တစ်စက်မှကိုမကောင်းတာ ရင်ထဲ?

ခွင့်ပြုတယ်ခွင့်လွှတ်တယ်

မြင်နေခွင့်လေ

Ozil Magic

//