克钦邦 ခေါင်လန်ဖူးမြို🌿

image

克钦邦 ခေါင်လန်ဖူးမြို🌿

image

克钦邦 ခေါင်လန်ဖူးမြို🌿

image

克钦邦 ခေါင်လန်ဖူးမြို🌿

image

克钦邦 ခေါင်လန်ဖူးမြို🌿

imageimage
+6

ထိုင်းအမျိုးသား ဥယျာဉ် Kaeng Krachan မှာ ရှားပါးဘင်္ဂါလီကျားပေါက် သုံးကောင် တွေ့ရှိ

ဖေဖော်ဝါရီ ၃

ထိုင်းနိုင်ငံရှိ အမျိုးသားဥယျာဉ်တစ်ခုဖြစ်တဲ့ Kaeng Krachan မှာ ရှားပါးဘင်္ဂါလီ ကျားတစ်ကောင်ဟာ သဘာဝ ထိန်းသိမ်းရေးနယ်မြေမှာ သားပေါက်လေး ၃ ကောင်မွေးထားတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဘန်ကောက်မြို့အနောက်တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၊ Kaeng Krachan အမျိုးသားဥယျာဉ်မှာ ၂၀၂၄ ခုနှစ်က ကျားမိခင်နဲ့အတူ ကျားသားပေါက်ကလေး တစ်ကောင်ကို ပန်းခြံရိန်းဂျားတွေက ပထမဆုံးတွေ့ရှိခဲ့ ပါတယ်။ အဲဒီတုန်းက ရာသီဥတုဆိုးရွားနေခဲ့တာကြောင့် ကင်မရာဟာ ရေစို ပျက်စီးခဲ့ပြီး အခုမှတ်တမ်းတွေ ပြန်လည်တွေ့ရှိချိန်မှ အဲဒီတုန်းက ကျားပေါက် ၁ ကောင်တည်း မဟုတ်ပဲ ၃ ကောင် မွေးဖွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"ဒါဟာ အမျိုးသားဥယျာဉ်မှာ ကျားသားပေါက်သုံးကောင် မွေးတဲ့မှတ်တမ်းကို ကျွန်တော်တို့ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်" လို့ Kaeng Krachan အမျိုးသားဥယျာဉ်အကြီးအကဲ မွန်ကောလ်ချိုင်ပက်ခ်ဒီ က ဇန်နဝါရီလ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကင်မရာဗီဒီယိုဖိုင်မှာ ကျားသားပေါက်လေး ၃ ကောင်ဟာ မိခင်အနီး အရွက်အမှိုက်ပုံထဲ ပြေးလွှားဆော့ ကစားနေတာ တွေ့ရပါတယ်။

"အချိန်ဇယားကို အခြေခံပြီး ပြောရမယ်ဆိုရင် ကျားသားပေါက်လေးတွေဟာ အခုဆို ခြောက်လလောက် ရှိပြီလို့ ခန့်မှန်းရပါတယ်” လို့ မစ္စတာမွန်ကောလ်က ပြောပါတယ်။

အဲဒီကျားပေါက်လေးတွေ ဟာ Kaeng Krachan အမျိုးသားဥယျာဉ်မှာ နေထိုင်နေပြီး လိင်ကွဲပြားမှု မသိရသေးပါဘူး။

ဘင်္ဂလားကျားတွေဟာ အမဲလိုက်ခံရခြင်းနဲ့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေကြောင့် မျိုးတုန်းဖို့ ခြိမ်းခြောက်ခံနေရတဲ့ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းရေးအဖွဲ့ (IUCN) စာရင်းဝင် မျိုးစိတ်တွေ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image
52 w - Translate

Come play (202
***

IMDb Rating – 5.7/10
Horror ချစ်သူတွေအတွက် ကြည့်လိုကောင်းမယ့် ဇာတ်ကားလေးတင်ဆက်ပေးပါရစေ။
ဇာတ်လမ်းအကျဉ်းကတော့ အိုလီဗာက အော်တစ်ဇင်ဖြစ်နေတဲ့ကောင်လေးပါ၊ စကားပြောနိုင်အောင်
ကုထုံးခံယူနေရပြီး ဖုန်းနဲ့တစ်ဆင့်ပဲ လူတွေကို ပြောဆိုဆက်ဆံပါတယ်။
ကျောင်းမှာ သူငယ်ချင်းလည်းမရှိတာကြောင့် အတော်အထီးကျန်ရှာပြီး အမြဲကာတွန်းပဲဲကြည့်နေတတ်ပါတယ်၊
တနေ့မှာတော့ သူ့ဖခင်ဖြစ်သူ အလုပ်ကနေ ယူလာတဲ့ tablet တစ်လုံးကတစ်ဆင့် မူမမှန်တဲ့သဘာဝလွန် အရာတစ်ခု
ထွက်ပေါ်လာပြီး အိုလီဗာကို အန္တရာယ်ပေးလာတဲ့အခါမှာတော့ . . . ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတိုကို
ကျောရိုးယူထားပြီး ရိုက်ကူးထားကာ IMDb Rating အနေနဲ့ 5.7/10 ရရှိထားပါတယ်....

image

ပနားမားတူးမြောင်းကို တရုတ်ရဲ့ ဩဇာလွှမ်းထိန်းချုပ်မှု ပြုပြင်ပြောင်းလဲဖို့ အမေရိကန်တောင်းဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃

ပနားမားတူးမြောင်းကို တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ ထိန်းချုပ်မှုတွေကို ချက်ချင်းပြုပြင်ပြောင်းလဲဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ပနားမားအနေနဲ့ ဒီကိစ္စကို မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် နှစ်နိုင်ငံကြား သဘောတူစာချုပ်အရ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်သွားမယ်လို့လည်း သူက သတိပေးထားပါတယ်။

ပနားမားတူးမြောင်းကို ပြန်လည်ရယူမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကတိပြုပြောဆိုထားပြီး ပနာမားသမ္မတ မူလင်နို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့ဟာ ပနားမားစီးတီးမှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် တူးမြောင်းပြသနာက ရူဘီယိုနဲ့ ဆွေးနွေးဖို့မသင့်ဘူးလို့ ပနားမား သမ္မတကဆိုပါတယ်။

ထရန့်ရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး ပနားမားမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ထရန့်နဲ့ မူလင်နိုတို့ရဲ့ ပုံတွေကို ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ဗုံးတွေနဲ့ ဖြိုခွင်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက အမေရိကန်နဲ့ ချုပ်ဆိုခဲ့တဲ့ ကြားနေသဘောတူစာချုပ်အရ ဒီရေလမ်းကို ပနားမားအစိုးရက ပိုင်ဆိုင် လည်ပတ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် တူးမြောင်းအနီးရှိ ဆိပ်ကမ်းတွေ တရုတ်အခြေစိုက် ကုမ္ပဏီတွေက ရင်းနှီးမြုပ်နှံမှုတွေ ကြီးကြီးမားမား လုပ်ဆောင်နေကြပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တူးမြောင်းကို ပြန်လည်ရယူဖို့ စစ်ရေးအင်အားသုံးမယ်လို့ မပြောခဲ့ပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပနားမားမှာတော့ ဒီကိစ္စအပေါ် မကျေနပ်ချက်တွေ တိုးပွားလာနေပါတယ်။

Ref: BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image

အုတ်တစ်ချပ်ကလေး
သဲတစ်ပွင့်လေး ကျန်ရှိနေရင်တောင်
မဖြစ်မနေပြန်တည်ဆောက်မိမှာ။
အဆုံးရှုံးမခံနိုင်တဲ့ စိတ်ကလေးတွေရှိတယ်။
ချစ်ရတယ်ဆိုတာ ဒီလိုပါ။
ကျန်မနေခဲ့ချင်ဘူး၊ မထားခဲ့ချင်ဘူး။
#စာရယ်ကဗျာရယ်
#crd
#as

ရန်ကုန်မြို့အနီးက
ဒီနေရာလေးသွားကြည့်ပါလား
ရန်ကုန်မြို့ပြနဲ့ခဏသာဝေးရာ
ဒီနေရာလေးမှာ
အေးအေးဆေးဆေးလေးနဲ့နေလို့ကောင်းတဲ့နေရာလည်းဖြစ်ရမယ်
ရန်ကုန်မြို့နဲ့နီးနီးနားနား လှည်းကူးမှာတင် ခဏတာ အပန်းပြေစေမယ့် Million House
သဘာဝအတိုင်းလှပတဲ့ပတ်ဝန်းကျင်လေးမှာသစ်ရိပ်ဝါးရိပ်ရှိတဲ့ဒီနေရာလေးကိုတစ်ခါလောက်တော့အချိန်ရရင်အရောက်လာခဲ့ပါဦးနော်
ပိတ်ရက်လေးမှာချစ်တဲ့သူနဲ့ဒိတ်မှာလားဒါမှမဟုတ်သူငယ်ချင်း၊မိသားစုတွေနဲ့အေးဆေးဆေးဒိတ်မှာလားတစ်နေရာတည်းမှာအကုန်အဆင်ပြေတဲ့နေရာလေး
Million Houseဆိုင်ကို လာရတဲ့ လမ်းခရီးလေးကလည်းရန်ကုန်မြို့ပြရဲ့ မနီးမဝေး လှည်းကူးမှာတင်ဆိုတော့ အဆင်ပြေတာပေါ့နော်
ထန်းရည်ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်နေရာလေး
တစ်နေရာဖြစ်တဲ့ Million Houseမှာ
Unplugged သီချင်း
နားထောင်းပြီး စိတ်အပန်းဖြေရတာနဲ့တင် Million Houseကိုလာရတာတန်နေပြီနော်
Million House ဆိုင်မှာအရသာရှိတဲ့ ဟင်းလျာများလည်းမှာယူစာ၊းသုံးနိုင်ပါတယ်
ထိုင်းအစားအစာတွေလည်းရရှိနိုင်တာမို့ ထိုင်းစာကြိုက်တဲ့သူတွေအတွက်အကြိုက်တွေ့စေမယ့်နေရာ
သဘာဝဆန်တဲ့ ပတ်ဝန်းကျင်လေးမှာ သစ်ရိပ်လေးတွေ ၊ ဝါးတဲလေးတွေနဲ့ ချစ်စဖွယ်ဆိုင်အပြင်အဆင်လေးတွေရှိပါသေးတယ်
Million House
ရန်ကုန်ကနေ လှည်းကူးမြို့ရောက်တာနဲ့ တာဆုံမီးပွိုင့်ကနေ ဘယ်ချိုးပြီး ၅ မိနစ်လောက်မောင်းဘယ်ဘက်ခြမ်းစခန်းကြီးရွာမရောက်ခင်လေးမှာပါ

image