Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နှလုံးသားက သိပ်တန်ဖိုးရှိတယ် ။
အလှဆုံးအရာတွေပဲ ထည့်ထားရမယ် ။
စိတ်ခံစားချက်က ဈေးကြီးတယ် ။
ကိုယ့်ကို ပျော်ရွှင်စေတဲ့ လူနဲ့ပဲ ထိတွေ့ဆက်ဆံရမယ် ။
#စာရယ်ကဗျာရယ်
ပြောင်းဖူး ရွှေချီ ဆနွင်းမကင်း မွှေးမွှေးလေး ရပြီနော်
ပါ၀င်ပစ္စည်း
သကြားပြောင်းဖူး ၄ ဖူး
ရွှေချီ ထမင်းပေါင်းအိုးပါခွက် ၂ခွက် ခွဲ
အုန်းနို့ ၄၀၀ml (ဗူးကြီး ၁ဗူး)
နွားနို့ ၅၀၀ml
ထောပတ် ထမင်းစားဇွန်း ၆ ဇွန်း
ဘဲဥ ၄ လုံး
သကြား ထမင်းပေါင်းအိုးပါ ခွက် ၁ ခွက်ခွဲ (အချိုလျှော့ ထားပါတယ်)
ဘိန်းစေ့ အနည်းငယ်
ဆား အနည်းငယ်
ပြောင်းဖူးကို အစေ့ခြွေ ပြီး
ဘဲဥ အုန်းနို့နွားနို့ သကြား ဆား တို့ကို ရောပြီး ဖျော်စက်နဲ့လုံးဝကြေညက်တဲ့ ထိ ဖျော်ပါ
မုန့်နှစ်ရည် မဗျစ် မကျဲလေးရပါမယ်
မုန့်နှစ်ရည်ထဲကို ရွှေချီ ထည့်မွှေပြီး ၁နာရီလောက်ထားပါမယ်
ပြီးလျင် မီးအေးအေးလေးဖြင့် မွှေထိုးပါမယ်
ထောပတ်ကို အရင်ဆုံး အပူပေးပါ
ပူလာပါက မုန့်နှစ်ရည်ထဲ့ကာ မွှေထိုးလေးထိုးပါ တဖြည်းဖြည်းဗျစ်ခဲလာပါလိမ့်မယ်
အဆက်မပျက် မွှေပါ မုန့်သားနပ်ပါက မီးပိတ်ကာ ဆီသုတ်ထားတဲ့ဗန်းထဲသို့ ထဲ့ကာ အပေါ်မျက်နှာပြင်ညီအောင်ညှိ ကာ အပေါ်ကနေ ဘိန်းစေ့ လေးတွေဖြူး ကာ
Oven နဲ့ဖုက်ပါမယ်
အပေါ်မီး ၁၈၀ ဒီဂရီ အောက်မီး နဲနဲ နဲ့ မိနစ် ၃၀ လောက်ဖုက်ပြီး အအေးခံပါ
အေးသွားပါက ကြိုက်နှစ်သက်သလိုလှီးဖြတ် သုံးဆောင်နိုင်ပါပြီ
Credit