ချစ်ဦးညိုရဲ့ “လင်္ကာဒီပချစ်သူ” ကို အတော်များများ ဖတ်ဖူးကြမယ်ထင်ပါတယ်။ ရာမာယဏကဗျာရှည်ကြီးကို ဗီလိန် ဒသာဂီရိရှုထောင့်ကနေ ပြန်ရေးထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပါပဲ။ အဲ့ဒီဝတ္ထုဟာ ဒသာဂီရိကို လူကောင်းအဖြစ် အမွှန်းတင်တာထက် အကြွေစေ့တစ်စေ့မှာ ဘက် ၂ ဖက်ရှိတယ်ဆိုတာ တွေးမိစေဖို့ ရည်ရွယ်တယ်လို့ ခံစားရပါတယ်။ Wicked ရုပ်ရှင်ဟာလည်း “လင်္ကာဒီပချစ်သူ” နည်းတူ ကမ္ဘာကျော်စိတ်ကူးယဥ်ပုံပြင်တစ်ပုဒ်ရဲ့ ဗီလိန်တစ်ယောက်ကို သူ့ရဲ့ရှုထောင့်ကနေ ကြည့်နိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဒီလိုဘက်ပြောင်းကြည့်လိုက်တဲ့အခါ ကိုယ်ရင်းနှီးပြီးသားဇာတ်လမ်းမှာ သတိမမူခဲ့မိတဲ့ အဖြစ်အပျက်တွေ၊ မြင်ကွင်းသစ်တွေနဲ့ အိုင်ဒီယာအသစ်တွေကို မြင်တွေ့ခံစားလာရပါတယ်။
Wicked ဟာ ကမ္ဘာကျော် The Wizard of Oz ပုံပြင်ရဲ့ ဗီလိန်တစ်ယောက်ဖြစ််တဲ့ Wicked Witch of the West တဖြစ်လည်း Elphaba အကြောင်းကို ဗဟိုပြုထားတာဖြစ်ပါတယ်။ Oz တိုင်းပြည်ကြီးရဲ့ ဒီနာမည်ကျော်ပုံပြင်ကို ရုပ်ရှင်အနေနဲ့သော်လည်းကောင်း၊ ပုံပြင်စာအုပ်နဲ့သော်လည်းကောင်း ရင်းနှီးကျွမ်းဝင်ထားသူတွေအတွက် Wicked ဇာတ်လမ်းက သိပ်မထူးခြားလှပါဘူး။​ သိပြီးသားဇာတ်ကောင်တွေကို ရှုထောင့်ပြောင်းထားရုံပါပဲ။ ဒါကြောင့်ပဲ Wicked ရဲ့ ထူးခြားမှုကို ဇာတ်လမ်းမှာ သိပ်တွေ့ရမှာမဟုတ်ပါဘူး။ ဒီအစား Wicked ဟာ ပြောင်းလဲသွားတဲ့ရှုထောင့်အောက်မှာ Elphaba ကြုံတွေ့ရတဲ့ ဖိနှိပ်မှုတွေ၊ သိုးမည်းဖြစ်ခဲ့ရတဲ့ နောက်ဆက်တွဲ စိတ်မလုံခြုံမှုတွေ၊ ဆိတ်ကြီး Dr. Dillamon ကတဆင့် မြင်တွေ့ရတဲ့ လူမှုရေးအဆင့်အတန်းကွာဟချက်တွေကို ထည့်သွင်းသွားပြီး သူ့ရဲ့ထူးခြားတဲ့အချက်ကို ပုံဖော်သွားခဲ့ပါတယ်။
rWicked မှာ မဖြစ်မနေ ချီးကျူးရမယ့် ပထမဆုံးအချက်က Production Design မဟုတ်သလို သီချင်းတွေလည်းမဟုတ်ပါဘူး။ ဒါတွေက ချီးကျူးစရာမှန်ပေမယ့် သူတို့ထက်ပိုအရေးပါတယ်လို့ ခံစားရစေတဲ့အရာတစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ သရုပ်ဆောင်ရွေးချယ်မှုပါ။ အပယ်ခံ သိုးမည်းတစ်ကောင်အဖြစ် ကြီးပြင်းလာရပြီး သူ့ရဲ့အသားအရောင်ကြောင့် ခွဲခြားဆက်ဆံခံရတဲ့ Elphaba ဇာတ်ကောင်နေရာမှာ ပြင်ပလောကမှာလည်း အခုအချိန်ထိ ခွဲခြားဆက်ဆံခံရဆဲဖြစ်တဲ့ လူမည်းတွေထဲက တစ်ယောက်ဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံဖွား Cynthia Erivo ကို ရွေးချယ်ထားတာဟာ Elphaba ဇာတ်ကောင်အနေနဲ့ ကြုံတွေ့ခံစားရတဲ့ အခက်အခဲတွေကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ရှည်ရှည်ဝေးဝေး ပြနေစရာမလိုတော့ဘဲ ပရိသတ်ရဲ့ မသိစိတ်ကနေ အလိုလိုသဘောပေါက်လာအောင် လုပ်နိုင်ဖို့ အထောက်အကူပြုနိုင်ခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်းလည်းဖြစ်သလို ခေါင်းနဲ့ပန်း သဘောသက်ရောက်တဲ့ Galinda (Glinda) နေရာမှာ ငယ်စဥ်ကတည်းက အနုပညာလောကထဲ ခြေချခဲ့ပြီး အောင်မြင်လာခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် Ariana Grande ကို ရွေးချယ်ထားတာကလည်း Elphaba ဇာတ်ကောင်အတွက် အကောင်းဆုံးအထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ ဒါဟာ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေအကြောင်း ပြောတဲ့အဆင့်အထိ မရောက်သေးပါဘူး။ ဒီလူနှစ်ယောက်ကို ရွေးချယ်လိုက်ကတည်းက မသိစိတ်ကနေ လူဖြူကြီးစိုး/ လူဖြူကိုးကွယ်လေ့ရှိတတ်ကြတဲ့ ပရိသတ်တွေအတွက် Elphaba နဲ့ Glinda ရဲ့ အားပြိုင်မှုကို ရုပ်ရှင်ထဲမှာ ခက်ခက်ခဲခဲ တည်ဆောက်ပြစရာ မလိုတော့တာကို မီးမောင်းထိုးပြချင်တာပါ။ Cynthia Eviro က ထူးခြားတဲ့အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မထုံတတ်တေး လူတစ်ယောက်အနေနဲ့ အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့သလို Ariana Grande ကလည်း Cynthia နဲ့ ပြောင်းပြန်ဆိုတဲ့အတိုင်း ဟိတ်ဟန်ကြီးပြီး ကိုယ့်ဖို့ကိုယ်ကြည့်တတ်တဲ့သူတစ်ယောက်အဖြစ် လုပ်ကွက်တွေအများကြီးရခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ရုပ်ရှင်ပိတ်ကားပေါ် အားပြိုင်မှုက Wicked ရုပ်ရှင်ရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းကို အသက်ဝင်နိုးကြွစေခဲ့တာ အမှန်ပါပဲ။
Wicked ရဲ့ Production Design ဟာ သာမန်ပရိသတ်တွေအဖို့ ဂီတရုပ်ရှင်ကားတစ်ကားရဲ့ ပုံမှန် ကိန်းကြီးခန်းကြီးပြင်ဆင်မှုတွေ ဆိုတာထက် မပိုကောင်းမပိုနိုင်ပေမယ့် Oz တိုင်းပြည်ကို အလည်ပြန်သွားရသူတွေအတွက် အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ အနီးစပ်ဆုံးပြောရရင် Wonka ရုပ်ရှင်ရဲ့ Production Design ကို ဘတ်ဂျက်ပိုသုံးထားပြီး ပိုခမ်းနားအောင်လုပ်ထားတာနဲ့ တူပါတယ်။ Oz တိုင်းပြည်ကြီးဟာ အရောင်အသွေးစုံလင်လှပြီး Emerald City ကြီးကလည်း ရေနွေးငွေ့မြို့တော်ကြီးတစ်ခုအတိုင်း ခံစားရပါတယ်။ သီချင်းတွေကို တင်ဆက်ပုံကလည်း ဂီတရုပ်ရှင်ကားတစ်ကား ပီသပြီး Cynthia နဲ့ Eviro ရဲ့ အသံပါဝါအားက သီချင်းတွေ အသက်ပိုဝင်ပြီး မြူးကြွလာဖို့ သေချာစေခဲ့ပါတယ်။

image
49 w - Translate

MacBook Second ဝယ်တော့မယ်ဆိုရင် ဘာတွေစစ်ဆေးသင့်လဲ
Macbook ဆိုတာက နှစ်တွေအများကြီးကြာသွားရင်တောင် Daily Usage လောက်တော့သုံးလို့ရနေဆဲပဲမို့ ခုချိန်ထိ 2012 Model တွေကအစ ဈေးအသင့်အတင့်တွေနဲ့ ရောင်းဝယ်ပြီးသုံးစွဲနေကြတာ တွေ့ရမှာပါ။ ဆိုတော့ ဒီနေ့မှာတော့ MacBook တစ်ခြားသူစီကပြန်ဝယ်မယ်ဆိုရင် ဘာတွေစစ်ဆေးသင်လဲဆိုတဲ့အချက်တွေကို ပြောပြပေးပါမယ်။
၁. External Damage စစ်ဆေးပါ
နောက်ပိုင်း Mac တွေက ထိသွားရင် အရမ်းသိသာလို့ စစ်ဆေးရတာ မခက်ခဲပါဘူး။ နောက်ကျော်မှာပွန်းပဲ့တာတွေရှိလား၊ မှန်ထောင့်တွေမှာပဲ့နေတာတွေရှိလား၊ Edge တွေထိနေတာတွေရှိလားသေချာစစ်ဆေးပါ။ အားသွင်းပေါက်တွေ အားဝင်မဝင်စစ်ပါ။
၂. Internet ချိတ်ကြည့်ပါ။
ဖုန်းကနေဖြစ်ဖြစ်၊ Wifi ရတဲ့နေရာတစ်ခုခုကနေ Wifi ချိတ်ကြည့်ပြီး YouTube ကနေသီချင်းတစ်ပုဒ်ဖွင့်ကြည့်ပြီး Speaker ပါတစ်ခါတည်းစစ်လို့ရပါတယ်။
၃. Battery Cycle Count ကိုစစ်ပါ။
Coconut Battery လို့ခေါ်တဲ့ Tool ရှိပါတယ်။ ပိုင်ရှင်ကို ခွင့်တောင့်ပြီး Coconut Battery ဆိုတဲ့ Software တစ်ခုကို Download လုပ်ပြီး Battery Cycle Couunt ကိုစစ်လိုက်ပါ။ Model နဲ့ Battery Cycle နဲ့က အရမ်းကွာနေရင် Battery လဲထားမထားပါ ခန့်မှန်းလို့ရပါတယ်။ ဥပမာ ၂၀၁၈ Mac မှာ Cycle Count က ၃၀-၄၀ လောက်ပဲဖြစ်နေတာရှိတတ်ပါတယ်။
၄. I Cloud ဝင်ထားမထားစစ်ပါ။
Setting ထဲမှာ Icloud ဝင်ထားမထားစစ်ပါ။ မဝင်ရသေးတာဆိုရင် ကိုယ့်ရဲ့ Apple ID ဝင်ကြည့်ပြီး Lock ဖြစ်နေမဖြစ်နေကို စမ်းကြည့်လိုက်ပါ။ Lock ဖြစ်နေတဲ့အလုံးကိုဝယ်မိရင် ငိုနေရနိုင်ပါတယ်။
၅. Display စစ်ပါ။ Keyboard စစ်ပါ။
YouTube ကနေ Display Test ဆိုပြီး Video တစ်ပုဒ်ကို Full Screen Mode နဲ့ဖွင့်ပြီး Dead Pixel ရှိမရှိစစ်ဆေးပါ။ Keyboard ကိုလည်း Notepad ဖွင့်ပြီး တစ်လုံးခြင်းစီ ရိုက်ကြည့်ပြီး ကပ်နေတဲ့ Key ရှိမရှိစစ်နိုင်ပါတယ်။ True tone On ကြည့်ပါ။
နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ တစ်ကယ်လို့ ကိုယ်ဝယ်မယ့်အလုံးက ဘူးပစ္စည်းအစုံပါတယ်ဆိုရင် ဗူးပေါ်က Serial Number နဲ့ Macbook ရဲ့ Serial တူမတူတိုက်စစ်လို့လည်းရပါတယ်။
ဒီအချက်တွေကိုသုံးပြီး ဂျင်းထည့်ခံရခြင်းကနေ အထိုက်အလျောက် ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။

image
49 w - Translate

လူသားတွေရဲ့ စိတ်ကို ၈၀ ရာခိုင်နှုန်း တိကျစွာ ဖတ်နိုင်တဲ့ Meta ရဲ့ AI
=======================================
လူသားတွေရဲ့ ဦးနှောက်ထဲမှာ ကိရိယာတွေကို ခွဲစိတ် ထည့်သွင်းပြီး ဦးနှောက်လှိုင်းတွေကို တွက်ချက်ကာ လူသားတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့ နည်းပညာတွေအကြောင်း သတင်းတွေမှာ တွေ့ခဲ့ကြရပြီးပါပြီ။
အခုတော့ Meta ရဲ့ AI နည်းပညာက လူ့ဦးခေါင်းကို ခွဲစိတ်ပြီး ကိရိယာတွေ ထည့်သွင်းစရာ မလိုဘဲ လူသားတွေရဲ့ စိတ်ကို ဖတ်နိုင်ပါတယ်။ ၈၀ ရာခိုင်နှုန်းတောင် တိကျစွာ ဖတ်နိုင်တယ်လို့ Meta က ပြောပါတယ်။ ဒီနည်းပညာဟာ စကားမပြောနိုင်တဲ့ လူတွေအတွက် အရမ်းကို အသုံးဝင်လာမှာ ဖြစ်ပါတယ်။
Meta ရဲ့ AI Model မှာ Magnetoencephalography (MEG) နဲ့ Electroencephalography (EEG) ကို အသုံးပြုထားပါတယ်။ AI Model ကို Volunteer ၃၅ ယောက်နဲ့ လေ့ကျင့်ပေးထားပြီး Volunteer တွေက စာရိုက်တာကို AI က ခန့်မှန်းရတာ ဖြစ်ပါတယ်။ Meta က AI ဟာ ၈၀ ရာခိုင်နှုန်း တိကျစွာ ဖတ်နိုင်တယ်လို့ ပြောပါတယ်။
လက်ရှိမှာ Meta က AI Model ကို ဆက်လက် ဖန်တီးနေပြီး အနာဂတ်မှာ စကားမပြောနိုင်တဲ့ လူသားတွေဟာ ဆက်သွယ်စကားပြောနိုင်တော့မှာ ဖြစ်ပါတယ်။

image
49 w - Translate

#တန်ဖိုး
"ကိုယ်" ဘယ်လောက်ပဲ
အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ
တန်ဖိုးသိသူနဲ့ တွေ့မှတန်ဖိုးထားခံရမှာပါ။
"ကိုယ်" ဘယ်လောက်ပဲ
ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ
အလေးထားတဲ့သူနဲ့ တွေ့မှကိုယ့်ရဲ့ပေးဆပ်မှုဟာအရာထင်ပါလိမ့်မယ်။
"ကိုယ်" ဘယ်လောက်ပဲ
ရိုးသားနေပါစေ မှန်ကန်တဲ့
လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ
ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာကျော်ဇောနိုင်မှာပါ ။
"ကိုယ်" ဘယ်လောက်ပဲ
အလျှော့ပေးတဲ့ လူတစ်ယောက်
ဖြစ်နေပါစေ ကိုယ့်အပေါ်
ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့
တွေ့မှ ဒါတွေကိုသိတတ်ခံစားနိုင်မှာပါ ။
တစ်ကယ်လို့ ကောင်းမွန်တဲ့
သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင်
ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ
နေထိုင်သွားဖို့.....သတိပေးနေရင် ရပါပြီ။
နားမလည်သူများရဲ့.....
အကြည့်တွေ အပြောတွေကို
ခဏ ဖယ်ထုတ်လိုက်ပါ။

image
49 w - Translate

ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

image

ယူကရိန်းကို ဗြိတိန်တပ်ဖွဲ့ပို့ရန် အသင့်ရှိဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

လန်ဒန်၊ ဖေဖော်ဝါရီ ၁၉

ယူကရိန်းသို့ စစ်သားများစေလွှတ်ပြီး ဖြန့်ကြက်ချထားရန် အသင့်ပြင်ထားကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်ပြီး အမေရိကန်၏ အံ့အားသင့်ဖွယ် မူဝါဒ အပြောင်းအလဲကို ဖြေရှင်းရန်အတွက် စတာမာသည် ဖေဖော်ဝါရီ ၁၇ ရက်က ပြင်သစ်နိုင်ငံ၊ ပဲရစ် (Paris) မြို့တော်တွင် ဥရောပခေါင်းဆောင်များနှင့် မတွေ့ဆုံမီ နာရီပိုင်းအလို၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နှင့် ရုရှားအကြား ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်သည် မရေရာသည့် အခြေအနေများနှင့် ရင်ဆိုင် နေရချိန်တွင် ဥရောပနိုင်ငံများ အနေဖြင့် မိမိတို့၏ စုပေါင်းလုံခြုံရေးအတွက် လုပ်စရာရှိတာများကို ပိုမို လုပ်ဆောင်သင့်ကြောင်း ပြင်သစ်နိုင်ငံက သတိပေးခဲ့သည်။

၃ နှစ်ကြာ ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးညှိနှိုင်းမှုများတွင် ဥရောပကို ချောင်ထိုးထားမည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်နေခြင်းနှင့်အတူ ဗြိတိန်ဝန်ကြီးချုပ် စတာမာက အခြေအနေအရ လိုအပ်လာပါက ဗြိတိန်စစ်သားများကို ယူကရိန်းသို့ စေလွှတ်သွားမည်ဟု ပြောကြားခဲ့သည်။

“ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံချက်ရှိစေဖို့ ဘယ်လိုအခန်းကဏ္ဍကမဆို ကူညီပေးတာဟာ ကျနော်တို့ ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက်လည်း အာမခံချက် ရရှိစေမှာပါ။ ဗြိတိန်ရဲ့ လုံခြုံရေးအတွက်လည်း ပါတာပေါ့” ဟု စတာမာက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

စတာမာ၏ မှတ်ချက်များအရ သူသည် ယူကရိန်းသို့ ဗြိတိန် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရန် စဉ်းစားနေသည့် အချက်ကို ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခင်ကလည်း ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ဗြိတိန်က တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပေး ရန် ဆန္ဒရှိနေသည်ဟု စတာမာက ပြောကြားခဲ့သည်။

စတာမာသည် ပဲရစ်မြို့တော်တွင် ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံများမှ ခေါင်းဆောင် များနှင့် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားသည်။

ထိုအစည်းအဝေးသို့ ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများကို ကိုယ်စားပြုသည့် ဥရောပကောင်စီ အကြီးအကဲ အန်တိုနီယို ကော်စတာ (Antonio Costa) ၊ ဥရောပသမဂ္ဂအကြီးအကဲ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) နှင့် နေတိုးအတွင်းရေးမှူးချုပ် မာ့ခ် ရူတီ (Mark Rutte) တို့လည်း တက်ရောက်မည်ဖြစ်သည်။

Source: South China Morning Post

ပုံ - ဗြိတိန်ဝန်ကြီးချုပ် စတာမာနဲ့ စစ်သားများကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
49 w - Translate

https://abcnews.go.com/Interna....tional/video/russia-

Video Russia, US begin Ukraine peace talks sparking concern in Europe - ABC News
abcnews.go.com

Video Russia, US begin Ukraine peace talks sparking concern in Europe - ABC News

ABC News’ Tom Soufi Burridge reports from Estonia and Poland as European nations voice concerns over U.S.-Russia mediation efforts, with Ukraine and NATO countries excluded.

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၁၉

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၃၆ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၅၀၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၉၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၉၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၉၀ ကျပ်
ဝယ်ဈေး - ၄၅၇၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၃ ကျပ်
ဝယ်ဈေး - ၉၉၈ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၆ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၅၁ ကျပ်
ဝယ်ဈေး - ၂၈.၇၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၆၄ ကျပ်
ဝယ်ဈေး - ၅၀.၃၀ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၆၅ ကျပ်
ဝယ်ဈေး - ၅၅၁၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၅၀ ကျပ်
ဝယ်ဈေး - ၂၇၇၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၈ ကျပ်
ဝယ်ဈေး - ၅၆၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၂ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
49 w - Translate

နည်းပညာသူဌေးတွေ အစွမ်းပြကြတော့လို့ တရုတ်သမ္မတပြော

ဒီတစ်ပတ်ထဲ တရုတ်နည်းပညာလောကထဲ ထူးခြားတဲ့သတင်းစကားတစ်ခု ရောက်လာပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံရဲ့ထိပ်သီးနည်းပညာခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောသွားလို့ပါ။ တရုတ်သမ္မတက အခုလို လူကိုယ်တိုင်တွေ့တာ ရှားပါတယ်။ အခုက နိုင်ငံရဲ့အရေးပါဆုံးနည်းပညာသူဌေးတွေ အကုန်လုံးနီးပါးနဲ့ တွေ့သွားတာပါ။

အမေရိကန်ဘက်က သွင်းကုန်အခွန်တိုးကောက်မယ့်ကိစ္စနဲ့ တရုတ်နည်းပညာကုမ္ပဏီတွေပေါ် ဖိအားပေးလာတဲ့ကိစ္စအရှိန်မြင့်လာချိန်မှာ သမ္မတရှီနဲ့ နည်းပညာသူဌေးတွေ တွေ့လာတာပါ။ တနင်္လာနေ့က တံခါးပိတ်ကွန်ဖရင့်တွေ့ဆုံပွဲမှာ သမ္မတရှီက နည်းပညာခေါင်းဆောင်တွေကို နိုင်ငံရဲ့စီးပွားရေးအတွက် ခေတ်သစ်မှာ အစွမ်းပြကြဖို့ တိုက်တွန်းသွားပါတယ်။

"ခေတ်သစ် ခရီးသစ်ဟာ ပုဂ္ဂလိကစီးပွားရေးဖွံ့ဖြိုးရေးအတွက် ကျယ်ပြန့်တဲ့ မျှော်မှန်းချက်တွေ ၊ ကြီးကျယ်တဲ့အလားအလာတွေ ရှိတယ်။ ဒီအချိန်က ပုဂ္ဂလိကလုပ်ငန်းစုတွေ နဲ့ စွန့်ဦးတီထွင်သူတွေ သူတို့ရဲ့ ကိုယ်စွမ်းကိုယ်စကို ပြသရမယ့်အချိန်ပဲ" လို့ ပြောသွားတာပါ။

တရုတ်သမ္မတက စီးပွားရေးလုပ်ငန်းနဲ့ အစိုးရအကြား သန့်ရှင်းတဲ့ဆက်ဆံရေးတစ်ခု ရှိဖို့ပါ ညွှန်ကြားခဲ့ပြီး ပုဂ္ဂလိကစီးပွားရေးအကျိုးအမြတ်နဲ့ ရပိုင်ခွင့်တွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် ကာကွယ်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

တရုတ်ဟာ သိပ္ပံနဲ့ နည်းပညာ ဆန်းသစ်တီထွင်မှုတွေ မြှင့်တင်ဖို့ ကြိုးပမ်းရမယ်လို့လည်း သမ္မတရှီက ပြောသွားပါတယ်။ ဒီအချက်က ရှေ့လျှောက် အစိုးရနဲ့ နည်းပညာကုမ္ပဏီကြီးတွေအကြား ဆက်ဆံရေးပိုကောင်းလာမယ့်ပုံလို့ ယူဆရပါတယ်။

သမ္မတနဲ့ နည်းပညာခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ လူမြင်ကွင်းက ပျောက်ကွယ်နေတာ ကြာပြီ ဖြစ်တဲ့ Alibaba သူဌေး ဂျက်မားလည်း မြင်တွေ့ခဲ့ရပြီး သမ္မတနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ဓါတ်ပုံတွေ တက်ခဲ့ပါတယ်။ ဒီပွဲမှာ Huawei သူဌေး ရန်ကျန်ဖေ့ ၊ BYD က ဝမ်ချွမ်ဖူး ၊ DeepSeek တည်ထောင်သူ လျန်ဝမ်ဖန်းတို့လည်း တက်ခဲ့တာ တွေ့ရပါတယ်။

ထူးထူးခြားခြား Baidu တည်ထောင်သူ ရော်ဘင်လီတော့ ဒီပွဲတက်ခဲ့တာ မရှိခဲ့ပါဘူး။ လီတစ်ယောက် သမ္မတနဲ့ကွန်ဖရင့်မှာ မမြင်ခဲ့တဲ့နောက် နာရီပိုင်းအတွင်းမှာ Baidu ရှယ်ယာဈေး ၈.၈% ကျဆင်းခဲ့ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ၂.၄ ဘီလျံ ဆုံးရှုံးသွားခဲ့ပါတယ်။

image
49 w - Translate

အချိန်ဆိုတာကုန်ဆုံးမှန်းမသိကုန်ဆုံးသွားတယ်။
🍃ကိုယ်ကြိုက်တဲ့အရာတစ်ခုကို ဖန်တီးနေရင် အချိန်ဆိုတာ ၁၂ ထိုးထိုး 1 နာရီထိုးထိုး ဘယ်အချိန်ပဲရှိနေနေ လုပ်ကိုလုပ်ချင်နေတာမျိုး။
🍃ညဥ့်နက်နက် မနက်မိုးလင်းလင်း ဒီအကြောင်းတွေးလိုက်ရင်ကို ဘယ်လောက်ပဲခက်ခဲခက်ခဲ အဆင်ပြေနေတာမျိုး။
🍃သူ့ကြောင့် အဆင်မပြေဖြစ်သွားရင်တောင်မှ အလိုလိုတွေးတတ်နေတာမျိုး။
အမြဲတစေလုပ်နေရင်လဲမပျင်းတဲ့အရာမျိုး။
ဝါသနာပါတဲ့အရာဆိုတာက တကယ်တော့ သိပ်ကို နက်နဲတယ်။ သူ့ကိုလုပ်နေရရင်ကို အချိန်တွေကော နေ့ရက်တွေကော မေ့ပြီးတော့ လုပ်စရာရှိတာတွေ အမြဲလုပ်နေတာ။ ပျော်ဖို့ကောင်းတယ်။
တစ်ခါတစ်လေ လုံးဝစိတ်လဲအဆင်မပြေဘူး၊ အိပ်လဲအိပ်ချင်နေတယ်၊ အနားလဲယူချင်တယ်။ တစ်ဖက်ကနေလဲ ဒီဝါသနာပါတယ်ဆိုတဲ့အရာကို လုပ်ချင်စိတ်က ပြင်းပြနေတယ်။ လုပ်ချင်နေတယ်။
ဘာမဟုတ်တဲ့ 9-5အလုပ်ကို ဆက်မလုပ်ချင်ကြတော့ဘူး။ မုန်းလာတယ် ပင်ပန်းလာတယ်။ ကိုယ်ပိုင် business တစ်ခုထောင်ချင်တယ်။ ကိုယ်ပိုင်ခြံလေးနဲ့မွေးမြူရေးလုပ်ချင်တယ်။ အိမ်မက်တွေရှိတယ်။ ဒီအိမ်မက်တွေအတွက် အချိန်ဘယ်လောက်ပေးရပေးရ ပေးနိုင်တယ်။
ဒါက သင်တို့အတွက်ဘာများဖြစ်မလဲ။ ကိုယ့်ဘဝရဲ့လက်ရှိလုပ်ရပ်တွေ အနာဂတ်planတွေကကော မိမိလိုချင်တဲ့အိမ်မက်ကိုတွန်းပို့နိုင်တဲ့အထိ ဆုံးဖြတ်ချက်တွေမှန်ကန်ခဲ့လား။ ဘယ်နားပြင်ဆင်ရမလဲ။

image