1 နှစ် - ဘာသာပြန်ပါ။

ပုသိမ်ဟာလဝါ အိမ်လုပ်နည်း 🤗

ကဲ..လုပ်နည်းလေးလိုချင်ပါတယ်ဆိုသူတွေအတွက် ကျမနည်းကျမဟန်လေးအတိုင်းပဲရေးပေးလိုက်မယ်နော်..သူများနဲ့မတူရင်တော့အပြစ်မမြင်ကြပါနဲ့နော်...

ကောက်ညှင်းမှုန့် 4
ထုပ်
သကြား40သားခန့်
နွားနို့1လီတာ
အုန်းသီးတလုံးအုန်းနို့ညှစ်ပြီးသား
ထောပတ်25 ကျပ်သား
ဆီ40ကျပ်သား
ဘိန်းစေ့ 10/15ကျပ်သားခန့်
ဆားအနည်းငယ်
ရေခန့်မှန်းလီတာဝက်

ကောက်ညှင်းမှုန့်ဆားသကြားနွားနို့ အုန်းနို့ဆီဆားတို့ကိုဒယ်ထဲသမအောင်မွှေပြီးမှမီးဖိုပေါ်တင်ေပါ မွှေတဲ့နေရာပြတ်သွားသမျှရည်းစားတွေကိုကလဲ့စားချေတဲ့စိတ်ကိုထည့်ပြီးအသကုန်သာကလော်ကလော်ပြီးမွှေပါ အားနဲ့မာန်နဲ့နင်နဲ့ငါတွေ့ကြပြီလို့ကြုံးဝါးပြီးသာမွှေကြပါ..မုန့်လုံးလာပြီဆိုထောပတ်ထည့်ဆက်မွှေ မုန့်လေးကြည်လင်ပြောင်ချောလာပြီဆိုဘိန်းစေ့ထည့်မွှေ နှပ်ပြီဆိုချလို့ရပါပြီ ချက်ချင်းကိုယ်မီးနဲ့တွေ့ပြီဆိုရင်ယားလို့တောင်မကုတ်ကြပါနဲ့အိုးကပ်သွားမှာမို့ပါထည့်မဲ့အိုးခွက်ထဲပြောင်းထည့်ပါ ပြောက်းထည့်မဲ့အိုးခွက်ကိုလဲဆီသုပ်ထားပါ မဟုတ်ရင်ကိုယ့်ဟာကသူ့ဟာဖြစ်ပြီးကိုယ်ပြန်ခွာယူမရဖြစ်တတ်ပါတယ်..အဆင်ပြေကြပါစေ.
#cooking

image