လူသန်းနဲ့ချီပြီး အခမဲ့ အဝတ်လျော်နိုင်မယ့် Software Bug ကိုရှာတွေ့သွားတဲ့ ကျောင်းသား၂ ယောက်
အင်တာနက်ချိတ်ထားတဲ့ အဝတ်လျော်စက်တိုင်းကနေ အဝတ်လျော်ခ ပိုက်ဆံပေးချေတဲ့အခါ ယိုပေါက်ဖြစ်နေတဲ့ API bug ကို အမေရိကားက ကျောင်းသား ၂ ယောက်ကရှာတွေ့သွားပါတယ်။ တစ်ကယ်လို့သာ အဆိုပါကျောင်းသား ၂ ယောက်က Bug အကြောင်းကို Report မတင်ပဲထားရင် ကမ္ဘာတစ်ဝှမ်းက အထူးသဖြင့် US, Canada က အခပေးပိုက်ဆံနဲ့ အဝတ်လျော်တဲ့ Service တွေအများစု တိုင်ပတ်မယ့် ကိစ္စဖြစ်ပါတယ်။
ခုလောလောဆယ်မှာတော့ ဒီကိစ္စကို သက်ဆိုင်ရာကုမ္ပဏီတွေက ဘာမှထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒီကိစ္စဟာ Internet Of things လိုပစ္စည်းတွေရဲ့ လုံခြုံရေးကို မေးခွန်းထုတ်စရာဖြစ်လာပြီး၊ နေ့စဥ်ဘဝက စက်ပစ္စည်းတိုင်းဟာ အင်တာနက်ကနေ တစ်ဆင့် အလုပ်လုပ်ဖို့ လိုအပ်ရဲ့လားဆိုတဲ့ မေးခွန်းလည်း မေးစရာဖြစ်လာပါတယ်။
ပုံမှန်ဆိုရင် ခုလို
ယိုပေါက်ရှာတွေ့သူတွေကို
သက်ဆိုင်ရာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက ပိုက်ဆံပေးလေ့ရှိပါတယ်။
ခုလောလောဆယ်မှာတော့
အဆိုပါအဝတ်လျော်စက်ကုမ္ပဏီက အကြောင်းပြန်လာတာမျိုး
မရှိသေးပါဘူး။
