Apple ကလဲ Intel ကိုလမ်းခွဲသွားပြီ Microsoft ကလဲ Intel ကိုပစ်ချထားခဲ့ပြန်ပြီ ဘယ်စကားပုံနဲ့ တင်စားရမလဲဆိုတော့ ငါးစိမ်းမြင် ငါးကင်ပစ် ၊ လိုသုံး တို့ဆို လိုက်မလားပဲ
Intel ကလဲ Intel ပဲ Manufacturer တွေ ARM era ကိုကူးတဲ့ကာမှာ ကြောင်ပျောက်နေတယ်ပြောရင် လွန်ရာကျမယ်မထင်ဘူး
2020 တုန်းက Apple ရဲ့ M-Series Chipset တွေ စထွက်တော့ တစ်ချိန်ကျရင် Apple နဲ့ပြန်လက်တွဲနိုင်ဖို့ကြိုးစားနေတယ်ပြောပြီး ပျောက်သွားသေးတယ်
အခုတော့ Microsoft ကနေ Intel ကို လက်တွဲဖြုတ် Snapdragon ARM Chip တွေကို CoPilot+ PCs တွေပေါတင်ပေးလိုက်ပြီ
Intel ကလဲလက်ရှိမှာ Lunar Lake(x86) Chips တွေနဲ့ CoPilot+ PCs တွေရဲ့ AI လိုအပ်ချက် နေရာလေးတစ်ခုကို ဖြည့်ဖို့ ကြိုးစားနေတယ်လို့သတင်းထွက်လာပြန်တယ်
Intel က ပြောထားတဲ့ပုံအရတော့ သူတို့ရဲ့ Lunar Lake က Snapdragon X Elite Chipset တွေထက်
Performance က 1.4x
Stable Diffusion ပိုင်းက 1.5x နီးပါး ပိုကောင်းတယ် ပြောထားတယ်
NPU ပိုင်းမှာလဲ 40 TOPs အထိ ရမယ်ဆိုတော့ Snapdragon X Elite တွေကို ရင်ဘောင်တန်းနိုင်မယ်တော့ မျော်လင့်ရတာပဲ
Intel ရဲ့ Plan ကလဲမသေးပြန်ဘူး Lunar Lake Chips တွေကို Brand အခု 20 က Laptop အသစ်ပေါင်း 80 ကျော်မှာ ထည့်သုံးပြီး နှစ်ကုန်ပိုင်းမှာ အလုံးရေ သန်း ၄၀ ကျော်တဲ့ AI PC တွေကို စျေးကွက်ထဲတင်ပို့ဖို့ ရည်မှန်းထားတယ်ဆိုပါတယ်
Intel Inside ဆိုတဲ့ Stickers လေးတွေတော့ လွမ်းမိပါရဲ့
