1 နှစ် - ဘာသာပြန်ပါ။

မေတ္တာတွေခေါင်းပါးနေကြတာ
ချစ်စရာတွေရှားသွားလို့မှမဟုတ်တာ..။

အပြစ်ရှာတဲ့
မျက်လုံးတွေများပြားလာလို့သာ
ချစ်စရာတွေရှားပြီး..မေတ္တာတွေ
ခေါင်းပါးသွားကြတာ။

ကိုယ့်အသဲထဲနှလုံးသားထဲမှာ
မေတ္တာတစ်ချက်ပျက်ကွက်တိုင်း
နှလုံးသွေးဟာ..အပူလှိုင်းတွေနဲ့ခုန်လာတယ်။

ကြည်လင်တဲ့ရုပ်အဆင်းဟာ
ပူပြင်းတဲ့..ရင်တွင်းလှိုင်းဂယက်ကြောင့်
တစ်စ ...တစ်စ..အိုမင်းတယ်..။

မေတ္တာတွေသာခမ်းခြေ-ာက်ခဲ့ရင်
ခမ်းခြေ-ာက်သူရဲ့နှလုံးသဲပွတ်ဟာ
မီးပင်လယ်ကြီးလိုဘယ်လောက်
ကြောက်စရာကောင်းလိုက်မလဲ..
ပူလည်းအရမ်းပူလိမ့်မယ်.....။

အပူတွေကင်းဝေးပြီး...အေးချမ်းခြင်းတွေနဲ့
မေတ္တာတွေမခမ်းခြေ-ာက်ချင်တဲ့အခါ
ချစ်သောမျက်စေ့လေးနဲ့အကောင်းမြင်လိုက်ပါ။

ဘယ်သူတရားပျက်ပျက်
ကိုယ်တရားမပျက်တဲ့အခါ
ကိုယ့်ကမ္ဘာဟာ..တသီးတခြားလှနေပါလိမ့်မယ်။

သံသာရှင်းထက်
မူရင်းအမည်အားမဖျက်စီးပဲ
copyယူနိုင်ပါသည်။

image