1 နှစ် - ဘာသာပြန်ပါ။

မြန်မာပြည် နဲ့ EV သုံးရင် အတိုချုပ်
*********************************
EV စိတ်ဝင်စားလာတဲ့ ဝယ်ချင်တဲ့ လူသစ်တွေ အတွက် အတိုချုပ်ပါ။ EV page မှာ‌ တော့ အခန်းဆက်ရေးခဲ့ပါတယ်။
တနေ့ ဘယ်လောက်မောင်းမှာလဲ
~~~~~~~~~~~~~~~~~~~
မြို့ထဲ အသွားအပြန် အလုပ် ဆိုရင် အဆင်ပြေ ပါတယ်။
ကားမှာပါတဲ့ Level 1 Charger ကြိုး နဲ့ On-board charger နဲ့ တနာရီ အားသွင်းရင် ( 2 KWh ) က ၁၄ ကီလိုမီတာလောက်မောင်းလို့ရပါတယ်။ အဲတော့ တနေ့ ၄ နာရီလောက် ညဖက်အားသွင်းနိုင်ရင် ကီလို ၅၀ ကျော်လောက်မောင်းလို့ရပါတယ်။ နေ့တိုင်း အားမသွင်းဖြစ်လဲ ပေါင်းသွင်းလို့ရပါတယ်။
Level 2 ( 7 KW ) ကိုတော့ 3 phase Power meter မရှိတဲ့ အိမ်တွေ မသုံးသင့်ပါဖူး။ တနာရီ အားသွင်းရင် ကီလို ၅၀ နီးပါးမောင်းလို့ရပါတယ်။
( 1 KWh ကို 7 Kilo meter မောင်းလို့ ရမဲ့ နှုန်းနဲ့ တွက်တာပါ )
16 Amp power socket ( လျပ်စစ်မီးဖို သုံး ) က Level 1 အတွက် အဆင်ပြေပါတယ်။
ဘယ်လောက် ကျမှာလဲ
~~~~~~~~~~~~~~
အခု လျပ်စစ်ဖိုးနဲ့ ကီလို ၁၀၀ ဆိုရင် ကုန်ကျစရိတ် ၁၈၀၀ ကျပ်လောက် ကျမှာပါ။ 1 KW ကို ၁၂၅ ကျပ်နှုန်းပါ။

Motor အမျိုးအစားကဘာလဲ
~~~~~~~~~~~~~~~~~~
ကားမှာပါတဲ့ မော်တာတွေ က AC 3 phase မော်တာတွေဖြစ်ပါတယ်။
AC အတွက် ကားထဲမှာ Inverter ပါပါတယ်။
လီဘာ ကို လွှတ်လိုက်တာနဲ့ ကားက မော်တာက ဂျင်နရေတာ ဖြစ်သွားပြီး အားပြန်သွင်းပါတယ်။
ကားလဲ ဘရိတ် မှေးစရာမလိုပဲ နှေးသွားပါတယ်။
ကားက အင်ဂျင် မပါလို့ အင်ဂျင်ဝိုင်လဲ စရာမလိုပါဖူး။ ဂီယာလဲ မပါပါဖူး။
ကားတွေ က မော်တာ ပဲမို့ မခါပါဖူး။ အလွန်ညိမ့်ပါတယ်။
Vibration မရှိလို့ ကားတွေ အတွင်းခန်း ပျက်စီးနှုန်းနဲပါတယ်။
အင်ဂျင် မပါလို့ အသံလဲ မထွက်ပါဖူး။ တချို့ ကားတွေ ဆို အသံ လွှင့်ပေးရပါတယ်။
မော်တာတွေ ဆိုတော့ အင်ဂျင်လို ကျသွားတာမရှိပါ။
နှစ်ပေါင်းများစွာကြာအောင် ကားအသစ်လိုပဲ မောင်းရမှာပါ။

Battery တွေ ကဘယ်လောက်ခံမှာလဲ
~~~~~~~~~~~~~~~~~~~~~
80% သုံးရင်တောင် Life cycle က ၆၀၀၀ + ဆိုတော့ LiFePo4 Battery တွေ က ၁၅ နှစ်လောက် အနဲဆုံးခံပါမယ်။နဲနဲ သုံးရင်သုံး သလို ပို ပြီး ကြာရှည်ခံပါတယ်။ဒါ တွေ က Research လုပ်ပြီး ထုတ်ပြန်ထားတာပါ။
Car aircon ကရော
~~~~~~~~~~~~
ကား လေအေးပေးစက် က သတ်သတ်ပါ။ အိမ်ကလေအေးပေးစက်လိုပါပဲ။
လေအေးပေးစက်ဖွင့်လို့ ကားတုန့်သွားတာမရှိပါ။
ရပ်ထားရင် အင်ဂျင်လို Slow မရှိတော့ လျပ်စစ် ကို လုံးဝ မသုံးပါ။ Traffic တွေ အတွက် ကောင်းပါတယ်။
ရပ်ထားပြီး ချက်ချင်းထွက်လို့ရပါတယ်။ အင်ဂျင်လို ပူအောင် စောင့်စရာမလိုပါ။
ကားမထွက်လဲ ကားကို စက်နှိုးပေးစရာမလိုပါ။
ရေတွေ မှာ ဖြတ် မောင်းလို့ရလား
~~~~~~~~~~~~~~~~
IP 68 အတွက် ထိ ကားရဲ့ လျပ်စစ် ပစ္စည်းတွေ ကို လုံခြုံအောင် လုပ်ထားတော့ ရေထဲ မှာ မမောင်းရင်တော့ အဆင် ပြေပါတယ်။ နားလည်အောင် ပြောရရင် ရေလုံအောင်လုပ်ထားပါတယ်။
ဝယ်သင့်သလား
~~~~~~~~~~~~
ကိုယ်ဘာသာ ကိုယ် အားသွင်းဖို့ နေရာ ရှိရင် နဲ့ ခရီးဝေးတွေ ခဏခဏ မထွက်ဖြစ်ရင် အလွန်ဝယ်သင့်ပါတယ်။
အဓိ ကကြိုက်တာကတော့ ငြိမ့်ငြောင်းတာရယ် , အင်ဂျင်လို ကျ မသွားတာရယ်ပါ။
လို အပ်တာကတော့ အားသွင်းဖို့ ညဖက် တနေ့ မီး ၄ နာရီလောက် လာဖို့ပါ။ ဒါဆိုရင် သာမန်သုံးနေတဲ့ သူတယောက် အဖို့ အဆင်ပြေပါတယ်။

image