"ကလေးကို မရိုက်ပါနဲ့"
အပြောကတော့ သိပ်လွယ်
တကယ်လုပ်ရင်တော့ သိပ်ခက်ပါတယ်
လွယ်တဲ့သူလည်း လွယ်မှာပေါ့
ဘယ်လိုလူတွေလွယ်မလဲဆိုတော့
ကလေးကို အချိန်ပြည့် မထိန်းရတဲ့ သူတွေ
ကလေးထိန်းနဲ့ထားတဲ့ အမေတွေ
ကလေးမထိန်းရတဲ့အဖေတွေ
ကလေးကိုဘယ်ရိုက်ဖြစ်မလဲ?
နေ့စဉ် ကလေးနဲ့ ၂၄နာရီအချိန်ပြည့်နေရတဲ့အခါ
ပျော်ဖို့ကောင်းလားဆိုတော့
ကောင်းပါတယ်.. အမြဲတော့မဟုတ်ဘူး
တခါတလေ စိတ်ပင်ပန်း လူပင်ပန်းနဲ့
စိတ်ရူးတွေပေါက်ပါတယ်
ရောက်ရာပေါက်ရာကို ထွက်ပြေးချင်တဲ့ အထိပါ
အိပ်ရေးမဝတဲ့အခါ
အလုပ်ပင်ပန်း စိတ်ပင်ပန်းတဲ့အခါ
ကလေးဂျီကျတာနဲ့ တိုးရင် ရိုက်မိပါတယ်
အဲ့ဒီအခါ ဘဝကပျော်ဖို့မကောင်းတော့ဘူး
မရသင့်တဲ့နောင်တလည်းရမိတယ်
ငါလင်ယူမိလို့ မွေးမိလို့ ပေးဆပ်နေရတယ်ဆိုတဲ့နောင်တမျိုး ရမိတယ်
ဒါလည်း ကိုယ်တစ်ယောက်တည်း ထူးပြီး ရူးနေလို့
ဖြစ်နေတယ်လို့ မထင်မိပါဘူး
ကိုယ့်လိုပဲ ခံစားရတဲ့သူတွေလည်းရှိမှာပဲ
နောက်ထပ်ဖြစ်တဲ့နောင်တက
ကလေးကို ရိုက်ပြီးတဲ့အချိန်ပဲ
အသားနာလို့ပဲဖြစ်ဖြစ်
အမေရဲ့ဒေါသကိုလက်ခံရလို့ ဝမ်းနည်းလို့ပဲဖြစ်ဖြစ်
အော်ငိုနေတဲ့ကလေးကိုမြင်ရင်
ငါ့ကလေးကိုငါရိုက်မိလေခြင်းဆိုပြီး
စိတ်မကောင်းကြီးစွာဖြစ်ရတဲ့နောင်တ
ဒီနောင်တကတော့ ရင်ပါနာရတယ်
နောင်ဆို ငါမရိုက်တော့ဘူးလို့ အဲ့ဒီအချိန်တွေးမိပေမယ့်လည်း
တကယ်လက်တွေ့မှာက အကောင်အထည်မဖော်နိုင်သေးပါ
အဲ့တော့
ကလေးမွေးထားတဲ့ မေမေတွေအတွက်
Me Time လိုပါတယ်
ကိုယ်ပိုင်အချိန်လေး တကယ်လိုပါတယ်
ကလေးအမေဘဝက
ပျော်ဖို့ကောင်းလားလို့
အချိန်ပြည့်ကလေးထိန်းနေရတဲ့ အမေတစ်ယောက်ကိုမမေးပါနဲ့
ပျော်ဖို့ကောင်းတဲ့ ကလေးအမေဘဝလေးဖြစ်ဖို့
အားပေးကူညီပါ
#credit_to : Ingyin Htay Htun Aung Lu
