🌿တစ်ပတ်တာ ရန်ကုန်၊ မတ်ပဲ FAQ ဈေးနှုန်း အတက်အကျ (၁၃.၅.၂၀၂၄ - ၁၈.၅.၂၀၂၄)
✅တနင်္လာနေ့ - ၃၁၄၉,၀၀၀ ကျပ်
✅အင်္ဂါနေ့ - ၃၂၀၀,၀၀၀ ကျပ်
✅ဗုဒ္ဓဟူးနေ့ - ၃၁၉၇,၀၀၀ ကျပ်
✅ကြာသပတေးနေ့ - ၃၂၃၂,၀၀၀ ကျပ်
✅သောကြာနေ့ - ၃၂၃၀,၀၀၀ ကျပ်
✅စနေနေ့ - ၃၂၇၀,၀၀၀ ကျပ်
မှတ်ချက် - ဘုရင့်နောင်ကုန်စည်ဒိုင်တွင်
နေ့စဉ် ထုတ်ပြန်နေသည့် မတ်ပဲ FAQ
မက်ထရစ် တစ်တန်ဈေးနှုန်း ဖြစ်သည်။
👉 တစ်ပတ်တာလုံးနီးပါး မတ်ပဲဈေး
ဆက်တိုက် မြင့်တက်ခဲ့ပြီး
သီတင်းပတ်စ တနင်္လာမှ စနေအထိ
စုစုပေါင်း ကျပ် ၁၂၀၀၀၀ ကျော် မြင့်လာသည်။
👉 မတ်ပဲဈေး တက်လာချိန်တွင်
ပဲစင်းငုံနီ RC သည်
ဖေဖော်ဝါရီလက ရောက်ခဲ့သော
အမြင့်ဆုံးစံချိန် တစ်တန်
ကျပ် ၄၂ နီးပါးဈေးကို ကျော်လွန်၍
နောက်စံချိန်သစ်အဖြစ်
တစ်တန် ကျပ် ၄၃ သိန်းကျော်အထိ ရောက်ရှိခဲ့သည်။
👉 မတ်ပဲ FAQ ၏ အမြင့်ဆုံးစံချိန်သည်
ကျပ် ၃၅ သိန်း ဖြစ်သောကြောင့်
အဆိုပါစံချိန်ကို ပြန်ရောက်ဖို့ မလိုတော့ဘဲ
ရှေ့ဆက် တက်နိုင်မလားကို
စောင့်ကြည့်ရတော့မည် ဖြစ်သည်။
