1 နှစ် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှုမှာဖောင်လာ၊ ဆက်တန်တို့လို စွမ်းဆောင်နိုင်ခဲ့တဲ့ကိုးလ်ပါးလ်မား

ချယ်လ်ဆီးအသင်း၏ အင်္ဂလန်တောင်ပံကစားသမား ကိုးလ်ပါးလ်မားသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး(၂၁)ဂိုး၊ ဂိုးဖန်တီးမှု(၉)ဂိုးရှိရာ သူ၏ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှုမှာ (၃၀)ဂိုးအထိရှိနေသည်။ကိုးလ်ပါးလ်မားအနေဖြင့် ယင်းစွမ်းဆောင်မှုကို အသက်(၂၂)နှစ်မပြည့်မီ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတွင် ဂိုးပါဝင်ပတ်သက်မှု (၃၀)ဂိုးကို အသက်(၂၁)နှစ်နှင့်အောက် အသက်အရွယ်တွင်ရယူနိုင်သော တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။သူ့အရင် လီဗာပူးလ်တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာနှင့်ဘလက်ဘန်းတိုက်စစ်မှူးဟောင်း ခရစ္စဆက်တန်တို့က စွမ်းဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ယခုရာသီ ချယ်လ်ဆီးအသင်းတွင် တစ်ရာသီအတွင်း အကောင်းဆုံးကစားသမားဆု(Chelsea Player of the Season)၊ချယ်လ်ဆီးကစားသမားအချင်းချင်းမဲပေးရွေးချယ်သည့် အကောင်းဆုံးကစားသမားဆု(Chelsea Players' Player of the Season) များကို ရယူနိုင်ခဲ့သည့် ကိုးလ်ပါးလ်မားသည် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းတွင်ပါဝင်နေသလို အကောင်းဆုံးလူငယ်ကစားသမားဆု ဆန်ခါတင်စာရင်းတွင်လည်း ပါဝင်နေသည်။

image