13 ပတ် - ဘာသာပြန်ပါ။

တယ်လီဖုန်းတံဆိပ်ကျောက်ကျောမှုန့်နှင့် အုန်းနို့ကျောက်ကျော ပြုလုပ်နည်းလေးဝေမျှပေးလိုက်ပါတယ်ခင်ဗျာ..
ပါဝင်ပစ္စည်းများ
ရေ - 500ml (ရေသန့်ဗူးတစ်ဝက်)
အုန်းနို့ - 1500ml (ရေသန့်ဗူးကြီး တစ်ဗူးနဲ့တစ်ဝက်)
သကြား - 320g (ထမင်းစားဇွန်း၂၀ခန့် )
ကျောက်ကျောမူန့် - 15g ထမင်းစားဇွန်း၁ဇွန်းစာ
ဆားအနည်းငယ်
ပြုလုပ်နည်း
.
၁။ ဇောက်နက်သော အိုးတလုံးထဲတွင်ကျောက်ကျောမှုန့် သကြားနှင့်ရေတို့ကို ပျော်အောင် ဖျော်ပေးပါ။
၂။ အားလုံး အရည်ပျော်သွားလျှင် အိုးထဲသို့ထည့်၍ မီးအားပြင်းပြင်းနဲ့ကျိုပေးပါ။ (ကျိုနေစဉ် ဝေမကျရန်နှင့် အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ)
၄။ ကျောက်ကျောရည်များပျစ်၍ပွက်ပွက်ဆူလာလျှင်တအုန်းနို့ရည်ထည့်ပြီး မွှေပေးပါ။ (ကျောက်ကျောရည်ပွက်ပွက်ဆူမှအုန်းနို့ရည်ထည့်ပေးရပါမယ်နော်)
၅။ အုန်းနို့နဲ့ကျောက်ကျောရည်ပွက်ပွက်ဆူပြီးပျစ်လာပါကပန်းကန်ပြား တချပ်ထဲကိုကျောက်ကျောရည် အစက်လေးချကြည့်ပါ။ ကျောက်ကျောရည် ခဲသွားပါကကျောက်ကျောထည့်မဲ့ဗန်းထဲသို့လောင်းထည့်နိုင်ပါပြီ။
၆။ လောင်းထည့်ပြီးသောအခါမျက်နှာပြင်ညီညာစေရန်ပူစီဖောင်းလေးများအားဇွန်း(သို့)ခရင်းဖြင့်ဖောက်ပေးပါ။
၇။ ကျောက်ကျောဗန်းအားရေခဲသေတ္တာထဲသို့တန်းမထည့်ပဲအခန်းအပူချိန်တွင်အေး၍ခဲသွားသည်အထိ (၂)နာရီခန့်အအေးခံပေးပါ။
၈။ ကျောက်ကျောဗန်းကိုအအေးခံပြီးပါကမိမိနှစ်သက်သလို ကြိုက်နှစ်သက်ရာပုံစံအတိုင်းလှီးဖြတ်၍သုံးဆောင်နိုင်ပါပြီခင်ဗျာ။
**မှတ်ချက်**
ကျောက်ကျောရည်ကိုအရင်ကျိုပေးပြီးပွက်ပွက်ဆူမှအုန်းနို့ရည်ထည့်ကျိုပေးပါနော်
အအေးခံတဲ့အခါရေခဲသေတ္တာထဲတန်းထည့်ပြီးအအေးမခံပဲ အခန်းအပူချိန်တည်းမှာပဲ (၂)နာရီခန့်အအေးခံပေးပါနော်
(ကျောက်ကျောမအေးခင်မှာအုန်းနို့ရည်လေးတွေကအပေါ်ကိုတက်နေမှာဖြစ်ပါတယ်။ အအေးမြန်စေရန်ရေခဲသေတ္တာထဲတန်းထည့်လျှင်လည်းကျောက်ကျောများမြန်မြန်အေးသွားပြီးအုန်းနို့ရည်များအပေါ်တက်ချိန်မရ၍ ၂လွှာမဖြစ်တာမျိုးဖြစ်တတ်ပါတယ်)
အဆီများတဲ့အုန်းနို့ရည်ကိုသုံးပေးရပါမယ်နော် (ကျောက်ကျောရည်အရမ်းပျစ်လျှင်လည်းအုန်းနို့ရည်များအပေါ်တက်ဖို့ခက်လို့သတိထားပေးပါနော်)

image
//