36 w - Translate

အခုလက်ရှိမန်ယူအသင်းရဲ့ခြေစွမ်းကိုမြင်ရင် အရင်ချိန်တွေကိုပဲ လွမ်းမိပါရဲ့။ အရင်ကဆိုရင် မန်ယူအသင်းဟာ ရှေ့လယ်နောက်အပြင် ဂိုးသမားနေရာကပါ ပြည့်စုံလွန်းနေခဲ့တယ်။
ရှေ့မှာဂိုးသွင်းပေးမယ့် ရော်နယ်ဒို၊ ရွန်းနီတို့လိုကစားသမားတွေရှိတယ်။ ကွင်းလယ်မှာဆိုရင်လည်း ရွိုင်းကိန်း၊ ပေါစခိုးလ်၊ ရိုင်ယန်ဂစ်တို့လိုကစားသမားတွေရှိကြတယ်။ ဒီကစားသမားတွေက ကွင်းလယ်ကနေ ပြိုင်ဘက်အသင်းရဲ့တိုက်စစ်ဆင်မှုကို ဖြတ်ထုတ်ရမလား၊ ကိုယ့်အသင်းတိုက်စစ်ဆင်နိုင်အောင် ပံ့ပိုးပေးရမလား၊ ဘာမဆိုလုပ်နိုင်သူတွေချည်းပဲ။
နောက်တန်းမှာဆိုရင်လည်း ဖာဒီနန်၊ ဗီဒစ်တို့လို အသင်းအတွက်အရိုးကြေကြေ အရေခမ်းခမ်းကစားပေးမယ့်သူတွေကအဆင်သင့်။ ဂိုးသမားကလည်း ဗန်ဒါဆား၊ နည်းပြကဖာဂူဆန်၊ အရာရာပြီးပြည့်စုံလွန်းတဲ့ မန်ယူအသင်းကို အဲ့ခေတ်အဲ့အခါတုန်းက မြင်တွေ့ခဲ့ရပါတယ်။

image
Like