16 ပတ် - ဘာသာပြန်ပါ။

အွန်လိုင်းကနေ ဖုန်းရောင်းသူအမျိုးသမီးကို ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး လုယက်မှု ဖြစ်ပွား

မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့နယ်မှာ အွန်လိုင်းကနေ ဖုန်းရောင်းတဲ့အမျိုးသမီးကို ဖုန်းဝယ်ဖို့ ချိန်းဆိုကာ ဓားနဲ့ခုတ်ပြီး ဖုန်းလုယက်မှု မနေ့ (မတ်လ ၁၉ ) က ဖြစ်ပွားခဲ့ပါတယ်။

ပုသိမ် ကြီးမြို့အရှေ့ဘက် ရွှေကျင်တောင်ခြေမှာ မတ်လ၁၉ရက် နေ့ခင်း ၁နာရီဝန်းကျင်က သစ်ပင်ခြေရင်းမှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ရတာလို့ ကူညီရေးအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။

" ကောင်မလေးက ဒဏ်ရာပြင်းတော့ နေရာမှာတင်လဲကျနေတာ" လို့အဲဒီကူညီရေးအဖွဲ့ဝင်က ပြောပါတယ်။

ဖုန်းဝယ်မယ်ဆိုပြီး အွန်လိုင်းကနေ နေရာချိန်းဆိုကာ ၊ အရောင်းအဝယ်ပြုလုပ်မယ့်နေရာကိုအရောက်မှာ အမျိုးသား နှစ်ဦး ရောက်လာပြီး အမျိုးသမီးကို ဓားနဲ့ခုတ်ကာ ဖုန်းလုယက်သွားတာလို့ သိရပါတယ်။

အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်ပြီး/စိုးရိမ်ရတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ ကုသမှု ခံယူနေရပါတယ်။

ကျုးလွန်သူတွေကိုတော့ ရဲတပ်ဖွဲ့က အခင်းဖြစ်ပြီး တစ်ရက်ကြာမြင့်လာချိန်အထိ ဖမ်းမိတာမရှိသေးပါဘူး။

image
//